ALL POSTS BY Admin

့အန်ကောအသင်းကို ရှုံးနိမ့်ကာ တိုယိုတာမဲခေါင်ပြိုင်ပွဲတွင် ရန်ကုန်အသင်း အုပ်စုအဆင့်ဖြင့် ကျေနပ်ရ

နိုဝင်ဘာ ၂၉။ အောင်သော်ဖြိုး။ တိုယိုတာမဲခေါင်ဖလား ဒုတိယ ပွဲစဉ်အဖြစ် ရန်ကုန်အသင်း နှင့် အန်ကောအသင်းတို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် National Olympic Stadium တွင် ညနေ ၆နာရီတွင် ယှဉ်ပြိုင်ခဲ့ကြပြီး အန်ကောအသင်းက ရန်ကုန်အသင်းကို ၃-၀ ဖြင့် အနိုင်ရခဲ့သည့်အတွက် ရန်ကုန်အသင်းမှာအုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ရန်ကုန်အသင်းတွင် ပွဲထွက်လူစာရင်းတွင် စာချုပ်သက်တမ်းတိုးခဲ့သည့်...
Read More

ဝှိုက်ဟတ်လိန်းမှာ အပြန်အလှန်ကစားပြီး သရေ ၁ မှတ်စီ စပါးနဲ့ ချဲလ်ဆီးခွဲယူ

အမှတ်ပေးဇယားအောက်ကိုရောက်နေတဲ့ချဲလ်ဆီးအသင်းဟာ အဝေးကွင်းမှာ အိမ်ရှင်စပါးအသင်းကို အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့်သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ နှစ်သင်းစလုံးဟာ တိုက်စစ်ဖွင့်ကစားခဲ့ ပေမယ့်  သေချာပေါက်ဂိုးရလုနီးပါးအခြေအနေတွေကို ဖန်တီးနိုင်ခဲ့ခြင်းမရှိတာကြောင့်လည်း အခုလိုရလဒ်မျိုးထွက်ပေါ် လာခဲ့ရတာပါ။ နှစ်သင်းစလုံးတိုက်စစ်ဦးစားပေးတဲ့ ၄-၃-၃ ပုံစံကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ချဲလ်ဆီးအသင်းဟာ ဟာဇက်၊ ဝီလျံ၊ ပီဒရိုတို့ကိုတိုက်စစ်မှာ အထောင်ထားပြီး ကွင်းလယ်မှာ မာတစ် ၊ ဖာဘရီဂတ် ၊ အော်စကာ တို့ပါဝင်လာခဲ့ပါတယ်။ စပါးအသင်းတိုက်စစ်ကိုလည်း ဟာရီကိန်း...
Read More

ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်ယူ၊မန်စီးတီး၊အာဆင်နယ်၊လီဗာပူးနှင့် စပါးအသင်းတို့အားပြိုင်ရမည်ဟု အွန်နရီ သုံးသပ်

အာဆင်နယ်ယူ-၁၉အသင်းနည်းပြ အွန်နရီက ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အသင်း ၅ သင်းအားပြိုင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ အွန်နရီက ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရရှိရန်  မန်ယူ၊ မန်စီးတီး ၊ အာဆင်နယ် ၊ စပါး ၊ လီဗာပူး တို့ အခွင့်အရေးရှိနေကြောင်း ဆိုခဲ့ပြီး လက်ရှိအချိန်တွင် ခြေစွမ်းပြနေသော လက်စတာအသင်းမှာ အွန်နရီ၏ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မည့်အသင်းများ စာရင်းထဲတွင် မပါဝင်ခဲ့သလို...
Read More

ပရီးမီးယားလိဂ်သို့လာခဲ့ပါက ဂွါဒီယိုလာ မန်ယူအသင်းနည်းပြဖြစ်လာဖွယ်ရှိကြောင်း Daily Mail သတင်းစာဖော်ပြ

