ALL POSTS BY Nyi Min Han

အခွန် တိမ်းရှောင် မှုကြောင့် မာရှေယာနို တရားရင် ဆိုင်ရဖွယ် ရှိနေ

ဘာစီလိုနာ အသင်း၏ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစား သမားဖြစ်သူ မာရှေယာနိုသည် ၂၀၁၁ ခုနှစ် နှင့်၂၀၁၂ ခုနှစ်များ တွင် အခွန် တိမ်းရှောင် မှုများရှိခဲ့ သဖြင့် စပိန် အစိုးရ၏ တရား စွဲဆိုခြင်းနှင့် ရင်ဆိုင် ရဖွယ် ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။ အဆိုပါ...
Read More

ဥရောပချန်ပီယံဖြစ်ရန် ရီးရဲလ်နှင့်ဘာစီလိုနာတို့သာ ရေပန်းစားဟု ဗယ်ဒါနိုသုံးသပ်

ရီးရဲလ်ကစားသမားဟောင်းဖြစ်သူ ဂျော့စ်ဗယ်ဒါနိုက လက်ရှိဥရောပချန်ပီယံနေရာကို စိန်ခေါ်နိုင်သည့်အသင်းမှာ ရီးရဲလ်မက်ဒရစ်နှင့် လက်ရှိဥရောပချန်ပီယံ ဘာစီလိုနာတို့သာ ရေပန်းအစားဆုံးဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။ အသစ်ပြောင်းလဲရေးဆွဲခဲ့သည့် ယူအီးအက်ဖ်အေ၏စည်းမျဉ်းသစ်အရ ယူရိုပါလိဂ်ချန်ပီယံအသင်းအား ချန်ပီယံ လိဂ်အုပ်စုအဆင့်မှစတင်ပါဝင်ကစားခွင့်ပြုခဲ့ခြင်းကြောင့် ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စပိန်လာလီဂါကိုယ်စား ပြုအသင်းငါးသင်းအထိ ၀င်ရောက်ယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည်။ “စပိန်ကလပ်အသင်းတွေက ဥရောပရဲ့ထိပ်တန်းအသင်းတွေအဖြစ် ရပ်တည်နေဆဲပါ။ လက်ရှိဥရောပရဲ့ အမြင့် ဆုံးပြိုင်ပွဲနှစ်ခုလုံးမှာ စပိန်အသင်းတွေချည်းပဲဗိုလ်စွဲခဲ့တာက စပိန်ဘောလုံးလောကရဲ့အဆင့်အတန်းကို သိနိုင်ပါတယ်။ လက်ရှိအနေအထားအရလည်း...
Read More

အသင်းပြောင်းရွှေ့ခွင့်ဆုံးရှုံးပြီးနောက် ရှော်လ်ကေးတွင်သာ ဘိုတန်ဆက်ရှိမည်

ရှော်လ်ကေးကွင်းလယ်လူဘိုတန်သည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့ခွင့်ပျက်ပြယ်ပြီးနောက် လက်ကျန်စာချုပ်သက်တမ်းဖြင့် ရှော်လ်ကေး၌သာ ဆက်လက်ကစားရမည် ဖြစ်သည်။ ဘိုတန်သည် ပြီးခဲ့သည့်မေလက ကိုလုံးအသင်းနှင့်ကစားခဲ့သည့်ပွဲအရေးနိမ့်ခြင်းအတွက် အသင်းအား အပြင်းအထန်ဝေဖန်ပြောကြားခဲ့သောကြောင့် ရှော်လ်ကေး၏ အကန့်အသတ်မရှိပွဲပယ်ပြစ်ဒဏ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ၎င်းက အသင်းပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့ပြီး စပို့တင်းလစ္စဘွန်းအပါအ၀င်၊ ယူအေအီးနှင့် ကာတာအခြေစိုက်ကလပ်အသင်းများမှ ခေါ်ယူရန်ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်သိမ်းချိန်အထိ ထူးခြားမှုမရှိခဲ့ချေ။ ထို့အပြင် ဘိုတန်မှာ အသင်းဟောင်းအေစီမီလန်နှင့်...
Read More

နည်းပြမွန်တဲလားကြောင့် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရဟု ဂျိုအာကွင်း ဆို

စပိန်လက်ရွေးစင်ကစားသမားဟောင်းဖြစ်သူ ဂျိုအာကွင်းက အီတလီမြေတွင် သွားရောက်ကစားခဲ့သည့်အချိန် ကာလများမှာ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြောင်း၊ နည်းပြမွန်တဲလား၏ အခွင့်အရေးပေးခြင်းမခံခဲ့ရသည့်အတွက် ဖီအိုရင်တီးနားတွင် ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။ ဂျိုအာကွင်းအနေဖြင့် ၂၀၁၃ ခုနှစ်တွင် ဖီအိုရင်တီးနားအသင်းထံပြောင်းရွှေ့ခဲ့ပြီးနောက် ဘောလုံးရာသီ ၂ ရာသီအတွင်း အသင်းအတွက် ၄၉ ပွဲသာပါဝင်ကစားခွင့်ရရှိခဲ့ကာ ပြီးခဲ့သည့်နွေရာသီကစားသမားအပြောင်းအရွှေ့တွင် အသင်းဟောင်းဘက်တစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ “အီတလီမြေမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့သလို နည်းပြမွန်တဲလားရဲ့...
Read More

