ALL POSTS BY Nyi Min Han

လာလီဂါပြိုင်ပွဲ ပုံရိပ် မြင့်တက်လာအောင် ကြိုးပမ်းသွားမည်ဟု ဂျာဗီယာတီဗက်စ် ပြောကြား

အနာဂတ်တွင် မက်ဆီ၊ရော်နယ်ဒိုတို့ အခြားလိဂ်ပြိုင်ပွဲများသို့ ပြောင်းရွေ့ သွားခဲ့ပါက ကမ္ဘာ့အနှံ့ အပြားတွင် လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းမှုမရှိစေရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ ချူပ် ဥက္ကဋ္ဌ ဂျာဗီယာတီဗက်စ်က ပြောကြားလိုက်သည်။ မက်ဆီနှင့်ရော်နယ်ဒိုတို့ မှာ (၃)နှစ်အတွင်း လာလီဂါပြိုင်ပွဲမှ ထွက်ခွာသွားနိုင်ပြီးထိုကစားသမားနှစ်ယောက် မရှိတော့ပါက လာလီဂါပြိုင်ပွဲပုံရိပ် ကျဆင်းလာမည့် အ ချက်အတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ရန် ဂျာဗီယာတီဗက်စ်က ဆိုခဲ့ခြင်းဖြစ်သည်။စပိန်ဘောလုံးအဖွဲ...
Read More

ဘိုင်ယန်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေဟု ၀ုဖ်ဘတ်နောက်ခံလူ ဒန်တီပြော

ယခုအပြောင်းအရွှေ့နောက်ဆုံးရက်တွင် ဘိုင်ယန်မြူးနစ်အသင်းမှ ၀ုဖ်ဘတ်သို့ ပြောင်းရွှေ့လာသော နောက်ခံလူ ဒန်တီက ၎င်း၏အသင်းသစ်မှာ ဘိုင်ယန်ကိုရင်ဆိုင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ဒန်တီသည် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဂွါဒီယိုလာလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သဖြင့် ၀ုဖ်ဘတ် အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဒုတိယနေရာဖြင့်ရာသီသိမ်းနိုင်ခဲ့သောဝုဖ်ဘတ်သည် ပိုကယ်ဖလားချန်ပီယံဆု သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီတွင်လည်း အကောင်းဆုံးပုံစံရရှိရန် ထွက်ခွာသွားသည့် တောင်ပံ ကစားသမားဒီဘရူနီနေရာတွင် ဒရက်စ်လာကို အစားထိုးခေါ်ယူအားဖြည့်ခဲ့သည်။ ထို့ကြောင့်...
Read More

တိုဂိုတိုက်စစ်မှူးအဒီဘာယော လက်ရွေးစင်အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရ

ပရီးမီးယားလိဂ်ကလပ် စပါးအသင်း၏တိုက်စစ်မှူးဖြစ်သူ အဒီဘာယောသည် လက်ရွေးစင်အသင်းနှင့်ပူးပေါင်း ရန်အချိန်ဆွဲနေခဲ့သည့်အတွက် လက်ရွေးစင်အသင်းလူစာရင်းမှချန်လှပ်ခံခဲ့ရကြောင်း မီဒီယာများမှဖော်ပြခဲ့ကြ သည်။ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ၀က်စ်ဟမ်းအသင်းထံပြောင်းရွှေ့ရန်နီးစပ်ခဲ့ သည့်တိုက်စစ်မှူး အဒီဘာယောသည် စပါးအသင်း၏ ပရီးမီးယားလိဂ်လူစာရင်းနှင့် ယူရိုပါလိဂ်လူစာရင်းတို့မှ လည်းချန်လှပ်ခြင်းခံခဲ့ရသူဖြစ်သည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ တိုဂိုလက်ရွေးစင်နည်းပြဖြစ်သူ တွန်စိန့်ဖရက်က “ နည်းပြတစ်ယောက်ရဲ့ လုပ် ပိုင်ခွင့်အရ လုပ်ခဲ့ရတယ်ဆိုပေမယ့် အဒီဘာယောအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့နိုင်ငံလက်ရွေးစင်အသင်းအတွက် မကစားပေးလိုတဲ့...
Read More

