ALL POSTS BY Nyi Min Han

ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်လူ အီကိန်း ပွဲကစားနေစဉ် လဲကျသေဆုံး

ဒိုင်နမိုဘူခါရက်နှင့် ကင်မရွန်းကွင်းလယ်ကစားသမား ပက်ထရစ်အီကိန်းမှာ ပွဲကစားနေစဉ်အတွင်း နှလုံးဖောက်ကာ လဲကျသေဆုံးခဲ့ပြီး ၎င်း၏အသက်မှာ ၂၆ နှစ်သာရှိသေးကြောင်း သိရှိရသည်။ အီကိန်းမှာ ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ရုရှားပြည်တွင်းလိဂ်ပွဲစဉ်တစ်ခုတွင် ပွဲချိန်မိနစ် ၇၀ အရောက်၌ လဲကျသွားခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပြီး ၂ နာရီအကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်ကလည်း ကင်မရွန်းလက်ရွေးစင်ကစားသမား ဗီဗီယန်ဖိုးမှာ ပြင်သစ်တွင် ကိုလံဘီယာနှင့် ကွန်ဖက်ဒရေးရှင်းဖလားပွဲကစားနေစဉ်...
Read More

ဂွါဒီယိုလာနှင့် ဘိုင်ယန်မြူးနစ်ဆေးအဖွဲ့ ပြဿနာဖြစ်ပွားခဲ့

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက အသင်းတွင်းအချင်းများခဲ့မှုအကြောင်း အသေးစိတ်ဖွင့်ဟခဲ့ပြီးနောက် ဂျာမနီ၏အအောင်မြင်ဆုံးကလပ်အား အတွင်းသူလျှိုက ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျာမန်သတင်းစာ Bild က ဂွါဒီယိုလာမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် အက်သလက်တီကိုအား အရေးနိမ့်ခဲ့ပြီးနောက် အသင်းဆေးအဖွဲ့ကို ကစားသမားများဒဏ်ရာရပြီးနောက် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝအောင်ဆောင်ရွက်ပေးရန် အချိန်ဆွဲလွန်းသည်ဟု ဒေါသတကြီးစွပ်စွဲခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ သောကြာနေ့ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက”အများအားဖြင့်တော့ အသင်းတွင်းဖြစ်တဲ့ကိစ္စက အသင်းတွင်းမှာပဲ ထားရမှာပါ။ ဒါပေမဲ့...
Read More

အဓိက ကစားသမားများကို ၁ နှစ်ထပ်ကစားပေးရန် ရေနီယာရီတောင်းဆို

လက်စတာနည်းပြ ကလော်ဒီယိုရေနီယာရီက ပရီးမီးယားလိဂ်ဖလားရကစားသမားများကို အသင်းတွင် ၁ နှစ်ဆက်ကစားပေးရန် တောင်းဆိုလိုက်သည်။ လက်စတာမှာ အားကစားလောကအတွက် အံ့သြသင့်စရာအကောင်းဆုံးအောင်မြင်မှုအဖြစ် ပရီးမီးယားလိဂ်ဖလားကို ပေါင် ၅၇ သန်းသာတန်ကြေးရှိသည့် ကစားသမားအင်အားဖြင့်ရရှိခဲ့ပြီး မာရက်ဇ်၊ ကန်တီနှင့် ဗာဒီတို့မှာလည်း နာမည်ကျော်ကြားလာကာ အခြားအသင်းကြီးများ၏စိတ်ဝင်စားမှု ခံလာရသည်။ ထိုအဖြစ်နှင့်ပတ်သက်၍ ရေနီယာရီက “ကျွန်တော် အရမ်းအရမ်းကို ယုံကြည်မှုရှိတယ်။ အသင်းကနေ မထွက်ကြပါနဲ့။...
Read More

