ALL POSTS BY Admin

ခြေစစ်ပွဲအောင်ရေး ဗီယက်နမ်နှင့် ပွဲမတိုင်မီ ၉မှတ်ရယူရန်လိုအပ်ဟု မြန်မာ ယူ-၁၉ နည်းပြချုပ် ပြော

ရန်ကုန်၊အောက်တိုဘာ ၁။ အောင်သော်ဖြိုး။ မြန်မာယူ-၁၉အသင်းနေဖြင့် အာရှယူ-၁၉ ခြေစစ်ပွဲ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ရေးအတွက် အဓိကပြိုင်ဘက် ဗီယက်နမ် အသင်းနှင့် ပွဲစဉ်မတိုင်မီ ကစားရမည့် ၃ပွဲလုံး အနိုင်ရရန်လိုအပ်သည်ဟု ဘရူနိုင်းအသင်းကိုအနိုင်ရခဲ့သည့်ပွဲစဉ်တွင် သတင်းစာရှင်းလင်းပွဲတွင်မြန်မာ ယူ-၁၉ နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်ခ်ျ ကဆိုသည်။ မြန်မာအသင်းအနေဖြင့် ဘရူနိုင်း၊ တီမော၊ ဟောင်ကောင်အသင်းတို့ကို အနိုင်ရမှသာလျှင် အဓိကပြိုင်ဘက် ဗီယက်နမ်အသင်းကို စိတ်ဓာတ်ပိုင်း အသာစီးဖြင့်...
Read More

အိမ်ရှင်မြန်မာ၊ဗီယက်နမ်တို့နှင့် ဆက်တိုက်ကစားရမည်ဖြစ်၍ အုပ်စုတက်ရန် ခက်ခဲပြီဟု တီမောနည်းပြပြော

စက်တင်ဘာ(၃၀)။ အောင်သော်ဖြိုး။ အာရှယူ-၁၉ ချန်ပီယံရှစ်အုပ်စု(ဆ)မှ တီမောအသင်းမှာ ပွဲ(၂)ပွဲကစားပြီးချိန်တွင် ရမှတ်(၄)မှတ်ရရှိကာ ဦးဆောင်သူနေရာကိုရရှိထားသော်လည်း ရှေ့ကစားမည့်ပွဲများတွင် အိမ်ရှင်မြန်မာ၊ ဗီယက်နမ်အသင်းတို့နှင့် ဆက်တိုက် ယှဉ်ပြိုင်ကစားရ မည်ဖြစ်ရာ အုပ်စုတက်ရန် ခက်ခဲသွားပြီဖြစ်ကြောင်း တီမောအသင်းနည်းပြ တကူးမား ကိုဂါကပြောလိုက်သည်။ အုပ်စုဒုတိယပွဲစဉ်တွင် တီမောအသင်းသည် ဟောင်ကောင်အားဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်းကြောင့် နည်းပြ တကူးမား ကိုဂါက ယင်းကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။ တီမောယူ-၁၉နည်းပြ...
Read More

မိုချန်ဂလာဘတ်နှင့်ပွဲကို မန်စီးတီးအသင်းမှ ကစားသမား(၆)ဦးလွဲမည်

ယနေ့ညတွင် မိုချန်ဂလာဘတ် အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည့်ပွဲစဉ်တွင် မန်စီးတီး အသင်းမှ အားထားရ သည့်ကစားသမား (၆)ဦးလွဲချော်မည် ဖြစ်ကြောင်းသိရသည်။ အသင်းခေါင်းဆောင် နောက်ခံလူ ကွန်ပနီမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိနေသလို ဘယ်နောက်ခံလူ ကလစ်ချီ၊ ကွင်းလယ်ကစားသမား ဒဲလ်၊ မန်ဂါလာနှင့် နာဆရီအပြင် တိုက်စစ်မှူး ဘိုနေးတို့မှာ ဒဏ်ရာအသီး သီးရရှိထားသဖြင့် ယခုပွဲစဉ်ကို လွဲချော်ကြမည်ဟု သိရသည်။...
Read More