အက်သလက်တီကိုနှင့် ပွဲအား ဘာစီလိုနာ ဂိုးသမား ဘရာဗို လွဲချော်မည်

ဘာစီလိုနာအသင်း၏ အဓိကပွဲထွက်ဂိုးသမားဖြစ်သူ ဘရာဗိုသည် လေ့ကျင့်ရေးကွင်းအတွင်း ခြေသလုံးကြွက် သားဒဏ်ရာရရှိခဲ့သည့်အတွက် ရက်သတ္တပတ်သုံးပတ်ခန့်အနားယူရတော့မည်ဖြစ်ရာ အက်သလက်တီကို နှင့်ပွဲစဉ်အား လွဲချော်တော့မည်ဖြစ်ကြောင်း ၎င်း၏ အေးဂျင့်ဖြစ်သူမှ ထုတ်ဖော်ပြောကြားခဲ့ သည်။ ဂိုးသမားဘရာဗို၏ ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ ဘာစီလိုနာအသင်းအနေဖြင့် အတိအကျသတင်းထုတ် ပြန်ခြင်းမရှိသေးသော်လည်း အစောပိုင်းကာလသတင်းထုတ်ပြန်မှုတွင် အသင်းအနေဖြင့် ဘရာဗိုအားအချိန်ကာ လတစ်ခုအထိ အနားပေးရဖွယ်ရှိနေကြောင်းကိုမူ အရိပ်အမြွက်ထုတ်ပြန်ကြေညာထားခဲ့သည်။ “ဘရာဗိုရဲ့ဒဏ်ရာအခြေအနေက ရက်အနည်းငယ်အတွင်းပြန်လည်သက်သာနိုင်တယ်ဆိုပေမယ့် ဘောလုံးပြန်ကစားနိုင်ဖို့အတွက်...
Read More

နည်းပြကိုဗက်အား ခရိုအေးရှားဘောလုံးအဖွဲ့ချုပ် ရာထူးမှ ထုတ်ပယ်

ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သူ ဒေးဗာဆူကာက ယူရို-၂၀၁၆ခြေစစ်ပွဲစဉ်ရလဒ်များဆိုးရွားနေ ခြင်းကြောင့် နည်းပြဖြစ်သူကိုဗက်နှင့် လမ်းခွဲခဲ့ပြီဖြစ်ကြောင်း မီဒီယာများထံအတည်ပြုပြောကြားခဲ့သည်။ ယူရို ၂၀၁၆ခြေစစ်ပွဲတွင်အုပ်စု(ဇ) အီတလီ၊ နော်ဝေအသင်းတို့နှင့်အတူ ခြေစစ်ပွဲအောင်မြင်ရန်သေချာနေခဲ့ပြီဖြစ် သော်လည်း ခြေစစ်ပွဲစဉ်သုံးပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ခြင်းကြောင့် ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်အနေဖြင့် နည်းပြကိုဗက်နှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ခရိုအေးရှားအသင်းသည် နောက်ဆုံးကစားခဲ့သည့် ခြေစစ်ပွဲစဉ်သုံးပွဲတွင် အီတလီ၊ အဇာဘိုင်ဂျန်တို့နှင့်သရေ ကျခဲ့ပြီး နော်ဝေအသင်းအားအရေးနိမ့်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့်-၃နေရာသို့ဆင်းပေးခဲ့ရသည်။ နည်းပြကိုဗက်အား ရာထူးမှထုတ်ပယ်ခဲ့ပြီဖြစ်ကြောင်း...
Read More

ဟူးလ်စီးတီး ကွင်းလယ်လူ လီဗာမိုး ကိုကင်း သုံးစွဲခဲ့သော်လည်း ပွဲပယ်ပြစ်ဒဏ် ရှောင်လွှဲနိုင်ခဲ့

