ALL POSTS BY Admin

လီဗာပူးလ်ကို ဂိုးပြတ်သွင်းပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရခဲ့တဲ့ ၀က်ဖို့ဒ်

ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ အိမ်ရှင် ၀က်ဖို့ဒ်အသင်းဟာ ဒီပွဲမှာလည်း အစ်ဟာလို၊ဒီနေး၊အက်ဘ်ဒီ၊ကတ်သ်ကတ်တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ဒဏ်ရာကြောင့် မီနိုလက်မပါဝင်နိုင်ခဲ့တဲ့ လီဗာပူးကတော့ အရန်ဂိုးသမား အဒမ်ဘော့ဒန်ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှုး ဘန်တီကီကလည်း အရန်လူစာရင်းမှာသာပါဝင်ခဲ့ပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ အိမ်ရှင်ဝက်ဖို့ဒ်အသင်း မထင်မှတ်ဘဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ လီဗာပူး ဂိုးသမား...
Read More

ရေနီယာရီ ဖွင့်ဟခဲ့တဲ့ အသင်းပိုင်ရှင်တွေရဲ့ တန်းဆင်းစိုးရိမ်ကြောင့်ကြမှု

နည်းပြရေနီယာရီ တစ်ယောက် အမှတ်ရဖွယ်ရာမှတ်တမ်းကောင်းများနဲ့ လက်စတာကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်စေနိုင်ပြီးနောက် အသင်းပိုင်ရှင်များနဲ့ တန်းဆင်းခဲ့လျှင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ အသင်းဒုဥက္ကဋ္ဌအာရီဝက်ဆီဗဒနပရက်ဟက လက်စတာအသင်းတန်းဆင်းခဲ့လျှင် ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဆက်လက်ကိုင်တွယ်ပေးရန်တောင်းဆိုခဲ့တယ်လို့ နည်းပြရေနီယာရီ ကထုတ်ဖော်ပြောကြားလိုက်တာဖြစ်တယ်။ဒါပေမဲ့အခုတစ်ပတ်မှာတော့ လက်စတာအသင်းဟာ အမှတ်ပေးဇယားကိုဦးဆောင်သူအနေဖြင့်နဲ့ အဲဗာတန်ရဲ့ကွင်းကိုသွားရောက်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်လို့ နွေရာသီကစိုးရိမ်ကြောင့်ကြရတဲ့အခြေအနေနဲ့ကွာဟသွားပြီပဲဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံး၉ပွဲမှာ ၇ပွဲနိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့အသင်းထဲမှာ မော်ရင်ဟိုကိုအသင်းကထုတ်ပယ်ပြစ်ဖို့အဆုံးအဖြတ်ဖြစ်လာစေနိုင်တဲ့ချဲလ်ဆီးအသင်းကိုအနိုင်ရတဲ့ပွဲနဲ့ မန်ယူနည်းပြဗန်ဟားလ်ကိုအကြပ်တွေ့စေခဲ့တဲ့ပွဲတွေလဲပါခဲ့တယ်။အသင်းရဲ့ ဒုတိယနှစ်ဆက်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းရဖို့အခြေအနေများတယ်လို့ သတ်မှတ်ခံရပေမယ့်...
Read More

ဟစ်ဒင့်အားနည်းပြခန့်အပ်နိုင်ရန် ချဲလ်ဆီးအသင်းဆွေးနွေးမှုများပြုလုပ်

ယခင်နယ်သာလန်လက်ရွေးစင်အသင်းနည်းပြဟစ်ဒင့်အား ထုတ်ပယ်ခဲ့သည့်နည်းပြမော်ရင်ဟိုနေရာတွင် အစားထိုးခန့်အပ်နိုင်ရန်ချဲလ်ဆီးအသင်းကစတင်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ဘီဘီစီ၏သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ အသက်၆၉နှစ်ရှိဟစ်ဒင့်သည် သောကြာနေ့က လန်ဒန်ရှိဟိုတယ်တစ်ခုသို့ရောက်လာခဲ့ကာ ချဲလ်ဆီးအသင်းတာဝန်ရှိသူများနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့သည်။ ယင်းသို့နှစ်ဘက်ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ယနေ့တွင် ဆန်းဒါးလန်းနှင့်ကစားမည့်ပွဲကိုကြီးကြပ်နိုင်ဦးမည်မဟုတ်ကြောင်းလည်းသိရသည်။ ဟစ်ဒင့်သည် ၂၀၀၉ခုနှစ်ကစကိုလာရီထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်းအသင်းနည်းပြအဖြစ်ခန့်အပ်ခံရပြီး အက်ဖ်အေဖလားရရှိနိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။ဝါရင့်နည်းပြကြီးဟစ်ဒင့်သည် ပီအက်စ်ဗီအသင်းတွင်နည်းပြစဉ်က ဟော်လန်အမှတ်ပေးချန်ပီယံ၆ကြိမ်၊ ဥရောပဖလားတစ်ကြိမ်ရရှိခဲ့သည်။ ယနေ့တွင် ဆန်းဒါးလန်းအသင်းနှင့်ပွဲစဉ်၌ ယာယီနည်းပြအဖြစ် အက်ဒီနော်တွန်နှင့် စတိဗ်ဟော်လန်တို့ကိုတာဝန်ယူသွားမည်ဖြစ်ပြီး နော်တွန်မှာ ချဲလ်ဆီးအသင်းတွင်၁၉၉၀မှ ၁၉၉၉ခုနှစ်အထိကစားပေးခဲ့သူဖြစ်ကာ မက်တီယိုကိုင်တွယ်စဉ်က...
Read More