ဘိုင်ယန်မြူးနစ် အသင်းနှင့်လာမည့်နွေရာသီတွင် စာချူပ်သက်တမ်း ကုန်ဆုံး တော့မည်ဖြစ်သောနည်းပြဂွါဒီယိုလာသည် ပရီးမီးယားလိဂ်တွင်နည်းပြရန်ဆုံးဖြတ်ခဲ့ပါကာ  မန်ယူအသင်းကိုသာနည်းပြဖွယ်ရှိနေကြောင်း ယင်းနည်းပြနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းမှ ထွက်ပေါ်လာ သောသတင်းများအား အင်္ဂလန်နေ့စဉ်ထုတ်သတင်းစာ Daily Mail ကဖော်ပြခဲ့သည်။ ဘိုင်ယန်မြူးနစ်အနေဖြင့် စာချုပ်သက်တမ်းအနည်းငယ်သာကျန်တော့သည့် နည်းပြဂွါဒီယိုလာအား သက်တမ်းတိုးလိုနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်က ဘိုင်ယန်မြူးနစ်အထွေထွေအစည်းအဝေးတွင် အထွေထွေအမှုဆောင်ချုပ် ကားလ်ရူမင်နစ်ဂီက ဂွါဒီယိုလာနေရာအခြားနည်းပြနှင့် အစားထိုးရန်မှာ ခက်ခဲမည်ဖြစ်ကြောင်းသိရသည်။ မန်စီးတီးအသင်းသည် ဘာစီလိုနာတွင်...
Read More

သြစတေးလျကလပ်အသင်းကို အနိုင်ရကာ MIC ဖူဆယ်အသင်း တတိယဆုရရှိ

နိုဝင်ဘာ ၂၉။ အောင်သော်ဖြိုး။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နိုဝင်ဘာလ ၂၂ရက်နေ့မှ ၂၉ရက်နေ့ အထိကျင်းပခဲ့သည့်AFF INVITATIONAL CLUB CHAMPIONSHIP 2015 ကို ဝင်ရောက်ယှဉ်ပြိုင်သည့် မြန်မာ ဖူဆယ်ကလပ် MIC အသင်းသည် တတိယလုပွဲတွင် သြစတေးလျ ကလပ်East Cost Heat FC နှင့် ယှဉ်ပြိုင်ခဲ့ပြီး ၄-၂...
Read More

ဆိုစီဒက်အားဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄မှတ်အသာဖြင့် ဘာစီလိုနာ ဆက်လက်ဦးဆောင်

ဘာစီလိုနာအသင်းသည် ဆိုစီဒက်အား၎ဂိုးပြတ်အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ၄ မှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါပွဲစဉ်တွင် တိုက်စစ်မှူးမက်ဆီသည် ဒဏ်ရာကြောင့်၂လကြာနားနေရာမှ ၎င်းအတွက် ပထမဦးဆုံးလာလီဂါဂိုးကို သွင်းယူနိုင်ခဲ့သည်။မက်ဆီသည် စက်တင်ဘာ ၂၆ ရက်နေ့က လက်စ်ပါးမက်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် ဒူးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာအသင်းသည် အိမ်ကွင်းတွင် ဆိုစီဒက်အသင်းအား နေမာ ၊ ဆွာရက်ဇ်တို့၏...
Read More

ဆက်လက်ဂိုးသွင်းနိုင်ရန် ကြိုးပမ်းဦးမည်ဟု စံချိန်ရှင်ဗာဒီ ပြော

လက်စတာတိုက်စစ်မှူးဗာဒီသည် နစ္စတယ်ရွိုင်းတင်ထားသည့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၁၀)ပွဲဆက်တိုက် ဂိုးသွင်းသည့်မှတ်တမ်းအား ပထမဦးဆုံးချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ ဗာဒီသည် မန်ယူနှင့် (၁-၁)ဂိုးသရေကျခဲ့သည့်ပွဲစဉ်တွင် ဂိုးသွင်းနိုင်ခဲ့သည့်အတွက်ကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၁၁ပွဲဆက်တိုက်ဂိုးသွင်းနိုင်သူဖြစ်လာခဲ့သည်။ နစ္စတယ်ရွိုင်းသည် ၂၀၀၃ဘောလုံးရာသီက ပရီးမီးယားလိဂ် ၁၀ပွဲဆက်တိုက်ဂိုးသွင်းကာ စံချိန်တင်ထားနိုင်သူဖြစ်သည်။မန်ယူနှင့်ပွဲစဉ်တွင် ဗာဒီဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၎င်းသွင်းဂိုးမှာ ၁၄ဂိုးရှိလာခဲ့ပြီဖြစ်သည်။ စံချိန်သစ်တင်နိုင်ခဲ့သူဗာဒီမှာ လွန်ခဲ့သည့် ၄နှစ်က ပရိသတ်၇၀၀ကျော်အားပေးသည့် အပျော်တန်းလိဂ်အသင်းတစ်သင်းတွင်ကစားခဲ့သူဖြစ်ကာ စံချိန်သစ်ရေးထိုးနိုင်ပြီးနောက်”စံချိန်ဆိုတာကို ကျွန်တော်စိတ်ထဲမှာ...
Read More