ဟူးလ်စီးတီးအသင်းကွင်းလယ်လူလီဗာမိုးသည် ပြီးခဲ့သည့်မေလတွင် ကိုကင်းသုံးစွဲကြောင်းတွေ့ရှိရသဖြင့် အက်ဖ်အေကပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ယခုအချိန်တွင် အဆိုပါပြစ်ဒဏ်အားရုတ်သိမ်းခဲ့ကြောင်း သိရသည်။ အသက်(၂၅)နှစ်ရှိအဆိုပါကွင်းလယ်လူမှာ ဆေးသုံးစွဲမှုတွေ့ရှိပြီးအစောပိုင်းအချိန်တွင် ပွဲပယ်ပြစ်ဒဏ်(၂)နှစ် အထိကျခံရဖွယ်ရှိသော်လည်း အက်ဖ်အေမှ ၎င်း၏ရင်သွေးသေဆုံးချိန်တွင် စိတ်ထိခိုက်၍သုံးစွဲခဲ့ခြင်းဖြစ်သော ကြောင့် ပြစ်ဒဏ်လျော့ပေါ့ခဲ့ခြင်းဖြစ်သည်။ ဟူးလ်စီးတီးနည်းပြစတိဗ်ဘရုစ်က “ဒါဟာ သက်ညှာတဲ့ပြစ်ဒဏ်ဆိုတာမေးခွန်းထုတ်စရာမလိုပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီအက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ကံဆိုးချင်တော့ လီဗာမိုးရင်သွေးသေဆုံးခဲ့ရပါတယ်။ သူ ခံစားရတဲ့စိတ်ထိခိုက်မှုကို ကုစားဖို့သုံးစွဲခဲ့တာပါ။ ဒါကလည်း လူတိုင်းမှားတတ်တဲ့အမှားထဲက...
Read More

ဘရာဇီးအသင်းနှင့်နည်းပြအတွက် အမြဲအသင့်ဖြစ်နေလိုကြောင်း နေမာဖွင့်ဟ

ဘရာဇီးအသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ နေမာက အသင်းအတွက်အမြဲတမ်းကူညီကစားပေးလိုကြောင်း၊ နည်းပြနှင့်အသင်းအတွက် အချိန်မရွေးအသင့်ဖြစ်နေလိုကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ တိုက်စစ်မှူးနေမာ အနေဖြင့် ခြေစမ်းပွဲစဉ်များတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိနေခဲ့သည့်အတွက်စိတ်ပျက် လျက်ရှိနေပြီး ပွဲထွက်ကစားခွင့်ရရှိရန် နည်းပြဒွန်ဂါထံ တောင်းဆိုမှုများပြုလုပ်လျက်ရှိသည်။ “ဘရာဇီးအသင်းမှာကစားသမားကောင်းတွေအများကြီးရှိတာကိုလက်ခံပါတယ်။ တစ်ဦးတစ်ယောက်ကောင်း ကိုဦးတည်ကစားတဲ့အသင်းမဟုတ်သလို အစားထိုးဖို့ကစားသမားတွေလည်းအသင့်ရှိတဲ့အသင်းပါ။ ဒါပေမဲ့ အ သင်း လူစားဝင်ကစားသမားအဖြစ်ထက် ကွင်းထဲမှာအမြဲကစားခွင့်ရမယ့် ပွဲထွက်ကစားသမားပဲဖြစ်လိုပါတယ်။ အသင်းနဲ့နည်းပြအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေချင်ပါတယ်။...
Read More