(၂၀၁၈)ကမ္ဘာ့ဖလားမတိုင်မီ ကစားသမားဘ၀မှအနားယူမည်ဟု ဖီးလစ်လမ်းဆို

ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင် ဖီးလစ်လမ်းက (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားသမားဘ၀မှ အနားယူမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ အသက်(၃၄)နှစ်ရှိ အဆိုပါနောက်ခံလူသည် ပြီးခဲ့သည့်(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင် ကစားသမားဘ၀မှ အနားယူခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း(၄၀၀)ကျော်ကစားပေးထားသူ ဖြစ်သည်။ ဖီလစ်လမ်းက “(၂၀၁၈)ထဲမှာ ကျွန်တော့်ကစားသမားဘ၀အဆုံးသတ်မှာပါ။ အခုလိုနောက်ဆုံးအချိန်ကို သတ်မှတ်လိုက်တာ ကျွန်တော့်အတွက်ကောင်းပါတယ်။ လက်ရွေးစင်အသင်းတုန်းကလည်း ဒီလိုပဲဆုံးဖြတ်ချက်ချခဲ့တာပါ။ နိုင်ငံအတွက် ရာနှုန်းပြည့်ပေးဆပ်နိုင်ခဲ့လို့ အဲဒီဆုံးဖြတ်ချက်အပေါ် ဘယ်တော့မှ နောင်တမရပါဘူး”ဟု...
Read More

ရာသီကုန်တွင် ဇင်းနစ်မှထွက်ခွာတော့မည်ဟု နည်းပြဘိုအာ့စ်အတည်ပြု

ရုရှားပရီးမီးယားလိဂ်ချန်ပီယံ ဇင်းနစ်အသင်း၏ နည်းပြဖြစ်သူ ဘိုအာ့စ်က အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် လိုအပ်သည့်ကစားသမားများခေါ်ယူပေးခဲ့ခြင်းမရှိသည့်အတွက် စာချုပ်သစ်ချုပ် ဆိုရန်ကမ်းလှမ်းမှုအား ပယ်ချ ခဲ့ပြီးနောက် ရာသီကုန်တွင်အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း၊ ချန်ပီယံဆုကာကွယ်ရာတွင် အောင်မြင်မှုရရှိရန် လက်ရှိကစားသမားအင်အားနှင့်မဖြစ်နိုင်ဟု ဖွင့်ဟပြောကြားခဲ့သည်။ ရာသီသစ်ပွဲစဉ်များတွင် ရလဒ်များဆိုးရွားနေခဲ့သည့် ဇင်းနစ်အသင်းသည် ပွဲစဉ်-၇အပြီး၌ အဆင့်-၃နေရာတွင် သာရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ CSKA မော်စကိုအသင်းနှင့် ခြောက်မှတ်အထိကွာဟလျက်ရှိ သည်။ ထို့ပြင် နည်းပြဘိုအာ့စ်အနေဖြင့်...
Read More

မန်စီးတီးနောက်ခံလူဆက်ဂ်ညာ ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့

ပြီးခဲ့သည့်တနင်္လာနေ့တွင် ဆားဘီးယားနှင့်ကစားခဲ့သောခြေစမ်းပွဲ၌ ပြင်သစ်ညာနောက်ခံလူဆက်ဂ်ညာမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော်လည်း အလျင်အမြန်ကောင်းမွန်လာသောကြောင့် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့သည့် မန်စီးတီးလေ့ကျင့်ရေးအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်းသိရသည်။ မန်စီးတီးအသင်းခံစစ်ပိုင်းတွင် ဒဏ်ရာရကစားသမားများပြားနေပြီး ဘယ်နောက်ခံလူဇာဘလက်တာနှင့် ကွင်း လယ်လူဒီလပ်တို့မှာလည်း ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရသည်။ သို့သော်ကွင်းလယ်ကစားသမားဒီလပ်နေရာတွင်အစားထိုးရန်ပြင်ဆင်ထားသည့် ဖာနန်ဒိုမှာ ကြံ့ခိုင်မှုအပြည့် ရရန်အလွန်နီးစပ်နေပြီး ဆက်ဂ်ညာသည်လည်း ဒဏ်ရာပြဿနာမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့သောကြောင့် မန်စီးတီးနည်းပြပယ်လီဂရီနီအတွက် သတင်းကောင်းဖြစ်ခဲ့သည်။ ကွင်းလယ်လူဒီလပ်မှာ အင်္ဂလန်အသင်းအတွက် ယူရို-၂၀၁၆ခြေစစ်ပွဲအဖြစ် ဆွစ်ဇာလန်နှင့်ပွဲတွင် ပါဝင်ခဲ့ခြင်း...
Read More

