ALL POSTS BY Admin

မြန်မာ ယူ-၁၉ ကစားသမား ၈ဦး ဝမ်းရောဂါ ခံစားနေရ

ရန်ကုန်၊စက်တင်ဘာ ၂၇။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အသင်းမှ ကစားသမား ၈ဦး ဝမ်းရောဂါ ခံစားနေရပြီး အဓိက ကစားသမား ၂ဦး ဒဏ်ရာရနေကြောင်း မြန်မာ ယူ-၁၉ အသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်ခ်ျ က စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပခဲ့သည့် အုပ်စုအကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။...
Read More

အမျိုးသမီး ဆီမီးပရိုလိဂ် ၂၀၁၆ တွင် အသင်း ၈သင်းဖြင့် ကျင်းပမည်

ရန်ကုန်၊စက်တင်ဘာ ၂၇။ အောင်သော်ဖြိုး။ မြန်မာအမျိုးသမီး ဘောလုံးလောက မျိုးဆက်ပြတ်တောက်နေသည့် ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက်အ သင်း ၈သင်းပါဝင်မည့် အမျိုးသမီး ဆီမီးပရိုလိဂ်ကို ၂ဝ၁၆ ခုနှစ်တွင် ကျင်းပရန် မဖြစ်မနေ စီစဉ်သွားမည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပထမအကြိမ် MFF ညီလာခံတွင် ပြောဆိုခဲ့သည်။ အမျိုးသမီးလိဂ်ကို ဒီနှစ် ကျွန်တော်တို့စဖို့ မဖြစ်နိုင်ပါဘူး။...
Read More

စပိန်ကလပ် ဗလန်စီယာအသင်းက ဧရာဝတီအသင်း လူငယ်ဖွံဖြိုးရေး အစီအစဉ်များကို ကူညီမည်

ရန်ကုန်၊စက်တင်ဘာ ၂၅ အောင်သော်ဖြိုး။ စပိန်နိုင်ငံ၏ နာမည်ကြီး ကလပ်အသင်းဖြစ်သည့် ဗလန်စီယာအသင်းသည်  ဧရာဝတီ ယူနိုက်တက်အသင်း၏ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီသွားမည်ဟု အကြိုသဘောတူညီမှု ရထားကြောင်း ဧရာဝတီ အသင်း မီဒီယာတာဝန်ခံ ဦးအောင်ကျော် က ဆိုသည်။ ဧရာဝတီအသင်း၏ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဗလင်စီယာအသင်းက မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်...
Read More

အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ လက်မှတ် အထူးတန်း ၁ဝဝဝ၊ ရိုးရိုးတန်း ၅ဝဝ သတ်မှတ်

ရန်ကုန်၊စက်တင်ဘာ ၂၅။ အောင်သော်ဖြိုး။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာလ ၂၅ရက်နေ့ ညနေ ၄နာရီတွင် ရတနာပုံ အသင်း နှင့် ဧရာဝတီ အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ အဖြစ် အထူးတန်း ၁ဝဝဝကျပ်၊ ရိုးရိုးတန်း ၅ဝဝကျပ် သတ်မှတ်ထားကြောင်းမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က...
Read More

မြန်မာ ယူ-၁၉ အသင်း အုပ်စုအဖွင့်ပွဲစဉ်ကို ပရိသတ်မပါဘဲ ယှဉ်ပြိုင်ရမည်

ရန်ကုန်၊စက်တင်ဘာ ၂၅။ အောင်သော်ဖြိုး။ မြန်မာ ယူ-၁၉ အသင်းသည် အာရှဘောလုံအဖွဲ့ချုပ်မှ ပြစ်ဒဏ်ချမှတ်မှုကြောင့် လာမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့်  ဘရူနိုင်းနှင့် ပွဲစဉ်တွင် အိမ်ကွင်းပရိသတ်မပါဘဲ ကစားရမည်ဖြစ်ကြောင်း မြန်မာယူ-၁၉ အသင်းမီဒီယာတာဝန်ခံဦးရဲမင်းဝင်းကဆိုသည်။ ၂ဝ၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ယူအေအီးနှင့်ပွဲစဉ်၌ ကွင်းအတွင်း ပရိသတ်များ ဝင်ရောက်အောင်ပွဲ ခံခဲ့သည့်...
Read More

အာဆင်နယ်၏ (၁၁)နှစ်ကြာ အမှတ်ပေးချန်ပီယံဖလား လက်မဲ့ဖြစ်ခြင်းကို အံအားသင့်မိဟု ရာနီရေးနီပြော

