ALL POSTS BY Admin

အာဆင်နယ်အသင်းသို့ ဘေဆယ်မှ အဲလ်နီနီ ပေါင် ၇.၃သန်းဖြင့် အပြီးသတ်မပြောင်းရွှေ့မီ ဆေးစစ်မှုအောင်မြင်

ဘေဆယ်ကွင်းလယ်ကစားသမားအဲလ်နီနီသည် အာဆင်နယ်အသင်းသို့ ပေါင်၇.၃သန်းဖြင့် ပြောင်းရွှေ့ရန်သဘောတူညီမှုရပြီးနောက် ဆေးစစ်ခဲ့ရာအောင်မြင်ခဲ့ကာ အဆိုပါအင်္ဂလန်ထိပ်တန်းကလပ်သို့ အပြီးသတ်ပြောင်းရွှေ့ရန် အလုပ်လုပ်ခွင့်ပါမစ်သာကျန်တော့ကြောင်းသိရသည်။ အသက်၂၃နှစ်အရွယ်အီဂျစ်လက်ရွေးစင်ကစားသမားအဲလ်နီနီသည် ၂၀၁၃ခုနှစ်က ဆွစ်ဇာလန်ကလပ်သို့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးလက်ရှိအချိန်တွင် အာဆင်နယ်အသင်းမှ ဒဏ်ရာရနေသည့် ကိုကွီလင်နှင့် ကာဇော်လာနေရာကိုအစားထိုးနိုင်ရန် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဲလ်နီနီမှာ အာဆင်နယ်သို့ ပြောင်းရွှေ့ရန် အဟန့်အတားဖြစ်နေသည်မှာ အင်္ဂလန်တွင် အလုပ်လုပ်ခွင့်ပြဿနာဖြစ်ပြီး ယမန်နှစ်ဘောလုံးရာသီမှစတင်ကာအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင် ချမှတ်ခဲ့သည့် ဥရောပစီးပွားရေးဇုန်ပြင်ပ ဘောလုံးသမား ကိုယ်စားပြုသည့်နိုင်ငံသည် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်၅၀အတွင်းနှင့်...
Read More

မြန်မာဘောလုံးလောကတွင် လာရောက်လုပ်ကိုင်လိုဟု ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky ထုတ်ဖော်ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်းနှင့်စာချုပ်ချုပ်ရန်အဆင်မပြေဖြစ်ခဲ့သည့်ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky က မြန်မာ့ဘောလုံးလောကတွင် လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်းသိရသည်။ 2015မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကာလအတွင်းရန်ကုန်ယူနိုက်တက်နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky သည် ဖီဖာအသိအမှတ်ပြုနည်းပြလိုင်စင်-A ရရှိထားသူဖြစ်ပြီး ထိုအချိန်ကာလက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စဉ်အချို့ကိုလေ့လာခဲ့ကာ မြန်မာဘောလုံးသမားများမှာ အရည်အချင်းရှိသူများဖြစ်ကြောင်းမှတ်ချက်ပေးခဲ့သည်။ လက်ရှိအချိန်တွင် ကလပ်လက်မဲ့ဖြစ်နေသည့် Jairo Swirsky က”မြန်မာဘောလုံးလောကက တိုးတက်နေပါတယ်။ ကလပ်တွေကလည်း လေ့ကျင့်ရေးကွင်းတွေကအစတိုးတက်လာမယ့်အခြေအနေရှိနေပါတယ်။ဒါကြောင့်...
Read More

အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကို သေနတ်ဒဏ်ရာကြောင့် သေဆုံး

အသက် ၃၃ နှစ်အရွယ် အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကိုသည် မြို့တော် ဆန်ဆာဗေးဒိုး၏ အနောက်ဘက် ၇၆ ကီလိုမီတာအကွာရှိ ဆန်တာအန်နာမြို့တွင်းဆီဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ယင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့ကအတည်ပြုလိုက်သည်။ အဲလ်ဆာဗေးဒိုးရဲတပ်ဖွဲ့၏ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုတွင် အခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ အဲလ်ဆာဗေးဒိုးအတွက် ပွဲအများဆုံးကစားပေးထားသည့် အဆိုပါနောက်ခံလူမှာ လုပ်ပွဲကစားမှုကြောင့် ၂၀၁၃...
Read More

