ALL POSTS BY Admin

ပြင်ဆင်ချိန်အနည်းငယ်ဖြင့် အဆင့်အတန်းမြင့်မားသည့် အသင်းများကိုအနိုင်ယူရန်မဖြစ်နိုင်ဟု မြန်မာယူ၁၉နည်းပြပြော

အောက်တိုဘာ ၆။ အောင်သော်ဖြိုး။ AFC U-19 ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် ဗီယက်နမ်အသင်းအားရှုံးနိမ့်ပြီးနောက် မြန်မာယူ-၁၉အသင်းနည်းပြဂတ်ဖရိုင်းဒရစ်ခ်ျ ယခုပြိုင်ပွဲအတွင် ပြင်ဆင်ချိန်နည်းပါးခဲ့ခြင်းက အဆင့်အတန်းမြင့်မား သည့်အသင်းမျိုးကိုယှဉ်ပြိုင်အနိုင်ယူရန်မှာ မဖြစ်နိုင်ကြောင်းပြောကြားလိုက်သည်။ အိမ်ရှင် မြန်မာယူ-၁၉အသင်းမှာ ဗီယက်နမ်အသင်းမှာ ပွဲချိန်(၁၉)မိနစ်တွင် သွင်းယူခဲ့သည့် တစ်လုံးတည်း သောဂိုးဖြင့် ရှုံးနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် ဗီယက်နမ်အသင်းက ဖိအားပေးနိုင်မှု မြောက်များစွာပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကစားသမားများမှာ သင်ကြားထားသည့်အတိုင်း ကွင်းထဲတွင်...
Read More

ရာနှုန်းပြည့်နိုင်ပွဲဖြင့် ဗီယက်နမ်အသင်း ခြေစစ်ပွဲအောင်မြင်

ရန်ကုန်၊အောက်တိုဘာ ၆။ အောင်သော်ဖြိုး။ အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲ အုပ်စု-(ဆ)၊ နောက်ဆုံးပွဲစဉ် အဖြစ် မြန်မာအသင်း နှင့် ဗီယက်နမ် အသင်းတို့အောက်တိုဘာလ ၆ရက်နေ့၊ညနေ ၆:၃ဝတွင် ယှဉ်ပြိုင်ခဲ့ကြပြီး ဗီယက်နမ် က မြန်မာအသင်းကို ၁-၀ဖြင့် အနိုင်ရခဲ့ကာ အုပ်စုပထမဖြင့် နောက်တစ်ဆင့်တက်ခဲ့သည်။ မြန်မာအသင်းတွင် တီမော အသင်းနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သည်...
Read More

မြန်မာ အသင်းနှင့် တီမော အသင်း ပွဲစဉ်များ အနိုင်ရ ခဲ့သင့်သည်ဟု ဟောင်ကောင်နည်းပြဆို

နောက်ဆုံးပွဲတွင် အနိုင် ၃မှတ် ရယူနိုင်ခဲ့သည့် ဟောင်ကောင်နည်းပြ ဂျင်မီနက်စ်က မြန်မာနှင့် တီမော ပွဲစဉ်များတွင် မိမိတို့ အနိုင်ရသင့် ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ဟောင်ကောင် ယူ-၁၉ ဘောလုံး အသင်းသည် AFC U-19 ခြေစစ်ပွဲ အုပ်စု (G) နောက်ဆုံးပွဲတွင် ဘရူနိုင်းအသင်း ကို ၅-၀ ဂိုးဖြင့်...
Read More

ယခုတစ်ပတ်အတွင်း ကလော့ပ်အား နည်းပြသစ်ခန့်အပ်နိုင်ရန် လီဗာပူးမျှော်မှန်း

လာမည့်သောကြာနေ့တွင်နည်းပြဘရန်ဒန်ရောဂျာ၏ နေရာကိုယာဂင်ကလော့ပ်နှင့်အစားထိုးခန့်အပ်နိုင်ရန် လီဗာပူးအသင်း မျှော်မှန်းထားကြောင်း ဘီဘီစီမှဖော်ပြသည့် သတင်းတစ်ရပ်အရသိရသည်။ လီဗာပူးအသင်းနည်းပြသစ်ဖြစ်လာရန် အန်ဆလော့တီထက် ယာဂင်ကလော့ပ်မှ ပိုမိုရေပန်းစားလျက်ရှိပြီး ယင်းဂျာမန်လူမျိုးနည်းပြမှာ လီဗာပူးအသင်းနည်းပြရာထူးအတွက် စိတ်ဝင်စားနိုင်ကြောင်း အဆိုပါသတင်း တစ်ရပ်တွင်ဆက်လက်ဖော်ပြထားသည်။ ယာဂင်ကလော့ပ်၏တာဝန်ရှိသူများနှင့် လီဗာပူးအသင်းတာဝန်ရှိသူများအကြား ဆွေးနွေးမှုမှာ တိုးတက်လာမှုရှိ နေပြီး လာမည့်အောက်တိုဘာ(၁၇)တွင် စပါးနှင့် ကစားမည့်ပွဲမတိုင်မီ စောလျင်စွာ နည်းပြခန့်အပ်နိုင်ရန် လီဗာပူးအသင်းမှ အလိုရှိနေသည်။ ထို့အပြင်...
Read More