ဆောက်သမ်တန်နှင့်ပွဲကို ရှေ့မတိုးပေး၍ ပရီးမီးယားလိဂ်အား ပယ်လီဂရီနီအပြစ်တင်

ရီးရဲလ်နှင့် ဘာနေဗျူးတွင်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ၃ ရက်အလိုဖြစ်သည့် ယခုတနင်္ဂနွေနေ့တွင် ဆောက်သမ်တန်နှင့် ကစားရမည့်ပွဲစဉ်ကို တစ်ရက်ရှေ့မတိုးပေးသည့်အတွက် ပရီးမီးယားလိဂ်အား မန်စီးတီးနည်းပြပယ်လီဂရီနီက ဝေဖန်လိုက်သည်။ မန်စီးတီးမှာ ထိုပွဲကို ၂၄ နာရီရှေ့တိုးပေးရန် တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရပြီး ပြိုင်ဘက်ဖြစ်သည့်ရီးရဲလ်မှာမူ ယနေ့ညတွင် လာလီဂါပွဲစဉ်ကစားမည်ဖြစ်၍ မန်စီးတီးထက် နားချိန်နှင့် ပြင်ဆင်ချိန် ၂၄ နာရီပိုရမည်ဖြစ်သည်။ အဆင့်...
Read More

ရိုးမားဂန္ထ၀င်တော့တီနဲ့တွေ့ခွင့်ရခဲ့တဲ့ တော့တီပုံဆေးမင်ကြောင်နဲ့ ဆွီဒင်က ရိုးမားရဲ့စူပါပရိသတ်

အတုခိုးခြင်းဆိုတာ အရိုးသားဆုံးမြှောက်ပင့်ခြင်းပဲဆိုတဲ့စကားရှိပါတယ်။ ဒါပေမဲ့ ကိုယ်အကြိုက်ဆုံးဘောလုံးသမားတစ်ယောက်ရဲ့ပုံကို နောက်ကျောမှာ ဆေးမင်ကြောင်ပုံကြီးထိုးတာကလည်း ဒီလိုအရိုးသားဆုံးမြှောက်ပင့်ခြင်းစာရင်း ၀င်ပါလိမ့်မယ်။ အဲဒီလိုလုပ်ခဲ့တာကတော့ အသက် ၆ နှစ်အရွယ်ကတည်းက ရိုးမားကိုအားပေးလာတဲ့ ဆွီဒင်က သောမတ်စ်ဂျွန်ဆင်ဖြစ်ပြီး သူက တော့တီပုံကို နောက်ကျောမှာ ဆေးမင်ထိုးထားတဲ့သူပါ။ အသက် ၃၉ နှစ်အရွယ် ရိုးမားဂန္ထ၀င်ရဲ့ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံကို ရောမပြယုဂ်ကိုလိုဆီယမ်နောက်ခံနဲ့ နောက်ကျောမှာရေးထိုးထားပါတယ်။ ရိုးမားကို အဲဒီလိုရူးသွပ်တဲ့...
Read More

အသင်းတွင် ၎င်းရှိနေခဲ့၍သာ ကွင်းတည်ဆောက်ရန် ချေးငွေများရရှိခဲ့ခြင်းဖြစ်ကြောင်း ၀င်းဂါးပြောကြား

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အသင်းတွင်၎င်းရှိနေခဲ့၍သာ အမ်းမရိတ်စ်ကွင်းတည်ဆောက်ရန် လိုအပ်သောရန်ပုံငွေကို ဘဏ်များက ချေးငွေအဖြစ်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ယခုနှစ်တွင်လည်း ဖလားလက်မဲ့ဘောလုံးရာသီကို ထပ်မံကြုံတွေ့ရဖွယ်ရှိနေသောကြောင့် ၀င်းဂါးအပေါ်ဖိအားများမြင့်တက်နေပြီး ပရိသတ်များက ယခုသီတင်းပတ်တွင် ဆန္ဒထုတ်ဖော်သွားရန် စီစဉ်နေကြောင်းသိရသည်။ သို့သော် ၀င်းဂါးက “အမ်းမရိတ်စ်ကွင်းဆောက်ခဲ့တုန်းက အသင်းနဲ့ကျွန်တော် စာချုပ် ၅ နှစ်ချုပ်ဖို့ ဘဏ်တွေက တောင်းဆိုခဲ့ပါတယ်။ ဒီအတောအတွင်း တခြားအသင်းတွေရဲ့...
Read More

ရီးရဲလ်၊ ဘာစီလိုနာတို့နှင့် နှိုင်းယှဉ်ခံရခြင်းသည် အက်သလက်တီကို၏အောင်မြင်မှုကို ပြသနေကြောင်း ဂွါဒီယိုလာချီးကျူး

