ALL POSTS BY Admin

မွေးကင်းစသမီးငယ်ကိုဆုံးရှုံးခဲ့သော်လည်း မန်ယူနှင့်ပွဲတွင်ဝင်ရောက်ကစားခဲ့သည့်အက်တာအား ဘုန်းမောက်နည်းပြ ဟိုဝီချီးကျူး

မန်ယူအားအိမ်ကွင်း၌ ၂-၁ ဖြင့်အနိုင်ရခဲ့သောပွဲစဉ်အပြီးတွင်ဘုန်းမောက်နည်းပြဟိုဝီက ကွင်းလယ်လူဟယ်ရီအက်တာအား လုပ်ရပ်အပေါ် အလွန်လေးစားမိကြောင်း ချီးကျူးစကားဆိုခဲ့သည်။ အက်တာတို့ဇနီးမောင်နှံသည်၂ရက်သားအရွယ်သာရှိသေးသည့် မွေးကင်းစသမီးငယ်လေးအားမန်ယူနှင့်ပွဲမတိုင်ခင် ကြာသပတေးနေ့က ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဘုန်းမောက်ကစားသမားများသည်မန်ယူနှင့်ပွဲစဉ်၌အက်တာတို့မိသားစုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လက်ပတ်အနက်များဝတ်ဆင်ကာယှဉ်ပြိုင်ခဲ့ကြသလိုမန်ယူအား ၂-၁ ဖြင့်အံ့အားသင့်ဖွယ်အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကြသည်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ဟယ်ရီအတ်တာနှင့်ပတ်သက်၍ နည်းပြဟိုဝီက “သူဟာဒီနေ့ပွဲကိုကစားချင်ခဲ့ပါတယ်၊ ပွဲကစားဖို့ရွေးချယ်တာက ကျွန်တော့်လက်ထဲမှာရှိပေမယ့် ကျွန်တော်သူနဲ့ စကားပြောကြည့်တဲ့အခါမှာသူ့ကိုပေးကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။ အက်တာနဲ့သူမိသားစုအတွက်ဒီအပတ်ဟာတကယ်ကိုခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေပါ။ ဘဝဆိုတာကတော့ ဒီလိုပါပဲ။သူဟာဒီနေ့ပွဲမှာ တကယ့်ကိုစိတ်ခံစားမှုအပြည့်နဲ့ ယှဉ်ပြိုင်သွားတာခင်ဗျားတို့တွေ့ရမှာပါ။...
Read More

အင်္ဂလန်အသင်းအခက်တွေ့နိုင်သည့် ယူရို၂၀၁၆ပြိုင်ပွဲ အုပ်စုမဲခွဲပွဲပြီးစီး

ပြင်သစ်နိုင်ငံ၌ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များရွေးချယ်ပြီးစီးခဲ့ရာ အုပ်စု (ခ)၌ အင်္ဂလန်သည် ဝေးလ်နှင့် ရုရှား၊စလိုဗက်ကီးယားတို့နှင့် တွေ့ဆုံယှဉ်ပြိုင်ရမည်ဖြစ်ရာ အုပ်စုမှ လွတ်မြောက်နိုင်ရန် အခက်တွေ့နိုင်သည်။ အုပ်စု(ခ)၌ ယှဉ်ပြိုင်ရမည့်အခြား ၂ သင်းမှာ ရုရှားနှင့် စလိုဗက်ကီးယားတို့ဖြစ်ပြီး ယူရိုပြိုင်ပွဲတွင်ပထမဆုံးအကြိမ်စတင်ယှဉ်ပြိုင်မည့် မြောက်အိုင်ယာလန်သည် အုပ်စု (ဂ)တွင်ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ ပိုလန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု(င)တွင်...
Read More

ချန်ပီယံဖြစ်နိုင်ရန် မန်ယူအသင်း ဆက်လက်တိုက်ပွဲဝင်ရမည်ဟုဗန်ဟားလ်ဆို

မန်ယူနည်းပြဗန်ဟားလ်ကမိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုရယူလိုပါက ဒီဇင်ဘာလအတွင်းယှဉ်ပြိုင်ရန်ကျန်ရှိသေးသည့် ပွဲစဉ် ၃ ပွဲလုံးကို အနိုင်ရရှိရန်လိုအပ်ပြီး ပိုမိုစည်းလုံးစွာတိုက်ပွဲဝင်ရမည်ဟု မန်ယူအသင်းသားများအား ပြောကြားခဲ့ကြောင်း သိရသည်။ ဘုန်းမောက်အား ၂-၁ ဖြင့်ရှုံးနိမ့်သောပွဲစဉ်အပြီးအင်တာဗျူးတွင်ဗန်ဟားလ်က “စိတ်ပျက်စရာရလဒ်ပါပဲ။ အစောကြီး ဂိုးပေးလိုက်ရပေမယ့်ကျွန်တော့်တို့ဟာ အကောင်းဆုံးပြန်လည်ကစားနိုင်ခဲ့ပါတယ်။ ချေပဂိုးလည်းပြန်လည်သွင်းယူနိုင်ခဲ့သလို အနိုင်ဂိုးသွင်းယူဖို့လည်း အခွင့်အရေးပိုရခဲ့ပါတယ်။ ကျွန်တော့်အသင်းသားတွေရဲ့ပထမပိုင်းကစားပုံကိုကျေနပ်မှုရှိပါတယ်။ ကျွန်တော့်အတွက်အရေးကြီးဆုံးကကစားသမားတွေအနေနဲ့ မှာကြားထားတဲ့အတိုင်းလိုက်နာကစားနိုင်ဖို့ပါပဲ။ ဒီနေ့ရလဒ်ကိုစိတ်ပျက်မိပေမယ့် ကစားသမားတွေရဲ့အားထုတ်မှုကိုတော့ ကျေနပ်မိပါတယ်” ဟုပြောခဲ့သည်။...
Read More