ချဲလ်ဆီးနည်းပြအဖြစ်မှ မော်ရင်ဟို ထုတ်ပယ်ခံရ

ချဲလ်ဆီးအသင်းသည် နည်းပြမော်ရင်ဟိုအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်သည်။ မော်ရင်ဟိုအနေဖြင့် အသင်းအားပရီးမီးယားလိဂ်ချန်ပီယံရရှိရန်စွမ်းဆောင်ပေးပြီး၇လအကြာတွင်ထုတ်ပယ်ခံရခြင်းဖြစ်သည်။ပြီးခဲ့သည့်ဘောလုံးရာသီကချဲလ်ဆီးအသင်းအား အမှတ်ပေးချန်ပီယံအဖြစ်၈မှတ်ဖြတ်ရရှိနိုင်ခဲ့သလို လိဂ်ဖလားကိုလည်းရရှိစေနိုင်ခဲ့သည်။ သို့ရာတွင်မူယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းမှာ အမှတ်ပေးပွဲ၁၆ပွဲကစားပြီးချိန် ၉ပွဲအထိရှုံးနိမ့်ခဲ့ရပြီး အဆင့်၁၆နေရာအထိရောက်ရှိလာခဲ့သည်။ ယင်းသို့ရလဒ်ဆိုးများကြုံတွေခဲ့ရသည့်အတွက်ကြောင့် မော်ရင်ဟိုအားထုတ်ပယ်ခဲ့ခြင်းကြောင်းကိုချဲလ်ဆီးအသင်းက”ချဲလ်ဆီးအသင်းနဲ့ မော်ရင်ဟိုတို့ဟာ နှစ်ဦးသဘောတူညီချက်နဲ့ ကနေ့မှာလမ်းခွဲပြတ်စဲလိုက်ပါပြီ။ သူ့အနေနဲ့ ၂၀၁၃ခုနှစ်မှာ အသင်းကိုပြန်လာပြီးအသင်းအတွက်နည်းပြဦးဆောင်ခဲ့တဲ့အတွက်ချဲလ်ဆီးအသင်းဘက်ကကျေးဇူးတင်ပါတယ်။ သူဟာ အမှတ်ပေးချန်ပီယံ၃ကြိမ်၊အက်ဖ်အေဖလား၊ကွန်မြူနတီဒိုင်း၊လိဂ်ဖလား၃ကြိမ်ရယူပေးခဲ့ပြီး ဒါဟာ အသင်းရဲ့နှစ်၁၁၀သမိုင်းမှာ အောင်မြင်မှုအရှိဆုံးနည်းပြဖြစ်ခဲ့ပါတယ်။ သူ့ကို ကောင်းသောထွက်ခွာခြင်းအနေနဲ့ပဲ ဖြစ်စေခြင်ပါတယ်။ သူ့ကိုကျွန်တော်တို့လေးစားတယ်။အသင်းရဲ့...
Read More

ထိုက်ထိုက်အောင် ငါးနှစ်စာချုပ်ဖြင့် ကမ္ဘောဇအသင်းသို့ရောက်ရှိ

အောင်သော်ဖြိုး။ ဒီဇင်ဘာ ၁၇။ နယူးဇီလန် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း နှင့် ဧရာဝတီအသင်း ၏ နောက်ခံလူ ထိုက်ထိုက်အောင် ကို ကမ္ဘောဇအသင်း (ရှမ်းယူနိုက်တက်) က ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်းကမ္ဘောဇအသင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။ ပြည်တွင်းက လက်ရွေးစင်အဆင့် လူငယ်ကစားသမားတွေကို ခေါ်ယူသွားမှာပါ ဟု ရှမ်းယူနိုက်တက်...
Read More

