ALL POSTS BY Admin

ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ်ဥက္က၏အား ရာထူးမှနုတ်ထွက်ရန် လက်ရွေးစင်ကစားသမားများတောင်းဆို

ဗင်နီဇွဲလားလက်ရွေးစင်အသင်းသားများသည် လက်ရွေးစင်အသင်းအတွက် ထောက်ပံ့မှုနည်းပါးသည့်အပြင်ငွေကြေးလိမ်ညာမှုများ၊ အလွဲသုံးစားမှုများပြုလုပ်မှုများရှိနေကြောင်း သတင်းများထွက်ပေါ်နေသည့် အဖွဲ့ချုပ်ဥက္ကဋ္ဌရာဖေးလ်အား ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။ ဖိအားပေးခြင်းခံရသည့် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသည် ဖီဖာအမှု ဆောင်အဖွဲ့ဝင်များနှင့်အတူ လာဘ်စားမှုများရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြီးခဲ့သည့်မေလတွင်ဆွစ်ဇာလန်ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ၂၀၁၅ ကိုပါအမေရိကပြိုင်ပွဲနှင့်ပတ်သက်၍လည်း ငွေကြေးအလွဲသုံးစားမှုများရှိနေကြောင်း သတင်းဆိုးများထွက်ပေါ်လျက်ရှိသူဖြစ်သည်။ လက်ရွေးစင်အသင်းခေါင်းဆောင် သောမတ်စ်ရိန်ကွန်နှင့် ထိပ်တန်းတိုက်စစ်မှူး ရွန်ဒွန်တို့ ပါဝင်သည့်...
Read More

ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်အကြားတွင် ပြဿနာတစ်စုံတစ်ရာမရှိကြောင်း ဘင်နီတက်ဇ်ဆို

ရီးရဲလ်နည်းပြဘင်နီတက်ဇ်က အဓိကကစားသမားဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နှင့်ကြားတွင် အငြင်းပွားမှုပြဿနာတစ်စုံတစ်ရာမရှိကြောင်း၊ အသင်းရလဒ်ကောင်း ရန်အတွက် အတူတကွဖြေရှင်းရန် ကြိုးစားလျက်ရှိကြောင်း၊ ဘာစီလိုနာနှင့် ရှုံးပွဲအတွက် နိုင်ပွဲများဖြင့် ပြန်လည်ကုစားရန် ပိုမိုအာရုံစိုက်နေကြောင်းထုတ်ဖော် ပြောကြားခဲ့သည်။ ” ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဆိုတာက နိုင်ငံလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်သလို အသင်းအတွက်လည်း အရေးပါဆုံးကစားသမားတွေထဲကတစ် ယောက်ပါ။ ဒါပေမဲ့ ရီးရဲလ်လိုအသင်းမျိုးမှာ နေရာအမြဲရဖို့ မလွယ်ကူပါဘူး။ ထိပ်သီးကစားသမားတွေဖြစ်တဲ့အတွက် ပွဲထွက်ခွင့်ရဖို့အတွက် အပြိုင်အဆိုင်ကြိုး...
Read More

လုံခြုံရေးအခြေအနေကြောင့် လာဇီယိုအသင်းပရိသတ်များ ယူရိုပါလိဂ်ပွဲစဉ်ကြည့်ရှုခွင့် ပိတ်ပင်ခံရ

ပြင်သစ်ကလပ် စိန့်အက်တီယန်၏ အိမ်ကွင်းတွင် ယူရိုပါလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့်ပွဲစဉ်တွင် လုံခြုံရေးအခြေ အနေအကြောင်းပြချက်အရ အဝေးကွင်းသို့သွားရောက်အားပေးမည့် လာဇီယိုအသင်းပရိသတ်များအနေဖြင့် ပွဲကြည့်ရှုခွင့်ပိတ်ပင်ခံရကြောင်း ယင်းစီးရီးအေအသင်းကသတင်းထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုများကြောင့် လူပေါင်း ၁၃၀ကျော် သေဆုံးခဲ့ပြီး ၄၀၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပဲရစ်မြို့အကြမ်းဖက်ခံခဲ့ရပြီးနော က် ပြင်သစ်လိဂ်-၁၊ လိဂ်-၂ ပွဲစဉ်များကို ပုံမှန်အတိုင်းအတိုင်း ယှဉ်ပြိုင်ကစားလျက်ရှိသော်လည်း နိုင်ငံတော်အဆင့် လုံခြုံရေးသတ်မှတ်မှုများကြောင့်...
Read More

ဥရောပအချမ်းသာဆုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာနှင့် မန်ယူတို့အစဉ်လိုက်ဦးဆောင်