ဂျပန်အသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ရာမှာ အံအားသင့်ဖွယ်လက်စွမ်းပြခဲ့တဲ့ စင်ကာပူလက်ရွေးစင်ဂိုးသမားအစ်ဇ်ဝမ်မက်ဘက်နဲ့ တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ – ဆီဆာပိုလန်ဂီ Football Channel Myanmarမှ ဆီလျော်အောင်ပြန်ဆိုဖော်ပြလိုက်သည်။ ၂၀၁၅ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ဆိုင်တာမာဘောလုံးကွင်းမှာ ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ်ကစားခဲ့တဲ့ ဂျပန်နဲ့ စင်ကာပူတို့ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့လို့ ၂ ဖက်ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေအတွက် အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ သွင်းဂိုးပေးဂိုးမရှိတဲ့ အဲဒီပွဲမှာ အဓိကအကျိုးအမြတ်ရခဲ့တာကတော့ စင်ကာပူဂိုးသမားအစ်ဇ်ဝမ်မက်ဘက်ဖြစ်ပြီး ဆာမူရိုင်းအပြာရောင်တွေရဲ့တိုက်စစ်တွေကို တားဆီးပိတ်ပင်နိုင်ခဲ့တဲ့သူ့ကို ဂျေလိဂ်ကလပ်...
Read More

ယူရိုပါလိဂ်တွင်ယှဉ်ပြိုင်ရမည်ဖြစ်၍ မန်ယူအသင်း၏ ပြည်တွင်းပွဲစဉ်များ ရက်ပြောင်းလဲကစားရမည်

ဝုလ်ဖ်ဘတ်အသင်းနှင့်ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်တွင် ၃-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသော မန်ယူအသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင်ဝင်ရောက်ကစားရမည်ဖြစ်သောကြောင့် ဖေဖော်ဝါရီ လနောက်ပိုင်း ပရီးမီးယားလိဂ်ပွဲစဉ်များနှင့်အက်ဖ်အေဖလားပွဲစဉ်များတွင် ရက်ရွေ့ ကစားရမည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၆ ပွဲတွင် ၂ ပွဲနိုင် ၊  ၂ ပွဲသရေ ၊ ၂ ပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း တတိယရခဲ့သောကြောင့်...
Read More

ဗီယက်နမ်လက်ရွေးစင်ကစားသမားNguyen Cong Phuong အား ဂျေလိဂ်၂ကလပ်mito hollyhock ခေါ်ယူ

ဂျပန်ဂျေလိဂ်-၂ကလပ် mito hollyhockအသင်းသည် အသက်၂၀အရွယ်ရှိ ဟောင်အန်းဂိုင်လိုင်တိုက်စစ်မှူး Nguyen Cong Phuong အား စာချုပ်ချုပ်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဗီယက်နမ်လက်ရွေးစင်အသင်းတိုက်စစ်မှူး Nguyen Cong Phuong အား mito hollyhockအသင်းမှ စာချုပ်ခြင်းကို ဒီဇင်ဘာ၂၃ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စာချုပ်မှာ တစ်ရာသီအငှားစာချုပ်ဖြစ်ကြောင်း ဟောင်အန်းဂိုင်လိုင် အသင်းကထုတ်ပြန်ကြေညာခဲ့သည်။ ဂျပန်ဂျေလိဂ်-၂ကလပ်mito hollyhockအသင်းနှင့် စာချုပ်နိုင်ရန်...
Read More

လာမည့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် မသေချာတော့ဟု ချဲလ်ဆီးနည်းပြမော်ရင်ဟိုဝန်ခံ