ယနေ့ညတွင်ကစားမည့်ပွဲစဉ်တွင် အဓိက ကစားသမားအချို့ကိုအာဆင်နယ် အနားပေးသွားမည်

အာစင်ဝင်းဂါးသည် ယနေ့ညတွင် အနိုင်ကစားရမည့်ချန်ပီယံလိဂ်ပွဲ အိုလံပီယာကို့စ်နှင့်ပွဲစဉ်တွင် ဂိုးသမားပီတာဆက်ခ်ျအပြင် အဓိက ကစားသမားအချို့ကို အနားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယနေ့ညတွင်ပွဲထွက်ကစားမည့် ဂိုးသမားအော့စပီနာမှာ ဒိုင်နမိုဇာဂရက်အား ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်အဖွင့်ပွဲ စဉ်တွင်လည်း ပွဲထွက်ပါဝင်ခဲ့သူဖြစ်ကာ အာဆင်နယ်အနေဖြင့် အုပ်စုတတိယပွဲစဉ်တွင်လည်း ဘိုင်ယန်မြူးနစ် နှင့် ယှဉ်ပြိုင်ရဦးမည်ဖြစ်၍ ယခုအိုလံပီယာကို့စ်နှင့်ပွဲတွင် နိုင်ပွဲရရန် အရေးတကြီးလိုအပ်နေသည်။ အာဆင်နယ်အသင်းအနေဖြင့်ယခုနှစ်ဘောလုံးရာသီတွင်ပိုမိုတောင့်တင်းသည့်အသင်းအဖြစ်တည်ဆောက် ရန်ရည်ရွယ်ကာ အလှည့်ကျအသုံးပြုသည့်စနစ်ကို ကျင့်သုံးနေသည်။ အဓိကကစားသမားများအနားပေးသွားမည်နှင့်...
Read More

အာရှ ယူ-၁၉ ခြေစစ်ပွဲ အောင်လို၍ အိမ်ရှင်ပြုလုပ်ခြင်း ဖြစ်သည်ဟု ဦးဇော်ဇော်ဆို

ရန်ကုန်၊စက်တင်ဘာ ၂၉။ အောင်သော်ဖြိုး။ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု-ဆပွဲစဉ်များကိုမြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်ကျင်းပခွင့်ရရန်ကြိုးပမ်းခဲ့ခြင်းသည် ခြေစစ်ပွဲ အောင်လိုသောကြောင့် ဖြစ်သည်ဟု  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်ကပထမအကြိမ်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ပြောကြားခဲ့သည်။ ခြေစစ်ပွဲ အောင်လို၍ အိမ်ရှင် အဖြစ်ကျင်းပသည်မှာ မှန်သော်လည်း လက်ရှိအချိန်တွင် ယူ-၁၉ အသင်းမှာ ပြင်ဆင်ချိန် အားနည်းခြင်း၊အဓိကကစားသမားနှစ်ဦး ဒဏ်ရာပြဿနာဖြင့်ရင်ဆိုင်နေရသည့်အတွက် ခြေစစ်ပွဲ အောင်နိုင်ရေးသည်နည်းပြ၏ နည်းဗျူဟာပိုင်း နှင့် ပရိသတ် အားပေးမှုပေါ်တွင် မူတည်နေကြောင်း...
Read More

ဖီဖာတွင် မည့်သည့် မသမာမှုကိုမှ မလုပ်ခဲ့ဟု ဆပ် ဘလတ္တာ ငြင်းဆို

အလွဲသုံး စားပြုမှုနှင့် မသမာမှု တို့ဖြင့် ဆွစ်ဇာလန် အစိုးရက စစ်ဆေးမှု ခံယူနေရသည့် ဘလတ္တာက မိမိအနေဖြင့် စစ်ဆေးချက်များ အမှန် ဖြစ်စေရန် အာဏာပိုင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် ပေးနေကြောင်း နှင့် လာမည့် နှစ် ရွေးကောက်ပွဲ မတိုင်မီ အထိ ဖီဖာ ဥက္ကဌ အဖြစ် ဆက်လက်...
Read More

ဘရူနိုင်းကိုဂိုးပြတ်သွင်းပြီး တီမောအသင်း အုပ်စုဦးဆောင်သူဖြစ်လာ

ရန်ကုန်၊စက်တင်ဘာ ၂၈။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ် တစ်ပွဲအဖြစ် တီမောအသင်း နှင့် ဘရူနိုင်းအသင်းတို့စက်တင်ဘာလ ၂၈ရက်နေ့ ညနေ ၆:၃ဝ ၊ သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တီမောအသင်းခြေစွမ်းကောင်းမွန်ခဲ့ပြီး ဘရူနိုင်းအသင်းကို ဖြင့် အနိုင်ရခဲ့ကာ အုပ်စု(ဆ)ဦးဆောင်သူနေရာကိုရယူနိုင်ခဲ့သည်။ ပွဲစတင်ပြီး ၁ဝမိနစ် အချိန်အတွင်း တစ်ဖက်နှင့်တစ်ဖက်...
Read More

