ALL POSTS BY Nyi Min Han

အက်ဖ်အေပြန်ကန်ပွဲများကို ပွဲစဉ်ဇယားမှဖယ်ထုတ်ရန် ဆန်းစစ်မှုများပြုလုပ်နေ

အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များကို အင်္ဂလန်ဘောလုံးပြက္ခဒိန်မှဖယ်ထုတ်ရန် လေ့လာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ အက်ဖ်အေဖလားပြန်ကန်ပွဲများနှင့် ကြားရက်ပွဲစဉ်များ ကစားရသည့်အချိန်သည် ဥရောပပြိုင်ပွဲပွဲစဉ်များဖြင့် ပြည့်နှက်နေသောပွဲကျပ်ကာလများဖြစ်နေ၍ ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် အစရှိသော ဥရောပပွဲစဉ်များတွင် ပွဲပန်းမှုကြောင့် ၎င်းတို့၏အသင်းများ ဥရောပအဆင့်တွင်အောင်မြင်မှုရရန် အခွင့်အရေးများထိခိုက်မည်ကို စိုးရိမ်နေကြသည်။ အက်ဖ်အေကလည်း ပွဲကျပ်ကာလများပြည့်နှက်နေသော ဘောလုံးရာသီကြောင့် နွေရာသီတွင် ယှဉ်ပြိုင်ကစားသောနိုင်ငံတကာပြိုင်ပွဲများအတွက် အင်္ဂလန်လက်ရွေးစင်အသင်း ပွဲပန်းနေမည်ကို စိုးရိမ်လျက်ရှိသည်။...
Read More

ချန်ပီယံလိဂ်ပွဲကြိုသတင်းစာရှင်းလင်းပွဲမှ ရော်နယ်ဒို ဒေါသတကြီးထွက်ခွာသွားခဲ့

ရီးရဲလ်တိုက်စစ်မှူးရော်နယ်ဒိုသည် အင်္ဂါနေ့ကပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ယခုဘောလုံးရာသီ၌ ၎င်း၏အဝေးကွင်းမှတ်တမ်းနှင့်ပတ်သက်၍ မေးမြန်းခံရမှုကြောင့် ဒေါသတကြီးထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အသက် ၃၁ အရွယ်ရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် ရီးရဲလ်အတွက် ၃၂ ဂိုးသွင်းယူထားနိုင်သော်လည်း  အဝေးကွင်းပွဲစဉ်များတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက ဂိုးပေါက်ပျောက်ဆုံးနေခဲ့သည်။ “စပိန်ကို ကျွန်တော်ရောက်ပြီးကတည်းက ဘယ်သူကများကျွန်တော့်ထက် အဝေးကွင်းမှာ ဂိုးပိုသွင်းနိုင်ခဲ့လဲ။ ကျွန်တော့်ထက်ပိုသွင်းနိုင်တဲ့ ကစားသမားရှိရင်ပြောပါ။ မဖြေနိုင်ဘူးလား။...
Read More

အဂူရိုကို စာချုပ်သက်တမ်း ၁ နှစ်တိုးရန် မန်စီးတီးဆန္ဒရှိ

မန်စီးတီးသည် တိုက်စစ်မှူး အဂူရိုကို ၂၀၂၀ အထိ အသင်းတွင်ဆက်လက်ထိန်းသိမ်းရန်အတွက် စာချုပ်သက်တမ်း ၁ နှစ်တိုးရန် ဆန္ဒရှိနေသည်။ တစ်ပတ်လုပ်ခပေါင် ၁၅၀,၀၀၀ ဖြင့် ၂၀၁၄ နွေရာသီက ချုပ်ဆိုထားသော လက်ရှိစာချုပ်မှာ ၂၀၁၉ ထိသက်တမ်းရှိနေသော်လည်း ယခုရာသီပရီးမီးယားလိဂ်တွင် ၁၈ ဂိုးသွင်းယူထားသော အာဂျင်တီးနားနိုင်ငံသား တိုက်စစ်မှူးအဂူရိုကို မန်စီးတီးက သက်တမ်း ၁ နှစ်တိုးမြှင့်ရန်ဆန္ဒရှိနေခြင်းဖြစ်သည်။...
Read More

ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀ သေဆုံးပြီးသားဖြစ်ကြောင်း ဂယ်ရီနဗီးလ်ပြော