စပိန်လာလီဂါထိပ်တန်းအသင်းများဖြစ်သည့် ရီးရဲလ်နှင့် ဘာစီလိုနာတို့သည့် ဥရောပဘောလုံးကလပ်များထဲတွင် ငွေကြေးချမ်းသာမှုအများဆုံးအသင်းအဖြစ်ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ဘဏ္ဍာရေးစစ်တမ်းတစ်ခုအရသိရသည်။ ယင်းစစ်တမ်းအရ ရီးရဲလ်သည်ပေါင်၂.၁၆၁ ဘီလျံဖြင့် ပထမနေရာ ရရှိခဲ့ကာ ဘာစီလိုနာအသင်းက ပေါင် ၂.၀၉၅ ဘီလျံဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ ဥရောပ၏ အချမ်းသာဆုံးအသင်းတတိယနေရာတွင် မန်ယူ၊ စတုတ္တနေရာတွင် မန်စီးတီးနှင့် ပဉ္ဇမနေရာတွင် ဘိုင်ယန်မြူးနစ်ကရပ်တည်လျက်ရှိကာ ချဲလ်ဆီးအသင်းမှာဆဋ္ဌမနေရာတွင်ရပ်တည်လျက်ရှိကြောင်းသိရသည်။ ယခုထုတ်ပြန်ခဲ့သောစာရင်းအရ ထိပ်တန်း၁၀ သင်းစာရင်းတွင်...
Read More

ဘာစီလိုနာ၊ ချဲလ်ဆီးတို့နှင့်အပြိုင် အူဘာမီယန်ကိုခေါ်ယူရန် မန်ယူကြိုးပမ်းမည်ဟုသတင်းထွက်ပေါ်

လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာ၊ ချဲလ်ဆီး၊ အာဆင်နယ်တို့မှ ခေါ်ယူရန်စိတ်ဝင်စားလျက်ရှိသော ဒေါ့မွန်တိုက်စစ်မှူးအူဘာမီယန်ကို မန်ယူအသင်းကလည်း ခေါ်ယူရန်ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း ဗြိတိန်နေ့စဉ်ထုတ်သတင်းစာ Mirror ၏ဖော်ပြချက်အရသိရသည်။ အူဘာမီယန်သည် ယခုနှစ်ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းအတွက် ၁၈ ပွဲကစားခဲ့ရာတွင် ၂၂ ဂိုးသွင်းယူပေးနိုင်ခဲ့သောကြောင့်နည်းပြဗန်ဟားလ်က မန်ယူတိုက်စစ်နေရာဖြည့်တင်းရန် ခေါ်ယူလိုနေခြင်းဖြစ်သည်။ အသက်၂၆ နှစ်ရှိအဆိုပါ ဂါဘွန်လက်ရွေးစင်ကစားသမား၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၄၂ သန်းခန့်ကြောင်းသိရပြီးလက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၀...
Read More

အိုလံပီယာကော့စ်နှင့်ပွဲတွင် ဆန်းချက်ဇ်နှင့်ကာဇိုလာ ပါဝင်နိုင်မည်မဟုတ်၍ ရှုံးထွက်အဆင့်သို့အာဆင်နယ် တက်နိုင်ရန် အခက်ကြုံဖွယ်ရှိ

ပြီးခဲ့သည့်တစ်ပတ်က နော်ဝစ်ခ်ျနှင့်ယှဉ်ပြိုင်ခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်လူကာဇိုလာမှာ ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး တောင်ပံကစားသမားဆန်းချက်ဇ်သည်လည်း တံကောက်ကြောဒဏ်ရာကြောင့် ၃ ပတ်မှာ ၄ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။ ကွင်းလယ်လူကာဇိုလာ၏ ဒူးဒဏ်ရာမှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်းသိရပြီး အနားယူရမည့်ရက်အတိအကျထုတ်ပြန်နိုင်ခြင်းမရှိကြောင်း အာဆင်နယ်က အတည်ပြုခဲ့သည်။ ထို့ကြောင့် အိုလံပီယာကော့စ်နှင့်ယှဉ်ပြိုင်မည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို အဆိုပါကွင်းလယ်လူနှင့် ဆန်းချက်ဇ်တို့လွဲချော်ရမည်ဖြစ်သောကြောင့် ရှုံးထွက်အဆင့်တက်ရောက်နိုင်ရန်အရေးတကြီးလိုအပ်နေသည့် အာဆင်နယ်အတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ခဲ့သည်။ အဆိုပါပွဲတွင်...
Read More

Capital One ဆီမီးဖိုင်နယ်သို့ ၁၉၇၂ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် စတုတ်တက်လှမ်းနိုင်ခဲ့

ပရီးမီးယားလိဂ်ကလပ်စတုတ်စီးတီးသည် ယမန်နေ့ကယှဉ်ပြိုင်ခဲ့သော Capital One ဖလားပြိုင်ပွဲ၌ ရှက်ဖီးWED အသင်းကိုအိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့်အနိုင်ရခဲ့သဖြင့် ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ စတုတ်စီးတီးအတွက် အနိုင်ဂိုးများကို ဘာစီလိုနာတိုက်စစ်မှူးဟောင်း အဖယ်လေက ပွဲချိန် မိနစ် ၃၀ တွင်စတင်သွင်းယူပြီးဒုတိယဂိုးကို ဘရက်စလေက ပွဲချိန် ၇၅ မိနစ်၌ ဗန်ဂျင်ကယ်လ်၏ ပေးပို့မှုမှတစ်ဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။...
Read More