ဟောင်ကောင်ယူ-၁၉ကို ခြေစွမ်းအသာနဲ့ အနိုင်ရခဲ့တဲ့ ဗီယက်နမ် ယူ-၁၉အသင်း

ရန်ကုန်၊စက်တင်ဘာ ၂၈။ အောင်သော်ဖြိုး။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပသည့်  အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (ဆ) အဖွင့်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဟောင်ကောင်အသင်းတို့ စက်တင်ဘာလ ၂၈ရက် ညနေ ၃:၃၀ မိနစ်အချိန်၊ သုဝဏ္ဏ အားကစားကွင်းတွင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ်အသင်းက ဟောင်ကောင်အသင်းကို ခြေစွမ်းအသာဖြင့်ကစား နိုင်ခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရခဲ့သည်။ ပွဲစသည်နှင့်ဟောင်ကောင်အသင်းကိုဗီယက်နမ်အသင်းကဖိအားပေးကစားထားပြီးပွဲချိန်၇မိနစ်တွင်ရရှိသည့်...
Read More

မက်ဆီဒဏ်ရာကြောင့်ကာလအတန်ကြာ နားရမည်ဖြစ်၍ ဘာစီလိုနာတိုက်စစ်အခက်ကြုံနိုင်

ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီသည်လက်စ်ပါးလ်မက်စ်အား(၂-၁)ဂိုးဖြင့်အနိုင်ရသောပွဲစဉ်တွင် ဒူးအရွတ်စုတ်ပြဲသည့်ဒဏ်ရာ ရရှိခဲ့ပြီး (၇)ပတ်မှ (၈)ပတ်ကြာသည်အထိ အနားယူရဖွယ်ရှိကြောင်းသိရသည်။ အသက်(၂၈)နှစ်အရွယ်ရှိမက်ဆီသည်ယင်းဒဏ်ရာကိုပွဲစပြီး(၃)မိနစ်အကြာတွင်ရရှိခဲ့ခြင်းဖြစ်ကာ ဆေးရုံသို့ ချက်ခြင်းတင်ပို့ခဲ့ရကြောင်းသိရသည်။ ဒဏ်ရာကြောင့်ကာလအတန်ကြာအနားယူရမည့် မက်ဆီသည် ဘာစီလိုနာ၏ပွဲစဉ်(၇)ပွဲခန့်ကို လွဲချော်နိုင်ကာ လာမည့်နိုဝင်ဘာ(၂၂)တွင်ရီးရဲလ်နှင့် ယှဉ်ပြိုင်ရမည့်ပွဲစဉ်အမီပြန်လာပါဝင်နိုင်ရန် မျှော်လင့်ထားကြောင်းသိရ သည်။ အသင်း၏အဓိကတိုက်စစ်မှူးမက်ဆီဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်ပြီး နည်းပြအင်းနရစ်က”ကျွန်တော့်ကစား သမားတွေဒဏ်ရာရတိုင်း စိတ်မကောင်းဖြစ်မိတယ်။ အခုမက်ဆီဒဏ်ရာရသွားတော့ ပိုပြီးစိတ်မကောင်းဖြစ်ရ တယ်။ သူမကစားနိုင်ဘူးဆိုပေမယ့် အသင်းရဲ့ နည်းစနစ်ပုံစံကို...
Read More

ကျော်မင်းဦး အနိုင်ဂိုးဖြင့် အောင်ဆန်းဒိုင်း ချန်ပီယံဖြစ်ခဲ့တဲ့ ဧရာဝတီအသင်း

ရန်ကုန်၊စက်တင်ဘာ ၂၇။ အောင်သော်ဖြိုး။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ကြီးမှူးကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲအဖြစ် ရတနာပုံအသင်း နှင့် ဧရာဝတီ အသင်းတို့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၄နာရီ၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဧရာဝတီအသင်းက ရတနာပုံအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို  ရခဲ့သည်။ ရတနာပုံအသင်းက အောင်သူ၊...
Read More
error: Content is protected !!