လာလီဂါတွင် ခြေစွမ်းကျဆင်းနေသော ရီးရဲလ်ဘက်တစ်ကို ၁-၀ ဖြင့်ရှုံးနိမ့်ပြီးနောက် ဂယ်ရီနဗီးလ်သည် ဗလင်စီယာတွင် ၎င်း၏နည်းပြဘ၀မှာ သေဆုံးသွားပြီးဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဗလင်စီယာသည် လာလီဂါနောက်ဆုံး ၉ ပွဲတွင် ၄ ပွဲရှုံး ၅ ပွဲသရေရလဒ်သာရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး စပိန်ဘုရင့်ဖလားပွဲစဉ်တွင်လည်း ဘာစီလိုနာကို ၇-၀ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားခဲ့သော်လည်း နီဗီးလ်ကနုတ်ထွက်ရန်ထပ်မံငြင်းဆိုခဲ့သည်။ ဂယ်ရီနဗီးလ်က”အသင်းကိုမရောက်ခင်က ကျွန်တော့်ကို ၅...
Read More

မော်ရင်ညိုကိုခေါ်ယူရန် မန်ယူဆွေးနွေးနေ

မန်ယူအသင်းသည် ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ညို၏ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေကြောင်း သိရပြီး အသက် ၅၃ နှစ်အရွယ် ပေါ်တူဂီလူမျိုးထိုးနည်းပြမှာ လက်ရှိမန်ယူနည်းပြဗန်ဟားလ်၏နေရာကို ဆက်ခံမည့်သူအဖြစ် မျှော်လင့်ချက်များ ပိုမိုများပြားလာခဲ့သည်။ မော်ရင်ညိုကိုခေါ်ယူနေရးအတွက် သဘောတူညီချက်ရရှိခြင်းမရှိသေးဘဲ မန်ယူဘက်မှလည်း ထိုကိစ္စအတွက် မှတ်ချက်ပြုခြင်းမရှိသော်လည်း ဆွေးနွေးမှုများစတင်နေပြီဖြစ်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။ အသက် ၆၄ နှစ်အရွယ် ဗန်ဟားလ်မှာ မူလစီစဉ်ထားသည်ထက် ၁ နှစ်စော၍...
Read More

ခရစ္စတယ်ပဲလေ့စ်ကစားသမား မက်အာသာနှင့် ပန်ချီယွန်တို့ဒဏ်ရာရ

ခရစ္စတယ်ပဲလေ့စ်ကွင်းလယ်ကစားသမား မက်အာသာသည် ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ပြီး ပန်ချီယွန်မှာလည်း ရက်သတ္တပတ်အနည်းငယ်ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ကစားခဲ့သော ဘုန်းမောက်ကို ၁-၂ ဖြင့်ရှုံးနိမ့်ခဲ့သောပွဲ၌ မက်အာသာမှာ ခြေကျင်းဝတ်ဒဏ်ရာ၊ ပန်ချီယွန်မှာ တံကောက်ကြောဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ စကော့တလန်လက်ရွေးစင်ကစားသမား မက်အာသာက “ခြေကျင်းဝတ်ဒဏ်ရာကြောင့် ရာသီကုန်အထိ ကစားနိုင်တော့မှာမဟုတ်ပါဘူး။ ကျွန်တော့်ဘ၀အတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ သေချာပြန်ကြိုးစားပြီး ပိုကောင်းတဲ့ခြေစွမ်းတွေနဲ့ ပြန်လာခဲ့ပါမယ်”ဟု...
Read More

ထိုင်းပရီးမီယားလိဂ်တွင်ကစားရန် ဆန္ဒရှိကြောင်း ကျော်ကိုကိုဖွင့်ဟ

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ဒုတိယအဆင့်အဖြစ် ချောင်ဘူရီနှင့် ရန်ကုန်ယူနိုက်တက်တို့ကစားခဲ့သည့် ပွဲအပြီးတွင် တိုက်စစ်မှူးကျော်ကိုကိုက မိမိအနေဖြင့် ထိုင်းပရီးမီးယားလိဂ်တွင် လာရောက်ကစားလိုကြောင်း ထိုင်းသတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသွားခဲ့သည်။ ကျော်ကိုကိုသည် အဆိုပါပွဲတွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အတွက် ၁ ဂိုးသွင်းယူခဲ့သည့်အပြင် ၁ ဂိုးဖန်တီးပေးခဲ့မှုကြောင့်  ပြိုင်ဘက်ချောင်ဘူရီပရိသတ်များ၏ အားပေးမှုကိုပင် ရရှိခဲ့သည်။ “ထိုင်းပရီးမီးယားလိဂ်ဟာ အာရှအဆင့်ကိုထိုးဖောက်နေတဲ့ လိဂ်တစ်ခု ဖြစ်လာပါပြီ။ ထိုင်းမှာ...
Read More

