ALL POSTS BY Nyi Min Han
ဥရောပသတင်း
တနင်္ဂနွေနေ့က စပိန်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီးနောက် ဂိုးသမားကာဆီးလက်စ်သည် နိုင်ငံတကာပွဲအများဆုံးကစားထားသော ဥရောပကစားသမားတစ်ဦးဖြစ်လာခဲ့သည်။ အသက် ၃၄ နှစ်အရွယ် ကာဆီးလက်စ်သည် စပိန်အသင်းအတွက် ၁၆၆ ပွဲကစားပေးထားပြီး မူလကလတ်ဗီးယားကစားသမား အက်စတာဖီယက်စ်တင်ထားသောစံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စပိန်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူကာ ဥရောပဖလား ၂ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်ဆွတ်ခူးနိုင်ခဲ့သော ကာဆီးလက်စ်သည် အီတလီဂိုးသမားဘူဖွန်ထက် နိုင်ငံတကာပွဲ ၁၀ ပွဲပိုမိုကစားထားသည်။...
Read More
ပရီးမီးယားလိဂ်
ဆွီဒင်နှင့် ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပရီးမီးယားလိဂ်အသင်းများသည် မိမိကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖွင့်ဟခဲ့သည်။ လာမည့်နွေရာသီတွင် ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့က ခေါ်ယူရန်စိတ်ဝင်စားနေသည်။ “စိတ်ဝင်စားနေတဲ့အသင်းတွေထဲက ဘယ်အသင်းကကမ်းလှမ်းလာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကတော့ ပီအက်စ်ဂျီဖက်ကရော ကမ်းလှမ်းမယ့်အသင်းဖက်ကပါ ၂ သင်းစလုံး လိုလိုချင်ချင်ရှိမှ ဖြစ်လာမှာပါ”ဟု...
Read More
ပရီးမီးယားလိဂ်
ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုရစ်က လက်ရွေးစင်လေ့ကျင့်ခန်းအစီအစဉ်မှာ ချဲလ်ဆီးထက် ပိုမိုအဆင့်အတန်းမြင့်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၂၃ နှစ်အရွယ် ထိုဂိုးသမားမှာ အင်္ဂါနေ့တွင်ကစားမည့် ပေါ်တူဂီနှင့်ခြေစမ်းပွဲအတွက် လက်ရွေးစင်အသင်းဖော်များနှင့် ပူးပေါင်းလေ့ကျင့်နေပြီး RTBF နှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ဘယ်လ်ဂျီယံလေ့ကျင့်ခန်းအစီအစဉ်က ပိုအဆင့်မြင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းမှာက ကမ္ဘာ့အဆင့်လက်ရွေးစင်တွေချည်းပဲ ပါဝင်နေလို့ပါ။ ချဲလ်ဆီးမှာကတော့ အဓိက ကစားသမားတွေက တစ်ခါတလေကျရင် လူငယ်တွေနဲ့လည်း...
Read More
လာလီဂါ
ဗလင်စီယာပရိသတ်များသည် ၎င်းတို့မြို့တွင်နှစ်စဉ်ကျင်းပလေ့ရှိသော မီးပွဲတော်တွင် ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်၏ရုပ်ပုံများကို မီးရှို့ကာ ထိုနည်းပြ၏စွမ်းဆောင်မှုများကို ကျေနပ်မှုမရှိကြောင်း ဆက်လက်ထုတ်ဖော်ပြသခဲ့ကြသည်။ Las Fallas (မီးပွဲတော်) မှာ ဒေသခံများက ရုပ်ပုံစက္ကူများ၊ ပုံတူကားချပ်များကို မီးရှို့ခြင်းဖြင့် ထိုအရာများမှာ ပြာအဖြစ်မှ ပိုမိုကောင်းမွန်သောအခြေအနေဖြင့် ပြန်လည်နိုးထလာမည်ဟူသော အယူအဆဖြင့် ကျင်းပသည့်ပွဲတော်ဖြစ်သည်။ ယခုနှစ်မီးပွဲတော်တွင် မီးရှို့ခံရသည့် ပုဂ္ဂိုလ်များတွင် ဂယ်ရီနဗီးလ်သာမက အသင်းပိုင်ရှင်...
Read More
ဥရောပသတင်း
ပြီးခဲ့သည့် ၅၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နိုင်အောင် အစွမ်းပြနေသည့် စပါးကလပ်မှ ကစားသမား ၄ ဦးသည် ဂျာမနီနှင့်ကစားမည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်း ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဒန်နီရို့စ်မှာ ဘယ်နောက်ခံလူအဖြစ် ဂျာမနီကိုရင်ဆိုင်ခွင့်ရမည်ဖြစ်ကာ အသင်းဖော် ဒါလီအလိုင်းနှင့် အဲရစ်ဒိုင်ယာတို့မှာ ကွင်းလယ်တွင် ပွဲထွက်ရမည်ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၂၁...