သုဝဏ္ဏကွင်းမှာ “ မြန်မာ”သီချင်းသံ လွှမ်းခဲ့သည့် ၁ဝမိနစ်

အောင်သော်ဖြိုး။ အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲ(အုပ်စု-ဆ)ပွဲစဉ်တစ်ပွဲဖြစ်သည့်အိမ်ရှင်မြန်မာအသင်းနှင့်ဟောင်ကောင်အသင်း တို့ ပွဲစဉ် ပွဲပြီးဆုံးရန် ၁ဝမိနစ်သာလိုတော့သည်။ ရိုးရိုးတန်း ပွဲကြည့်စင်ဘက်မှ ပရိသတ်တချို့ထပြန်သွားကြသည်။ အဝေးမှ မြင်နေရသည့် ပုံစံအရ မိမိနိုင်ငံ အသင်း ထင်မှတ်ထားသလို မစွမ်းဆောင်နိုင်၍ စိတ်ပျက်လက်ပျက်  ပြစ်တင်ဝေဖန်နေကြပုံ။ ထိုအချိန်က ဟောင်ကောင် ၁-၀ မြန်မာ။ မြန်မာ-ဟောင်ကောင်ပွဲ မတိုင်မီ ဗီယက်နမ်-တီမော ပွဲစဉ်တွင် ဗီယက်နမ်က ၂-၁...
Read More

ပရိတ်သတ်အချို့၏ အားပေးပုံနှင့် ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် နည်းပြဂတ်ဖရိုင်းဒရစ်မေးခွန်းထုတ်

မြန်မာယူ၁၉အသင်းသည် ဟောင်ကောင်ယူ၁၉အသင်းအား ပွဲပြီးဆုံးခါနီးအချိန်တွင်အောင်မိုးသူသွင်းယူသည့်  ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပရိသတ်အချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး နည်းပြ ဂတ်ဖရိုင်းက မေးခွန်း ထုတ်လိုက်သည်။ မြန်မာအသင်းအားပွဲချိန်(၇၂)မိနစ်တွင် ဟောင်ကောင်အသင်းဘက်မှ ဦးဆောင်ဂိုးသွင်းယူပြီးနောက် အိမ်ရှင်ပရိ သတ်တစ်ဦးမှ ကွင်းအတွင်းဝင်ရောက်ခဲ့ခြင်းအတွက်ကြောင့် ပွဲအားခေတ္တရပ်နားခဲ့ရကာ ယင်းကဲ့သို့ ပရိသတ်အ ချို့၏လုပ်ရပ်နှင့် ပတ်သက်ပြီး မြန်မာယူ၁၉နည်းပြ ဂတ်ဖရိုင်းကပြောခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်နှင့် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် နည်းပြဂတ်ဖရိုင်းဒရစ်က” မြန်မာအသင်းပရိသတ်တွေကို...
Read More

မြန်မာနှင့်ပွဲတွင် အိမ်ရှင်ပရိသတ်ကြောင့် ဖိအားတစ်ခုဖြစ်လာနိုင်ကြောင်း ဗီယက်နမ်နည်းပြသုံးသပ်

အောက်တိုဘာ၎။ အောင်သော်ဖြိုး။ AFC U-19 CHAMPIONSHIP BAHRAIN 2016 QUALIFIERS အုပ်စု(ဆ)ခြေစစ်ပွဲစဉ်တွင် ဗီယက်နမ်ယူ၁၉ အသင်းမှာ အရှေ့တီမောယူ၁၉အသင်းအား (၂-၁)ဂိုးဖြင့်အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ရန် အကောင်းဆုံးအနေ အထားသို့ရောက်ရှိလာခဲ့ပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်သည့် အိမ်ရှင်မြန်မာအသင်းနှင့်ပွဲစဉ်တွင် အိမ်ရှင်ပရိသတ် အင်အားမှာ ဖိအားတစ်ခုအဖြစ်ရှိလာမည်ဟု ဗီယက်နမ်အသင်းနည်းပြကပြောလိုက်သည်။ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ပွဲစဉ်မှာ ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ရန် အဆုံးအဖြတ်ပေးမည့်ပွဲစဉ် ဖြစ်ပြီး အိမ်ရှင်အသင်းအား...
Read More