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်တွင် ထပ်တိုက်တွေ့ဆုံမည့် အက်သလက်တီကို၏ခြေစွမ်းနှင့်ပတ်သက်၍ ချီးကျူးခဲ့ပြီး ရီးရဲလ်နှင့်ဘာစီလိုနာတို့ကဲ့သို့ အသင်းကြီးများနှင့် တန်းတူနှိုင်းယှဉ်ခံရခြင်းသည် ၎င်းတို့၏အောင်မြင်မှုကိုပြသနေကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်နှင့် အက်သလက်တီကိုသည် ယနေ့ညတွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ “ရီးရဲလ်၊ ဘာစီလိုနာတို့နဲ့ တန်းတူနှိုင်းယှဉ်ခံရတာဟာ အက်သလက်တီကိုရဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှု ဘယ်လောက်ရှိလဲဆိုတာ ပြနေပါတယ်။ ဒါဟာ ဆီမြွန်နီရယူနိုင်ခဲ့တဲ့...
Read More

ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် ဒါလီအလိုင်း ပွဲပယ်ခံရဖွယ်ရှိနေ

စပါးကွင်းလယ်လူ ဒါလီအလိုင်းသည် ကြမ်းတမ်းစွာကစားမှုစွဲချက်ဖြင့် အက်ဖ်အေမှချမှတ်သော ပွဲပယ်ပြစ်ဒဏ်ကို ခံယူရဖွယ်ရှိပြီး စပါး၏ ရာသီကျန်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိနေသည်။ တနင်္လာနေ့က ၀က်စ်ဘရွန်းနှင့် ၁-၁ သရေကျခဲ့သောပွဲစဉ်တွင် ဒါလီအလိုင်းသည် ၀က်စ်ဘရွန်းမှ ယာကော့ဘ်အား လက်သီးဖြင့်ထိုးခဲ့ကြောင်း ရုပ်သံပြကွက်များတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ပွဲစဉ်တစ်ခုအတွင်း ကြမ်းတမ်းစွာကစားမှုသည် ပုံမှန်အားဖြင့် ၃ ပွဲပယ်ပြစ်ဒဏ်ခံယူရလေ့ရှိသောကြောင့် အသက် ၂၀ နှစ်အရွယ် အလိုင်းသည်...
Read More

ရိုးမားကို နာပိုလီရှုံးခဲ့၍ စီးရီးအေချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် ဂျူဗင်တပ်သိမ်းပိုက်

ယမန်နေ့ညက ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် နာပိုလီမှာ ရိုးမားကို အရေးနိမ့်ခဲ့သည့်အတွက် စီးရီးအေအမှတ်ပေးဇယား အဆင့် ၁ နေရာမှ ဂျူဗင်တပ်မှာ ချန်ပီယံဘွဲ့ကို ၅ ရာသီဆက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ အောက်တိုဘာ ၂၈ ရက်နေ့က အမှတ်ပေးဇယား အဆင့် ၁၂ နေရာတွင်ရပ်တည်ကာ အဆင့် ၁ နေရာမှအသင်းနှ။င့် ၁၁ မှတ်ပြတ်နေခဲ့သည့် ဂျူဗင်တပ်မှာ...
Read More

ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လက်စတာအောင်ပွဲခံရန် နိုင်ပွဲ ၁ ပွဲသာလိုအပ်

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာမှာ လာမည့်တနင်္ဂနွေနေ့တွင် မန်ယူနှင့် အိုးလ်ထရက်ဖို့ဒ်တွင်ကစားမည့်ပွဲ၌ အနိုင်ရခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ ယမန်နေ့ညက ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အမှတ်ပေးဇယားအဆင့် ၂ မှ စပါးမှာ ၀က်စ်ဘရွန်းကို အိမ်ကွင်းတွင် ၁-၁ သရေကျခဲ့သဖြင့် လက်စတာအတွက် အင်္ဂလန်အမှတ်ပေးချန်ပီယံဘွဲ့ကို အကြိမ် ၂၀ ရရှိထားသည့် မန်ယူနှင့်ပွဲမှာ ချန်ပီယံဘွဲ့ခံယူနိုင်မည့်ပွဲ ဖြစ်လာခဲ့သည်။ စပါးမှာ...
Read More
error: Content is protected !!