ချန်ပီယံဖြစ်လုနီး အနေအထားကို ကြုံခဲ့ဖူးတဲ့ နောဝစ်ခ်ျတိုက်စစ်မှူးဟောင်းဆပ်တန်ရဲ့ လက်စတာအတွက် စကားများ

လက်စတာတိုက်စစ်မှူး ဂျိမ်းစ်ဗာဒီအကြောင်းကတော့ ဇာတ်ကားရိုက်ဖို့အထိတောင် ပြောနေဆိုနေကြပေမယ့် လက်စတာစီးတီးရဲ့ ထက်မြက်လှတဲ့ ဒီရာသီခြေစွမ်းကလည်း ငွေရောင်ပိတ်ကားပေါ် တင်သင့်နေပြီလို့ မြင်မိပါတယ်။ ခြေစွမ်းမှန်ရနေတဲ့ မြေခွေးတွေဟာ တန်းဆင်းရနိုင်ခြေ ရေပန်းအစားဆုံးစာရင်းကနေ လအနည်းငယ်အတွင်းမှာပဲ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာပေမယ့် သူတို့ရဲ့ ဒဏ္ဍာရီဆန်လှတဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီကတော့ ဟောလီးဝုဒ်ဇာတ်ကားတွေလို ဇာတ်သိမ်းမျိုးဖြစ်လာပါ့မလား။ မှတ်တမ်းတွေအရတော့ မဖြစ်နိုင်ပါဘူး။ ချန်ပီယံလောင်းစာရင်းအသွင်းမခံရတဲ့ စည်းအပြင်က အသင်းတစ်သင်းက...
Read More

ရန်ကုန်ယူနိုက်တက်နှင့်ယှဉ်ပြိုင်ရမည့်နေရာကို ဆူဖန်ဘူရီအစား ချောင်ဘူရီအက်ဖ်စီရရှိ

အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည့် အေအက်ဖ်စီကလပ်လိုင်စင်မရှိသည့် ဆူဖန်ဘူရီအသင်းအစား ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည့် ချောင်ဘူရီအက်ဖ်စီ ပါဝင်ကစားခွင့်ရခဲ့ကြောင်း သိရှိရသည်။ အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)သည် ချောင်ဘူရီအက်ဖ်စီအား ၂၀၁၆ အာရှချန်ပီယံလိဂ်ဝင်ရောက်ခွင့်နှင့်ပတ်သက်ပြီး တရားဝင်အကြောင်းကြားထားကာ ထိုင်းပရီးမီယားလိဂ်တွင် အဆင့် ၄ နေရာရခဲ့သည့် ချောင်ဘူရီမှာ အာရှချန်ပီယံလိဂ်ရှုံးထွက်ခြေစစ်ပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ...
Read More

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် အာဆင်နယ်-ဘာစီလိုနာ၊ ပီအက်စ်ဂျီ-ချဲလ်ဆီးတို့တွေ့ဆုံနေ

ယနေ့တွင်ကျင်းပပြုလုပ်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲမှုပြီးစီးခဲ့ရာ အာဆင်နယ်အသင်းမှာဘာစီလိုနာနှင့်ထပ်မံတွေ့ဆုံနေပြီး ချဲလ်ဆီးအသင်းမှာ ပီအက်စ်ဂျီနှင့် ထပ်မံတွေ့ဆုံခြင်းကြောင့်၃ ရာသီဆက် တွေ့ဆုံမှုအဖြစ် ရင်ဆိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်အတွင်း အုပ်စုပထမနေရာဖြင့် ယခုအဆင့်သို့တက်ရောက်လာသော ပရီးမီးယားလိဂ်ကလပ်မန်စီးတီးမှာ ယူကရိန်းကလပ် ဒိုင်နမိုကိဗ်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရိုးမားမှာ လာလီဂါထိပ်သီး ရီးရဲလ်နှင့်တွေ့ဆုံခဲ့သောကြောင့် ရုန်းကန်ရမည့်အနေအထားဖြစ်နေသည်။ ပြီးခဲ့သည့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တွေ့ဆုံခဲ့သော ဂျူဗင်တပ်နှင့် ဘိုင်ယန်မြူးနစ်တို့မှာ ယခုနှစ်...
Read More

ယူရို၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန် ရလဒ်ကောင်းမွန်ခဲ့လျှင် ရွိုင်းဟော့ဒ်ဆန်အား အက်ဖ်အေ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိ

ယူရို၂၀၁၆ပြိုင်ပွဲတွင် အင်္ဂလန်အသင်းအားဦးဆောင်မည့်နည်းပြ ရွိုင်းဟော့ဒ်ဆန်အနေဖြင့် ရလဒ်ကောင်းရရန် ဦးဆောင်ပေးနိုင်လျှင် ၂၀၁၈ ကမ္ဘာ့ဖလားအထိစာချုပ်သစ်ချုပ်ဆိုဖွယ်ရှိကြောင်းအက်ဖ်အေအကြီးအကဲတစ်ဦးဖြစ်သူ မာတင်ဂလန်းက BBC အားကစားသတင်းအစီအစဉ်သို့ပြောကြားခဲ့သည်။ ရွိုင်းဟော့ဒ်ဆန်သည် အင်္ဂလန်နည်းပြအဖြစ် ၂၀၁၂ ခုနှစ်က စတင်ထမ်းဆောင်ခဲ့ပြီး လက်ရှိစာချုပ်မှာ ၂၀၁၆ ယူရိုပြိုင်ပွဲအပြီးတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ မာတင်ဂလန်းက ဟော့ဒ်ဆန်နှင့်ပတ်သက်၍ ” အကယ်၍ယူရိုပြိုင်ပွဲမှာကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်မယ်ဆိုရင် သူ့ကိုကျွန်တော်တို့ ၂၀၁၈ ခုနှစ်အထိဆက်လက်ခန့်အပ်သွားမှာပါ။ခုပြိုင်ပွဲမှာကောင်းမွန်တဲ့ရလဒ်ရရှိမယ်လို့လည်းယုံကြည်ပါတယ်။ တကယ်လို့ဒီယူရိုပြိုင်ပွဲမှာအင်္ဂလန်အသင်းအနေနဲ့တိုးတက်မှုတစ်စုံတစ်ရာရှိတယ်ဆိုရင် ဟော့ဒ်ဆန်က အင်္ဂလန်နည်းပြနေရာအတွက်သင့်တော်နေမှာဖြစ်ပြီးနောက်ထပ်လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအထိ...
Read More

ပေါ်လင်ဟိုရဲ့ နောက်ကျသွင်းဂိုးကြောင့် ကွမ်ကျိုးအီဗာဂရန်ဒီအသင်း ၂၀၁၅ကမ္ဘာ့ကလပ်ဖလားကွာတားဖိုင်နယ်တက်ရောက်

တရုတ်စူပါလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးချန်ပီယံကွမ်ကျိုးအီဗာဂရန်ဒီအသင်းဟာ ၂၀၁၅ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ ကလပ်အမေရိကအသင်းကို ၂-၁နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ်ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ ယခင်ဘရာဇီးနည်းပြစကိုလာရီကိုင်တွယ်နေတဲ့ ကွမ်ကျိုးအသင်းဟာအခုပွဲစဉ်မှာ ကမ္ဘာကျော်ကစားသမားရော်ဘင်ဟို၊ပေါ်လင်ဟိုနဲ့ 2015 အာရှအကောင်းဆုံးကစားသမားဆုဒုတိယဇန်ဇီတို့ဦးဆောင်ပါဝင်ခဲ့ပြီး ကလပ်အမေရိကအသင်းကလည်းမက္ကဆီကိုလက်ရွေးစင်အတွေ့ကြုံရင့်ကစားသမားအဂူလာ၊ပါရဲလာ၊ အာဂျင်တီးနားကစားသမားဆမ်ဘွီဇာတို့နဲ့ ပြန်လည်ရင်ဆိုင်ခဲ့တယ်။ ကလပ်အမေရိကအသင်းအနေနဲ့ ပွဲချိန်အစောပိုင်းမှာ ဂိုးရလုနီးပါးအခွင့်အရေးတွေအများအပြားရရှိခဲ့ပြီးကွမ်ကျိုးအသင်းနောက်တန်းကစားသမားတွေ အသည်းအသန်ဖျက်ထုတ်နေခဲ့ရတဲ့အပြင်အဆုံးသတ်ညံ့ဖျင်းနေခဲ့တဲ့အတွက်ကြောင့် မက္ကဆီကိုကလပ်ဂိုးရဖို့ခက်ခဲနေခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ကွမ်ကျိုးအသင်းဟာ ခြေစွမ်းမပြနိုင်တဲ့ရော်ဘင်ဟိုကိုထုတ်ပြီး တရုတ်လက်ရွေးစင်ဘယ်တောင်ပံကစားသမားလောင်းဇန်ကိုထည့်ခဲ့ပါတယ်။ ဂိုးရဖို့ဖိအားပေးနေတဲ့ ကလပ်အမေရိကအသင်းအဖွင့်ဂိုးရခဲ့ပြီး...
Read More
error: Content is protected !!