Read More
ဥရောပသတင်း
အိုင်ယာလန်နည်းပြမာတင်အိုနေးလ်က ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ရုပ်ဆိုးသောဇနီးနှင့် ချစ်သူများကို ကစားသမားများတည်းခိုရာဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ယူရို ၂၀၁၆ ပြိုင်ပွဲကာလအတွင်း ကစားသမားများ၏ ဇနီးနှင့် ချစ်သူများကို ပြင်သစ်တွင် ၎င်းတို့အခြေစိုက်မည့်ဟိုတယ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်လောဟု မေးမြန်းခဲ့သည့်အပေါ် အိုနေးလ်က “အဲဒီအဖြေက သူတို့ဇနီးတွေ၊ ကောင်မလေးတွေ ဘယ်လောက်ကြည့်ကောင်းလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ တကယ်ဆွဲဆောင်မှုရှိတဲ့သူတွေဆိုရင်တော့ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။...
Read More
ပရီးမီးယားလိဂ်
အာဆင်နယ်အသင်းသည် ဆယ်ကျော်သက်ကစားသမား အဲလက်စ်အိုင်ဝိုဘီကို လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၇၅၀ မှ ၈၅၀၀ အထိ တိုးမြှင့်ပေးရန် ကမ်းလှမ်းမှုခဲ့ကြောင်း သိရှိရသည်။ အသက် ၁၉ နှစ်အရွယ် အိုင်ဝိုဘီသည် ပြီးခဲ့သည့် ရက်သတ္တပတ်က အဲဗာတန်နှင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့ပြီး ၎င်း၏ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့သူဖြစ်သည်။ အိုင်ဝိုဘီမှာ ပြီးခဲ့သည့် အောက်တိုဘာလက တစ်ပတ်လုပ်ခ...
Read More
ဥရောပသတင်း
ဆောက်သမ်တန်နောက်ခံလူ ရိုင်ယန်ဘာထရန်သည် ဒဏ်ရာကြောင့် စနေ့နေ့တွင်ကစားမည့် ဂျာမနီအသင်းနှင့် ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်းသိရသည်။ အသက် ၂၆ နှစ်အရွယ် ဘာထရန်သည် ဆောက်သမ်တန်က လီဗာပူးကိုအနိုင်ရခဲ့သည့် တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိဘဲ ဆေးကုသမှုခံယူရန်အတွက် ၎င်း၏ကလပ်သို့ပြန်ခဲ့ရသည်။ အင်္ဂလန်အသင်းသည် ဂျာမနီသို့သွားရောက်ကစားမည့်ခြေစမ်းပွဲအပြီးတွင် ဟော်လန်နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က ဘာထရန်၏နေရာတွင် လူစားထိုးမှုပြုလုပ်ခြင်းမရှိခဲ့ချေ။...
Read More
စီးရီးအေ
မြို့ခံပြိုင်ဘက်တိုရီနိုကို ၄-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်တွင် ဂျူဗင်တပ်ဂိုးသမားဘူဖွန်သည် စီးရီးအေသမိုင်းတစ်လျှောက်အချိန်အကြာဆုံး ဂိုးမပေးရသည့်စံချိန်သစ်ကို တင်နိုင်ခဲ့သည်။ အသက် ၃၈ နှစ်အရွယ်ဘူဖွန်သည် တိုရီနိုအသင်းမှ ဘာလော့တီကန်သွင်းသော ဂိုးမပေးရမီအထိ ဂျူဗင်တပ်ဂိုးပေါက်ကိုကာကွယ်နိုင်ခဲ့ပြီး ၎င်း၏ဂိုးမပေးရသည့်စံချိန်ကို ၉၇၃ မိနစ်ဖြင့် အဆုံးသတ်နိုင်ခဲ့သည်။ ထို့ကြောင့် ၁၉၉၃-၉၄ ခုနှစ်ဘောလုံးရာသီက အေစီမီလန်ဂိုးသမားရော့ဆီ ၉၂၉ မိနစ်ဖြင့်တင်ထားခဲ့သောဂိုးမပေးရသည့်စံချိန်ကို ဘူဖွန်ကကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ “ဒီမှတ်တမ်းက ဂျူဗင်တပ်တစ်သင်းလုံးနဲ့...
Read More
လာလီဂါ
ယမန်နေ့ကဆီဗီလာကို အိမ်ကွင်းတွင် ၄-၀ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်၌ ၂ ဂိုးသွင်းယူနိုင်ခဲ့သော ရီးရဲလ်ကစားသမား ဂါရတ်ဘေးလ်သည် ဂယ်ရီလိုင်နီကာ၏စံချိန်ကိုကျော်ဖြတ်ပြီး လာလီဂါသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားနိုင်သော ဗြိတိန်ကစားသမားဖြစ်လာခဲ့သည်။ အသက် ၂၆ နှစ်အရွယ် ဝေးလ်စ်လက်ရွေးစင်တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ၂၀၁၃ စက်တင်ဘာလက စပါးအသင်းမှ စံချိန်တင်ပြောင်းရွှေ့ကြေး ၈၅ သန်းဖြင့် ရီးရဲလ်သို့ရောက်ရှိခဲ့ပြီး လာလီဂါပွဲစဉ် ၇၆ ပွဲကစားကာ သွင်းဂိုး...
Read More