ဘိုလော့ဂ်နာအား အရေးကြီးဆုံးပွဲစဉ်တစ်ခုအသွင်ကစားမည်ဟု ဂျူဗီနည်းပြပြော

ဂျူဗီနည်းပြအယ်လ်လီဂရီက ဘိုလော့ဂ်နာနှင့် ယနေ့ကစားမည့်ပွဲစဉ်တွင် ကောင်းမွန်သည့် ကစားပုံပြသရန်လို ပြီးယင်းပုံစံကောင်းမှာ ရလဒ်ကောင်းများကိုရယူပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျူဗင်တပ်အသင်းသည် စီးရီးအေအိမ်ကွင်း(၃)ပွဲကစားပြီးချိန်ထိ နိုင်ပွဲမရသေးရာ ယခုဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် နိုင်ပွဲရယူရန်အတွက် ကောင်းမွန်သည့်ကစားပုံပြနိုင်ရန်မှာ အဓိကအချက်ဖြစ်ကြောင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ အယ်လ်လီဂရီက”ဒီနေ့ပွဲမှာ ကျွန်တော်တို့နိုင်ပွဲရဖို့လိုအပ်နေတယ်။ ဒါကြောင့် ကစားပုံကောင်းတစ်ခုကိုပြသဖို့ တော့လိုတယ်။ ကစားပုံကောင်းပြသနိုင်မှုက ရလဒ်ကောင်းတွေကိုဆက်တိုက်ဖြစ်စေနိုင်မယ်လို့ ကျွန်တော်ယုံ ကြည်တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲက စီးရီးအေပြိုင်ပွဲနဲ့ လုံးဝကို...
Read More

ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် မိနစ်(၂၀)အတွင်း(၅)ဂိုးသွင်းပြီး အဂူရိုစံချိန်တင်

မန်စီးတီးတိုက်စစ်မှူးအဂူရိုသည် နယူးကာဆယ်ကိုအနိုင်ရခဲ့သည့် ပွဲစဉ်တွင် တစ်ဦးတည်းမှ (၂၀)မိနစ်အတွင်း (၅)ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။ ယခင်က တစ်ဦးတည်းမှ (၅)ဂိုးသွင်းယူနိုင်သူများအဖြစ် အင်ဒီကိုးလ်(မန်ယူ)၊ အလန်ရှီးယား(နယူးကာဆယ်)၊ ဒီဖိုး(စပါး)၊ဘာဘာတော့ဗ်(မန်ယူ)တို့ဖြစ်ပြီး အဂူရိုအနေဖြင့် တစ်ပွဲတည်း(၅)ဂိုးသာမကဘဲ အမြန်ဆုံး(၅)ဂိုးသွင်း သူပါဖြစ်လာသည်။ ၎င်းအနေဖြင့် (၄၂)မိနစ်မှာပထမဂိုးစတင်သွင်းခဲ့တာဖြစ်ပြီး သူ့ရဲ့(၅)ဂိုးမြောက်ဂိုးကို (၆၂)မိနစ်မှာသွင်းယူခဲ့ခြင်း ဖြစ်သည်။ အဂူရိုမှ ယင်းကဲ့သို့ မှတ်တမ်းမတင်နိုင်ခင် ဒီဖိုးက...
Read More

ချဲလ်ဆီးနည်းပြရာထူးမှ နုတ်ထွက်မည်မဟုတ်ဟု မော်ရင်ဟို ထုတ်ဖော်ပြောကြား

ချဲလ်ဆီးနည်းပြမော်ရင်ဟိုက မိမိအားအသင်းမှ ထုတ်ပယ်ခွင့်ရှိသော်လည်း မိမိကိုယ်တိုင်ရာထူးမှ နုတ်ထွက် မည်မဟုတ်ကြောင်း ပြောလိုက်သည်။ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းမှာ အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်တွင် ဆောက်သမ်တန်အား (၃-၁)ဂိုးဖြင့် ရှုံးပြီး အမှတ်ပေးပွဲ(၈)ပွဲကစားပြီးချိန် (၄)ပွဲမြောက် အရှုံးပွဲကိုတွေ့ကြုံခဲ့သည်။ “ကျွန်တော်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောရရင် ပထမအနေနဲ့ ဒီအရှုံးရလဒ်တွေအတွက် ရှောင်ပြေးမှာမဟုတ် ဘူး။ ဒုတိယအနေနဲ့ အသင်းကကျွန်တော့်ကို ထုတ်ပယ်ချင်ရင် ထုတ်ပယ်နိုင်တယ်။ ဒါပေမဲ့ မိမိအနေနဲ့...
Read More
error: Content is protected !!