ဟယ်ရီကိန်းကိုမည်သည့်ဈေးနှင့်မျှ ရောင်းချမည်မဟုတ်ကြောင်း ပိုချက်တီနို အတည်ပြု

စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက အသက်၂၂ နှစ်အရွယ်တိုက်စစ်မှူး ဟယ်ရီကိန်းကို မည်သည့်ဈေးနှင့်မျှ ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ဟယ်ရီကိန်းသည် နောဝစ်ခ်ျနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီတွင် ၎င်း၏ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးရှိသွားပြီဖြစ်သည်။ ထို့အပြင် ၂၀၁၅ ခုနှစ်အတွင်းစုစုပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး ၂၇ ဂိုးအထိရရှိခဲ့ရာ စပါးအသင်းတွင် တက်ဒီရှရင်ဂမ်၏ တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းနိုင်သည့် စံချိန်ကိုချိုးဖျက်ထားသူလည်းဖြစ်သည်။...
Read More

ဘေဆယ်ကွင်းလယ်ကစားသမား အယ်လ်နီနီကို အာဆင်နယ်အသင်းခေါ်ယူနိုင်ရန် နီးစပ်

ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်း၏ အသက် ၂၃ နှစ်အရွယ် အီဂျစ်လက်ရွေးစင် မိုဟာမက် အယ်လ်နီနီသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ရရန် မျှော်လင့်နေကြောင်းသိရသည်။ အာဆယ်နယ်အသင်းမှလည်း အဆိုပါ ဘေဆယ်ကွင်းလယ်လူကို လာမည့်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။လက်ရှိတွင် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့်အပြောင်းအရွှေ့ဖြစ်မြောက်ရန် ဘေဆယ်နှင့်အာဆင်နယ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း အာဆင်နယ်အနေဖြင့် ၇ သန်းခန့်အထိ တိုးမြှင့်ပေးချေရနိုင်ကြောင်းလည်းသိရသည်။...
Read More

ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာပါဝင်နိုင်တော့မည်မဟုတ်

ချဲလ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်က မန်ယူနှင့်ပွဲစဉ်အတွက် တိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့မည်မဟုတ်၍ တိုက်စစ်နေရာအတွက် လိုရစ်ရီမီနှင့်ရာဖယ်လ်ကာအိုတို့ နှစ်ဦးထဲမှ ရွေးချယ် ပြီးတိုက်စစ်ပြဿနာကို ဖြေရှင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကော်စတာမှာ ၀က်ဖို့နောက်ခံလူ ကတ်ကာ့တ် ကို ရန်ပြုခဲ့သည့်အတွက် ဒိုင်လူကြီး အင်ဒရီမာရီနာ၏ အ၀ါကဒ်ပြသတိပေးမှုကိုခံခဲ့ရပြီး ယင်းအ၀ါကဒ်မှာ ယခုပထမရာသီဝက်တွင် ကော်စတာ၏ ၅ ကြိမ်မြောက်အ၀ါကဒ်ဖြစ်၍ အလိုအလျောက်ပွဲပယ်ခံရခြင်းဖြစ်သည်။...
Read More

နည်းပြရာထူးမှ နှုတ်ထွက်နိုင်ကြောင်း ဗန်ဟားလ် ထုတ်ဖော်ပြောကြား

စတုတ်စီးတီးအသင်းအား ၂ဂိုးပြတ်ရှုံးပြီးနောက် မန်ယူနည်းပြရာထူးမှ နှုတ်ထွက်နိုင်ကြောင်းဗန်ဟားလ်က ပြောကြားလိုက်သည်။ မန်ယူအသင်းမှာ နောက်ဆုံး၇ပွဲဆက်တိုက်နိုင်ပွဲကင်းမဲ့ခဲ့သည့်နောက် ဖိအားအောက်ရောက်ရှိလာခဲ့ကာ အသင်းမှထုတ်ပယ်ခံရမည်ကိုစိုးရိမ်ပူပန်မှုရှိလာခဲ့ရပြီဖြစ်သည်။ “အသင်းအမှုဆောင်ချုပ်နဲ့ ကိစ္စတစ်ချို့အတွက်ဆွေးနွေးသွားမယ်။ ခင်ဗျားတို့နဲ့မဟုတ်ဘူး။ကလပ်ကထုတ်ပယ်တာမျိုး ကျွန်တော်ကိုယ်တိုင်နှုတ်ထွက်တာမျိုးကအမြဲမရှိခဲ့ဘူး။ တစ်ခါတစ်လေဒီလိုကိစ္စမျိုးကို ကျွန်တော်လုပ်နိုင်တယ်။ ဒါပေမဲ့ အရင်ဆုံးမန်ယူဘုတ်အဖွဲ့နဲ့ကစားပြောမယ်။ ပြီးရင်ကျွန်တော်အဖွဲ့နဲ့ ပြောမယ်။ နောက် ကစားသမားတွေနဲ့ ပြောမယ်။ ခင်ဗျားတို့မီဒီယာနဲ့မဟုတ်ဘူး”ဟုဗန်ဟားလ်က သတင်းမီဒီယာသမားများအားပြောလိုက်သည်။ မန်ယူအသင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှထွက်ခဲ့ရသည့်အပြင် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း...
Read More