ဒုတိယရာသီဝက်တွင်မှ မီလန်ဒါဘီပြိုင်ဆိုင်မှု ပိုပြင်းထန်မည်ဟု လစ်ပီ သုံးသပ်

အီတလီအသင်းနည်းပြဟောင်း မာဆယ်လိုလစ်ပီက ယခုတစ်ပတ်တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် မီလန်ဒါဘီပွဲစဉ်ထက် ဒုတိယရာသီဝက်ဒါဘီပွဲစဉ်မှာ ပိုမိုပြင်းထန်မည်ဟုသုံးသပ်ပြောကြားလိုက်သည်။ အင်တာမီလန်နှင့်အေစီမီလန်တို့သည့် ယခုနှစ်ဘောလုံးရာသီတွင် အသင်းအင်အားတောင့်တင်းစေရန် ရင်းနှီး မြှုပ်နှံမှုအများအပြားပြုလုပ်ထားသော်လည်း ၎င်းတို့(၂)သင်းလုံးအတွက် အချိန်လိုအပ်သေးကြောင်း လစ်ပီက ပြောကြားခဲ့သည်။ လစ်ပီက “အရင်းအနှီးအများကြီးလုပ်ထားပေမယ့် ဒုတိယရာသီဝက်ရောက်မှ သူတို့နှစ်သင်းပိုမိုတောင့်တင်း မယ်ထင်တယ်။ ဒါဘီပွဲက မကြာခင်ကစားတော့မှာဖြစ်ပေမယ့် နှစ်သင်းလုံးက တည်ဆောက်နေဆဲကာလမှာပဲ ရှိပါသေးတယ်။ အင်တာမီလန်ရဲ့ ပါရီဆစ်ကို...
Read More

စကော့တလန် နည်းပြအဖြစ် ဂေါ်ဒွန်စတာချန် ဆက်လက်ရှိနေနိုင်

ယူရို-၂၀၁၆ခြေစစ်ပွဲဝင်စကော့တလန်ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူအလန်မက်ရီက အသင်းအနေဖြင့် ခြေစစ်မအောင်မြင်ခဲ့ပါကလည်း လက်ရှိနည်းပြဖြစ်သူ ဂေါ်ဒွန်စတာချန်အား ဆက်လက်တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ စကော့တလန်အသင်းအနေဖြင့် ဂျာမနီ၊ ပိုလန်၊ အိုင်ယာလန် အစရှိသည့် ဥရောပထိပ်သီးအသင်းများနှင့်အတူ အုပ်စု(ဃ)အတွင်း ကျရောက်ခဲ့ပြီး ပွဲစဉ်-၈ပြီးချိန်တွင် ရမှတ် ၁၁မှတ်သာရရှိထားပြီး Play-Off ၀င်ခွင့်ရရှိမည့် အဆင့်သုံးနေရာမှ အိုင်ယာလန်အသင်းနှင့် လေးမှတ်ကွာ အဆင့်လေးနေရာ၌ ရပ်တည်လျက် ရှိနေသည်။ “နည်းပြဂေါ်ဒွန်အနေနဲ့...
Read More

ချဲလ်ဆီးကို အသင်းတိုင်း အနိုင်ယူချင်နေသည်ဟု ဟာဇက်ဆို

ချဲလ်ဆီးအသင်းကွင်းလယ်လူဟာဇက်က ယခုနှစ်ဘောလုံးရာသီတွင် အသင်းတိုင်းက ချဲလ်ဆီးကို ဖိအား ပေးရန် ပြင်ဆင်ထားသောကြောင့် ချန်ပီယံဆုဖလားအတွက် ခက်ခဲလိမ့်မည်ဟု ပြောကြားလိုက်သည်။ ယခုနှစ်ပရီးမီးယားလိဂ်ရာသီအစကတည်းက ရုန်းကန်ခဲ့ရသော ချဲလ်ဆီးအသင်းမှာ ပွဲစဉ်(၄)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်သာပိုင်ဆိုင်ခဲ့သောကြောင့် အမှတ်ပေးဇယားအဆင့်(၁၃)တွင်ရပ်တည်နေရသည်။ မော်ရင်ညို၏ချဲလ်ဆီးအသင်းသည် အမှတ်ပေးဇယားဦးဆောင်သူ မန်စီးတီးအသင်းနှင့်ရမှတ်(၈)မှတ်ကွာဟ နေသော်လည်း ကွင်းလယ်လူဟာဇက်က ဆုဖလားသိမ်းပိုက်နိုင်ရန် အခွင့်အရေးရှိသေးကြောင်းပြောကြား ခဲ့သည်။ ဟာဇက်က “အသင်းတိုင်းက ဖိအားပေးဖို့ပြင်ဆင်ထားလို့ ချဲလ်ဆီးအတွက်...
Read More
error: Content is protected !!