စွဲလမ်းခြင်းရဲ့ပြတ်ရွေ့တောင်တန်းကြီးတွေမြင်တဲ့အခါ …

Nကြယ်မင်း။ ကျွန်တော်တို့သည် စွဲလမ်းရခြင်းကိုချစ်ခင်ကြလေသည်။ တစ်ခုခုကိုတော့စွဲနေရမှ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ဖတ်ရှုလေ့လာခဲ့သည်များ၊ အဲ့ဒီကနေပဲ ဘာကိုစွဲရမလဲရွေးကြရလေသည်။ကောင်းသောအစွဲဖြစ်ဖို့ တာဝန်ရှိသူများနှင့်မိမိကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း အဲ့ဒါကသိပ်မသေချာ၊ တစ်ချို့က မကောင်းမှုကိုစွဲသည်၊ သူတို့သွေးကိုယ်က အဲ့ဒါကိုတောင့်တနေ တတ်ကြတာ။ အပျော်အပါး၊ ခိုးဆိုးလုယက်၊ ကာမပြခန်းများ၊ တစ်ချို့ကတော့လည်း အနုပညာကိုစွဲချင်စွဲမှာပေါ့၊ ဝတ္ထုတွေဖတ်မည်၊ အချစ်ကဗျာတွေစပ်မည်၊ ပြီးတော့ ဂီတ။ လမ်းထိပ်အုပ်ခုံပေါ်က ဂစ်တာဝိုင်းလေးများ။ သေချာတာတစ်ခုကတော့...
Read More

ဇန်န၀ါရီအပြောင်းအရွှေ့တွင် မည်သည့်ကစားသမားမှ ရောင်းထုတ်မည်မဟုတ်ကြောင်း ရော်နယ်ကိုးလ်မန်း သတိပေး

ဆောက်သမ်တန်နည်းပြ ရော်နယ်ကိုးလ်မန်းက ရာသီကုန်တွင် ဥရောပ၀င်ခွင့်ရရှိရန် မျှော်လင့်ထားသည့်အတွက် လာမည့် ဆောင်းရာသီဇန်န၀ါရီကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ပြိုင်ဘက်အသင်းများထံ မည်သည့်ကစားသမားမှ ရောင်းထုတ်မည်မဟုတ်ကြောင်းသတိပေးပြောကြားလိုက်သည်။ ”မန်နီနဲ့ ပတ်သက်ပြီး မန်ယူ၊ ချဲလ်ဆီးတို့ရဲ့ ကမ်းလှမ်းမှုတွေကို ထပ်မံလက်ခံရရှိထားပါတယ်။ ကစားသမားတွေအနေနဲ့အသင်းမှဆက်ရှိနေလိုကြောင်း ထုတ်ဖော်ပြောကြားထားခဲ့တဲ့အတွက် အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်ပါဘူး။ အသင်းအနေနဲ့ လာမည့် အပြောင်းအရွှေ့ဈေးကွက်မှာ မည်သည့်ကစားသမားကိုမှ အသင်းကနေ ရောင်းထုတ်ဖို့မရှိဘူးဆိုတာ အသိပေးချင်ပါတယ် ” ဟု...
Read More

ပရီးမီးယားလိဂ်ချန်ပီယံဆုအား လက်စတာရရှိနိုင်ဟု ဗန်ဟားလ်ဆို

မန်ယူနည်းပြဗန်ဟားလ်က အမှတ်ပေးဇယားအား ဦးဆောင်နေသည့် လက်စတာအသင်း၏ ခြေစွမ်းမှာ အံအားသင့်ဖွယ်အနေအထားဖြစ်သော် လည်း နည်းပြရာနီရေးနီ၏ နည်းစနစ်ပိုင်းများကြောင့် ပါဝင်ကြောင်း၊ ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအား ရရှိရန်လည်းအခြေအနေ ကောင်းကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ပရီးမီးယားလိဂ်ပွဲစဉ် ၁၃အပြီး ရှုံးပွဲတစ်ပွဲတည်းသာရှိသေးသည့် လက်စတာအသင်းသည် လက်ရှိအမှတ်ပေးဇယားအား ဦးဆောင်နေသည့်အ ပြင် ရှုံးပွဲအနည်းဆုံးအသင်းအဖြစ်ရပ်တည်လျက်ရှိသည်။ “ဂျိမ်းစ်ဗာဒီဆိုတာက မန်ယူနောက်တန်းကစားသမားတွေအတွက် တကယ်ကိုထိန်းချုပ်ရခက်တဲ့ ကစားသမားသမားတစ်ဦးပါ။ နည်းပြရာနီရေး...
Read More
error: Content is protected !!