Boxing Day ကာလပရီးမီးယားလိဂ်ပွဲကျပ်များက အင်္ဂလန်လက်ရွေးစင်အသင်းကို ထိခိုက်စေနိုင်ဟု ကလော့ပ် သုံးသပ်

ဥရောပထိပ်န်းလိဂ်ပြိုင်ပွဲများရပ်နားထားချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Boxing Day ကာလပွဲကျပ်များဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အဓိက နိုင်ငံတကာပြိုင်ပွဲကြီးများတွင် အင်္ဂလန်အသင်း၏ အခွင့်အရေးများကို ထိခိုက်စေနိုင်သည်ဟု လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်လိုက်သည်။ ကလော့ပ်က လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းမှာ အမှန်တကယ် စွမ်းရည်ပြည့်ဝသော အသင်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သော်လည်း အင်္ဂလန်ရှိလိဂ်ပြိုင်ပွဲများတွင် ဆောင်းရာသီ အားလပ်ရက်မရရှိခြင်းက ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုရရှိရန်...
Read More

နောက်ခံလူကောလင်းနှင့်ဝက်စ်ဟမ်းအသင်း စာချုပ်သစ်ချုပ်ဆို

ဝက်စ်ဟမ်းနောက်ခံလူကောလင်းသည် အသင်းနှင့် ၂ နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုလိုက်ကြောင်း သိရသည်။ အဆိုပါ အသက် ၃၂ နှစ်ရှိ ဗဟိုခံစစ်မှူးသည် လာမည့်နွေရာသီ၌ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်သစ်ကြောင့်ဝက်စ်ဟမ်းတွင် ၂၀၁၈ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။ စာချုပ်သစ်ချုပ်ဆိုမှုနှင့်ပတ်သက်၍ နောက်ခံလူကောလင်းက ”အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ရှေ့ဆက်ရမယ့်အပေါ်မှာ ဘယ်လောက်ထိပျော်ရွှင်သလဲဆိုရင် ပြောပြဖို့စကားလုံးတောင်မရှိပါဘူး။ အသင်းကနေ နောက်တစ်ကြိမ်ထွက်ခွာရမလားဆိုပြီး စိုးရိမ်စိတ်တွေကို ဖြေဖျောက်နိုင်ခဲ့ပါပြီ” ဟု...
Read More

မန်စီးတီးအသင်းအမှတ်တံဆိပ်သစ် လူမှုကွန်ရက်များတွင် ပျံ့နှံ့

လာမည့် Boxing Day ပွဲစဉ်များတွင် ၀တ်ဆင်ကစားမည့်ဂျာစီ၌ အမှတ်တံဆိပ်သစ်ထုတ်ဖော်ပြသရန်စီစဉ်ထားသည့်အချိန်မတိုင်မီ မန်စီးတီးအသင်းအမှတ်တံဆိပ်သစ်မှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ကြောင်းဘီဘီစီ၏သတင်းတစ်ရပ်အရသိရသည်။ အသုံးပြုမည့်အမှတ်တံဆိပ်သစ်သည် ၁၉၉၇ ခုနှစ်အထိ သုံးစွဲခဲ့သည့် အသင်းအမှတ်တံဆိပ်ဟောင်းကိုအနည်းငယ်ဆန်းသစ်ထားခြင်းဖြစ်ပြီး အမှတ်တံဆိပ်မှာ စက်ဝိုင်းပုံအတွင်း လန်ကက်ရှိုင်းယားနှင်းဆီနီ၊ ရိုးရာရွက်လှေပုံနှင့် အသင်းအမည်တို့ပါဝင်ကာ ပရိသတ်များစွာကလည်း အသင်းအမှတ်တံဆိပ်ဟောင်းကို ပြန်လည်အသုံးပြုရန် အလိုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်စီးတီးအသင်းအမှတ်တံဆိပ်သစ်ပုံကို တီထွင်ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်ရုံး၏ ၀က်ဘ်ဆိုက်မှ...
Read More
error: Content is protected !!