ချဲလ်ဆီးနည်းပြမော်ရင်ဟိုက ဘုန်းမောက်အသင်းအားရှုံးပြီးနောက် လာမည့်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရန် မသေချာတော့ကြောင်း ၀န်ခံလိုက်သည်။ ပရီးမီးယားလိဂ်၁၅ပွဲကစားပြီးချိန်တွင် ၈ပွဲရလဒ်အရှုံးဖြစ်ပြီးနောက် တတိယနေရာမှ မန်ယူနှင့်ပင် ၁၄မှတ်ကွာဟချက်ရှိသွားခဲ့သည်။ “ကျွန်တော်တို့ရည်မှန်းချက်က ထိပ်ဆုံး၎သင်းစာရင်းဝင်ဖို့ပါ။ ဒီပွဲမတိုင်ခင်ကတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ဒီအဆင့်အတွင်းဝင်နိုင်ဖို့ပါ။ ဒါပေမဲ့ အခုတော့ထိပ်ဆုံး၆သင်းဝင်ဖို့ကိုပဲ တွေးထင်ထားတော့တယ်”ဟုချဲလ်ဆီးနည်းပြမော်ရင်ဟိုက ပြောလိုက်သည်။ ချဲလ်ဆီးသည် တန်းဆင်းဇုန်အသင်းနှင့် ၃မှတ်သာကွာဟတော့ပြီး အမှတ်ပေးဇယားအားဦးဆောင်နေသည့် လက်စတာနှင့် ၁၇မှတ်ကွာဟချက်ရှိနေသည်။...
Read More

စတုတ်အားရှုံးပြီးနောက် အသင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် ကစားသမား၁၃ဦး၊၁၄ဦးသာရှိကြောင်း မန်စီးတီးနည်းပြပယ်လီဂရီနီညည်းညူ

မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲတွင် ၁ပွဲသာအနိုင်ရပြီးနောက် အသင်းတွင် ကြံ့ခိုင်မှုပြည့်ဝသည့် ကစားသမားမှာ ၁၃ဦး ၁၄ဦးသာရှိကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။ ယာယာတိုရေး၊အဂူရို၊ကွန်ပနီ၊ဇာဘလက်တာ၊နာဆရီအပြင် ဖာနန်ဒိုမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် စတုတ်အား၂ဂိုးပြတ်ရှုံးခဲ့သောပွဲကိုလွဲချော်ခဲ့ကြသည်။ ထို့အပြင် မန်စီးတီးသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် စက်တင်ဘာလက ကစားသမား၂၅ဦးစာရင်းပေးသွင်းရမည်နေရာတွင် ၂၁ဦးကိုသာ ပေးသွင်းခဲ့ရာ ယခုလို ဒဏ်ရာရ ကစားသမားများပြား နေချိန်တွင် အခက်တွေ့လာစရာဖြစ်ခဲ့သည်။ ထိုကဲ့သို့ အသင်းတွင်ကစားသမားအခက်အခဲဖြစ်နေခြင်းနှင့်ပတ်သက်ပြီး”နောက်ဆုံး၃ပွဲကို တူညီတဲ့ကစားသမားတွေနဲ့ပဲ...
Read More

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လီဗာပူးအသင်း ရယူနိုင်စွမ်းရှိကြောင်း မက္ကလာရင် သုံးသပ်

ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို လီဗာပူးအသင်းရယူနိုင်စွမ်းရှိကြောင်း နယူးကာဆယ်အသင်း နည်းပြစတိဗ်မက္ကလာရင် ထုတ်ဖော်ပြောကြားလိုက်သည်။ နယူးကာဆယ်အသင်းသည် ယနေ့ညတွင် လီဗာပူးအသင်းကို အိမ်ကွင်းတွင်လက်ခံကစားရမည်ဖြစ်ပြီး လီဗာပူးအသင်းသည် နောက်ဆုံကစားခဲ့သော ပြိုင်ပွဲစုံ ၈ ပွဲတွင် ၇ ပွဲအနိုင်ရထားသည်။ လီဗာပူးအသင်းသည် နယူးကာဆယ်အသင်းနှင့်ပွဲစဉ်တွင် အနိုင်ရခဲ့ပါ အမှတ်ပေးဇယားထိပ်မှ လက်စတာ အသင်းနှင့် ၆ မှတ်သာ ကွာဟတော့မည်ဖြစ်သည်။ နယူးကာဆယ်အသင်းနည်းပြစတိဗ်မက္ကလာရင်က ‘’ အသင်းကစားနေတဲ့ပုံစံနဲ့...
Read More

ချမှတ်သည့်ပြစ်ဒဏ်ကို ကျေကျေနပ်နပ်ခံယူမည်ဟု သီဟထက်အောင်ပြော

အောင်သော်ဖြိုး။ ဒီဇင်ဘာ ၅။ စခန်းဝင် လေ့ကျင့်ရန် နောက်ကျခြင်းကြောင့် မြန်မာ့လက်ရွေးစင် ကစားသမား စည်သူအောင် နှင့် မြန်မာ ယူ-၂၁ ကစားသမား သီဟထက်အောင် တို့ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ မှ ငွေဒဏ် နှင့် ပွဲပယ် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ပြစ်ဒဏ်အပေါ် ကျေနပ်စွာခံယူမည်ဟု သီဟထက်အောင်ကပြောလိုက်သည်။ စည်သူအောင်ကို...
Read More
error: Content is protected !!