အာဆင်နယ်အသင်းအနေဖြင့်(၁၁)နှစ်ကြာမြင့်သည်အထိအမှတ်ပေးချန်ပီယံဆုနှင့်ကင်းကွာနေခြင်းအပေါ်အံအားသင့်မိသည် ဟုလက်စတာအသင်းနည်းပြရာနီရေးနီက ၀န်ခံပြောကြားလိုက်သည်။ ရာနီရေးနီသည် ချဲလ်ဆီးအသင်းတွင် ၂၀၀၀ခုနှစ်မှ ၂၀၀၄ခုနှစ်ထိနည်းပြခဲ့သူဖြစ်ကာ အာဆင်နယ်အသင်းမှ ၂၀၀၃-၀၄ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့်အမှတ်ပေးချန်ပီယံဆုရယူပြီး ယင်းနောက်ပိုင်းတွင်အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိတော့ဘဲရာနီရေးနီမှာလည်းယခုနှစ်ဘောလုံးရာသီတွင်မှပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းသို့ ပြန်လည်ရောက်ရှိ လာပြီးယခုတစ်ပတ်နှစ်သင်းထိပ်တိုက်မရင်ဆိုင်မီယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ “ကျွန်တော်ချဲလ်ဆီးမှာရှိတုန်းက အာဆင်နယ်အသင်းဟာ ရှုံးပွဲမရှိစံချိန်နဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တယ်။ ဒါဟာ မယုံနိုင်လောက်အောင်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ သူတို့ဟာချန်ပီယံဆုနဲ့...
Read More

မန်ယူအသင်း ပွဲချောင်သည့် capital one စတုတ္ထအဆင့်ပွဲစဉ်ထွက်ပေါ်

Capitaloneစတုတ္ထအဆင့်ပွဲစဉ်များထွက်ပေါ်လာရာနယူးကာဆယ်ကိုကျော်ဖြတ်လာသည့် ရှက်ဖီးဝမ့်နက်စ်ဒေးအသင်းသည် အာဆင်နယ်နှင့် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်ပိုင်းကျဆင်းမှုရင်ဆိုင်နေရသည့် လီဗာပူးအသင်းမှာ capital one တတိယအဆင့်တွင် ကာလစ္စလီသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး ယခုစတုတ္ထအဆင့်တွင်  ဘုန်းမောက်အသင်းကို အိမ်ကွင်းတွင် ဧည့်ခံကစားရမည်ဖြစ်သည်။ ထို့အပြင်မန်ယူအသင်းမှာလည်းအိမ်ကွင်းတွင်ချန်ပီယံရှစ်ကလပ်မစ်ဒယ်ဘရော့အသင်းကိုလည်းကောင်း၊ခရစ္စတယ်ပဲလေ့စ်မှာ မန်စီးတီးအသင်းကွင်းသို့လည်းကောင်းသွားရောက် ကစားရမည်ဖြစ်သည်။ လက်ရှိCapitalOneချန်ပီယံချဲလ်ဆီးသည်စတုတ်စီးတီးကွင်းသို့သွားရောက်ကစားရမည်ဖြစ်ကာပရီးမီးယားလိဂ်အသင်းခြင်း  တွေ့ဆုံမှုအဖြစ်ဆောက်သမ်တန်နှင့်အက်စ်တွန်ဗီလာ၊ အဲဗာတန်နှင့် နောဝစ်ခ်ျတို့ကစားရမည်ဖြစ်သည်။ Capital one စတုတ္ထအဆင့်ပွဲစဉ်များ မန်စီးတီး...
Read More

ခြေစစ်ပွဲနောက်ဆုံးအဆင့်သို့ ဗီယက်နမ်အမျိုးသမီးအသင်းတက်ရောက်

ရန်ကုန်၊စက်တင်ဘာ ၂၃။ အောင်သော်ဖြိုး။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံး ခြေစစ်ပွဲ ဒုတိယအဆင့်၊ အုပ်စု (G) အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် တရုတ်တိုင်ပေ အသင်းတို့ တွေ့ဆုံသည့် ပွဲစဉ်တွင် မြန်မာအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ဗီယက်နမ်အသင်း အုပ်စုဗိုလ်အဖြစ်...
Read More

မြန်မာနှင့် ခြေစမ်းမည့် ထိုင်းအသင်း အဓိက ကစားသမား ၁ဝဦးချန်လှပ်ထား

ရန်ကုန်၊စက်တင်ဘာ ၁၉။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အကြို ပြင်ဆင်မှု အဖြစ် မြန်မာယူ-၁၉အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံ ထိုင်းအသင်း နှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် စက်တင်ဘာလ ၂ဝရက် တွင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုင်းအသင်းတွင် အဓိက ကစားသမား ၁ဝဦးမပါဝင်လာကြောင်း ထိုင်းအသင်းနည်းပြက...
Read More

ထိုင်း နှင့် မြန်မာအမျိုးသမီးအသင်းပွဲစဉ်မှ ပရိသတ် အပြုအမူများကြောင့် FIFA အရေးယူဖွယ်ရှိ

ရန်ကုန်၊စက်တင်ဘာ ၁၉။ အောင်သော်ဖြိုး။ ၂၀၁၆ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ် တစ်ခု ဖြစ်သော မြန်မာနှင့်ထိုင်း အမျိုးသမီးအသင်းတို့ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် မြန်မာ ပရိသတ်အချို့ ကွင်းအတွင်းသို့ အရာဝတ္ထု များဖြင့် ပစ်ခဲ့သည့်အတွက် ပွဲကို ခဏရပ်နားခဲ့ရပြီးအဆိုပါ ဖြစ်ရပ်ကို မြန်မာ-ထိုင်းပွဲစဉ် ကိုင်တွယ်သည့် ပြိုင်ပွဲ...
Read More
error: Content is protected !!