စပါးအတွက် (၄)ပွဲ (၃)ဂိုးရရှိရုံဖြင့် မလုံလောက်ဟု ချက်ဒလီဆို

စပါးအသင်းတောင်ပံကစားသမားချက်ဒလီက ကစားသမားသစ်ဟောင်မင်ဆန်နှင့်အန်ဂျေးတို့မှာ ယခုတစ်ပတ် တွင်ကစားမည့် ဆန်းဒါးလန်းနှင့်ပွဲတွင်ခြေစွမ်းပြပြီး အမှတ်ပေးဇယားထိပ်ပိုင်းရောက်အောင် ကူညီနိုင်မည့်သူများ ဖြစ်သည်ဟုမျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ယခုဘောလုံးရာသီတွင် စပါးအသင်း၏ဂိုးရယူနိုင်ရေးကြိုးပမ်းမှုမှာ အမှတ်ပေးဇယားဦးဆောင်သူမန်စီးတီး ထက် အခွင့်အရေး(၁၂)ကြိမ်ပိုရခဲ့သော်လည်း တိုက်စစ်ကဂိုးသွင်းယူနိုင်မှုအားနည်းခဲ့ပြီး (၄)ပွဲတွင် (၃)ဂိုးသာ ရယူနိုင်ခဲ့သည်။ ထိုအချက်နှင့်ပက်သတ်၍ ပြီးခဲ့သည့်ဘောလုံးရာသီတွင် (၁၁)ဂိုးသွင်းယူပေးထားသော ချက်ဒလီက “စပါးလို အသင်းအတွက် (၄)ပွဲ(၃)ဂိုးဆိုတာ လုံလောက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ သွင်းဂိုးအများအပြားရယူ ရမှာဖြစ်သလို...
Read More

ဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးရန် အဲဗာတန်ကြိုးစားနေ

အဲဗာတန်အသင်းသည် ချယ်လ်ဆီးအသင်းက ခေါ်ယူရန်ကြိုးစားနေသော နောက်ခံလူဂျွန်စတုန်းအား စာချုပ်သက်တမ်းတိုးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ဂျွန်စတုန်းအား ခေါ်ယူရန် (၄)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း အဲဗာတန်အသင်းက ပယ်ချခဲ့သည်။ သို့သော် ဂျွန်စတုန်းသည် အဲဗာတန်မှ ကမ်းလှမ်းလာသော စာချုပ်သစ်တွင် တစ်ခြားအသင်းများက ပေါင် (၃ဂ)သန်းဖြင့် ကမ်းလှမ်းလာခဲ့ပါက အသင်းမှ ထွက်ခွာခွင့်ပေးရမည်ဟူသောအချက်ပါမှ...
Read More

ချဲလ်ဆီးနှင့်စပါး ကွင်းများ မွမ်းမံမည့်ကာလတွင် ၀င်ဘလေကွင်းအသုံးပြုခွင့်ရမည်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)၏ အမှုဆောင်ချုပ်မာတင်ဂလင်းက ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၎င်းတို့၏အိမ်ကွင်းများဖြစ်သော စတမ်းဖို့ဒ်ဘရစ်ခ်ျနှင့် ၀ှိုက်ဟတ်လိန်းတို့အား ပြန်လည်မွမ်းမံပြင်ဆင်မည်ဆို ပါက အက်ဖ်အေ၏လုပ်ထုံးလုပ်နည်းများတွင်ပါဝင်သော ထောက်ပံ့ကူညီခြင်းနှင့် တာဝန်သိမှုဆိုသည့်အချက် ဖြင့် ၀င်ဘလေကွင်းကို သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ချန်ပီယံချဲလ်ဆီးအသင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအား ပရိသတ်(၆၀၀၀၀)ဆံ့ကွင်းအဖြစ် ပေါင်(၅၀၀)သန်းသုံးစွဲ၍ ပြန်လည်မွမ်းမံမည်ဆိုပါက ပြီးစီးရန်အချိန် (၂)နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး စပါးအသင်း၏ ၀ှိုက်ဟတ်လိန်းကွင်းမှာလည်း (၂၀၁၇-၁၈)ရာသီတွင်မှပြီးစီးနိုင်ဖွယ်ရှိသည်။ ချဲလ်ဆီးနှင့်စပါးအသင်းအနေဖြင့် ၀င်ဘလေကွင်းကို အသုံးပြုမည်ဆိုပါက...
Read More
error: Content is protected !!