လက်စတာရဲ့ချန်ပီယံသွေးသားကို စစ်ထုတ်ခြင်း

“ကျွန်တော်လမ်းလျှောက်နေတုန်း လူတော်တော်များများက စကားလာပြောတယ်။ သူက တခြားအသင်းပရိသတ်ဆိုပေမယ့် လက်စတာသာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရင် အရမ်းဝမ်းသာမယ်ဆိုပြီးလေ”လို့ လက်စတာနည်းပြ ရေနီယာရီက ပြန်ပြောင်းပြောပြပါတယ်။ မှန်ပါတယ်။ ခြွင်းချက်တချို့ရှိပေမယ့် ကျွန်တော်တို့လို ဘောလုံးပရိသတ်အများစုကတော့ လက်စတာအတွက် မုဒိတာပွားနေကြတယ် မဟုတ်လား။ ရာသီလက်ကျန် ၁၄ ပွဲကို အကောင်းဆုံးပုံစံနဲ့ သူတို့ကျော်ဖြတ်ပြီး အဆင့် ၁ ချိတ်ခဲ့ရင်တော့ လွန်ခဲ့တဲ့မျိုးဆက်တစ်ခုအကွာ ၁၉၉၂-၉၃...
Read More

ဘာစီလိုနာကိုအရေးနိမ့်ခဲ့ခြင်းသည် ဘ၀တစ်လျှောက်အဆိုးရွားဆုံးအတွေ့အကြုံများအနက်တစ်ခုဟု ဂယ်ရီနဗီးလ်ဝန်ခံ

ဗလင်စီယာသည် စပိန်ဘုရင့်ဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာအိမ်ကွင်းနူးကမ့်တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ၇-၀ ဖြင့်ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဂယ်ရီနဗီးလ်က ဘောလုံးနှင့်ပတ်သက်သည့် ၎င်း၏ဘ၀အတွေ့အကြုံများအနက် အဆိုးရွားဆုံးဖြစ်ရပ်တစ်ခုဟု ၀န်ခံပြောကြားလိုက်သည်။ “ဒီနေ့ညတော့ ကျွန်တော်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော့်အတွက် အဆိုးရွားဆုံးအတွေ့အကြုံတွေထဲက တစ်ခုပါ”ဟု ပြောကြားသွားခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် အစီအစဉ်မရှိကြောင်း ငြင်းဆန်သွားခဲ့သည်။ ထိုပွဲရှုံးနိမ့်မှုကြောင့် လာလီဂါနောက်ဆုံး ၈ ပွဲတွင်လည်း တစ်ပွဲမှ...
Read More

မြန်မာ ယူ-၁၉ နည်းပြအဖြစ် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဟု ဦးမျိုးလှိုင်ဝင်းဆို

အောင်သော်ဖြိုး ဖေဖော်ဝါရီ ၃။ မြန်မာယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကမ်းလှမ်းမှုကို နေပြည်တော်အသင်းနည်းပြဖြစ်သူ ဦးမျိုးလှိုင်ဝင်းက လက်ခံလိုက်ပြီး အသေးစိတ် အချက်အလက်များကို ဆက်လက်ညှိနှိုင်းနေကြောင်း ၎င်းကဆိုသည်။ “ကမ်းလှမ်းမှုကို လက်ခံထားပြီ။ လက်ရှိ နေပြည်တော်အသင်းမှာလုပ်နေတော့ အသင်းဘက်နဲ့ ညှိနှိုင်းမှုတွေလုပ်ရဦးမှာပါ”ဟု ၎င်းက ဆိုသည်။ လက်ရှိအချိန်တွင် နေပြည်တော်အသင်းသည် မြန်မာနေရှင်နယ်လိဂ် -၂...
Read More
error: Content is protected !!