ဘိုင်ယန်မြူးနစ်တွင်ဆက်ရှိနိုင်သည်ဟု ဂွါဒီယိုလာ အရိပ်အမြွက်ပြောကြား

မန်စီးတီးမှ ခေါ်ယူရန်စိတ်ဝင်စားနေသော နည်းပြဂွါဒီယိုလာက ဘိုင်ယန်မြူးနစ်တွင် ဆက်ရှိနေနိုင်သည်ဟုအရိပ်အမြွက်ပြောကြားလိုက်သည်။ စပိန်လူမျိုးနည်းပြဂွါဒီယိုလာက ”ဒီမြို့က စွဲမက်စရာကောင်းတဲ့မြို့ပါ။ ဒီမှာနေရာတာ ကျွန်တော်နဲ့ မိသားစုအတွက်အရမ်းစိတ်ကျေနပ်စရာကောင်းပါတယ်။ ဒီအချက်က ဘိုင်ယန်မြူးနစ်မှာ ဆက်ရှိဖို့အဓိက အကြောင်းအရင်းပါပဲ။ ဒီဇင်ဘာ၁၂ ရက်နေ့မှာကစားမယ့် ဟန်နိုဗာနဲ့ပွဲပြီးရင် ကျွန်တော်နဲ့ဘိုင်ယန်မြူးနစ်တို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုချဖို့ ပြောကြားသွားမှာပါ” ဟု ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်အမှုဆောင်အရာရှိချုပ်ရူမင်နစ်ဂီက အကယ်၍ အသင်းမှဂွါဒီယိုလာထွက်ခွာမည်ဆိုပါက ၎င်း၏နေရာတွင်အစားထိုးရန်အခက်အခဲမရှိကြောင်း ပြီးခဲ့သည့်တစ်ပတ်က...
Read More

ဘရာဇီး တိုက်စစ်မှူးတစ်ဦးကို ရန်ကုန်အသင်း ခြေစွမ်းစမ်းသပ်မည်

ဒီဇင်ဘာ ၂။ အောင်သော်ဖြိုး။ ရန်ကုန်ယူနိုက်တက်အသင်းသို့ ဘရာဇီး တိုက်စစ်မှူး တစ်ဦး ခြေစွမ်း စမ်းသပ်ရန် ဒီဇင်ဘာလ ၁ရက်နေ့ကရောက်ရှိလာပြီး အဆင်ပြေပါက စာချုပ်ချုပ်ဆိုသွားမည်ဟု ရန်ကုန် အသင်း မန်နေဂျာ ဦးမြင့်သိန်း ကဆိုသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် အပြောင်းအရွေ့ ကာလအတွင်း ဘရာဇီးတိုက်စစ်မှူး အက်ဒီဆင် နှင့် ဂိုးသမားဖာနန်ဒိုတို့ကို စာချုပ်ချုပ်ဆိုခဲ့ပြီး သတ်မှတ်နိုင်ငံခြားသားဦးရေ (၃+၁)...
Read More

ဂိုးသမားသစ်ခေါ်ယူမည်မဟုတ်ကြောင်း ကလော့ပ်ပြောကြား

လီဗာပူးနည်းပြယာဂင်ကလော့ပ်က လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ဂိုးသမားသစ်ခေါ်ယူမည်မဟုတ်ဘဲလက်ရှိဂိုးသမားမစ်ဂ်နိုလတ် ကိုစာချုပ်သက်တမ်းတိုး၍ ဆက်လက်ယှဉ်ပြိုင်ခွင့်ပေးမည်ဟု ပြောကြားခဲ့သည်။ နည်းပြကလော့ပ်က ”ဂျာမနီဂိုးသမား၊ စတုတ်ဂိုးသမားနဲ့ အခြားသူတွေရဲ့ အပြောင်းအရွှေ့ပုံပြင်ကို အဆုံးသတ်လိုက်ရလို့စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ဘယ်ဂိုးသမားမှ ခေါ်ယူမှာမဟုတ်ဘူး။ ကျွန်တော်တို့မှာ အရည်းအချင်းပြည့်ဝတဲ့ဂိုးသမားတွေရှိပြီးသားပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ ဂိုးသမားတော်တော်များများနဲ့ လက်တွဲခဲ့ဖူးပါတယ်။ မစ်ဂ်နိုလတ် ကပါးနပ်ပြီးထူးချွန်တဲ့ဂိုးသမားတစ်ယောက်ပါပဲ” ဟု ပြောကြားခဲ့သည်။ လာမည့်အပြောင်းအရွှေ့ကာလတွင် လီဗာပူးနည်းပြကလော့ပ်မှ စတုတ်စီးတီးဂိုးသမားဂျက်ဘတ်လန့်နှင့် ကိုလုံးလူငယ်ဂိုးသမားတိုင်မိုဟွန်းတို့ကို...
Read More
error: Content is protected !!