ထိုင်းအသင်း လွမ်းမိုးဆဲ အနေအထား၊ အင်ဒိုအသင်းရဲ့ နိုးထမှုနဲ့ အလားအလာကောင်းမယ့် ပြိုင်ပွဲ ပုံစံသစ်
|
ရာဇမင်္ဂလာ ဘောလုံးကွင်းကြီးထဲက နောက်ဆုံး ထွက်ပေါ်လာတဲ့ ရလဒ်အပြီးမှာတော့ ဆူဇူကီးဖလား ပြိုင်ပွဲ တစ်လျောက် စိတ်ဝင်စားစရာ အချက် ၅ ချက်ကို ထုတ်ဖော်ရေးသားလိုက်ရပါတယ်။
၁။ အာဆီယံ ဘောလုံးလောကကို ဦးဆောင်ဆဲ ထိုင်း
ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ကံဆိုးမိုးမှောင်ကြခဲ့ရတဲ့ ထိုင်းအသင်းဟာ ဆူဇူကီးဖလားမှာ ဆက်ပြီး ကံဆိုးဦးမှာလားလို့ တစ်ချို့တွေက သုံးသပ်ပြီး သံသယ ၀င်ခဲ့ကြပါတယ်။ ထိုင်း အသင်းဟာ လက်ရှိ ချန်ပီယံ သရဖူကို ကာကွယ် နိုင်ပါ့မလား ဆိုတဲ့ သံသယ ၀င်မိခဲ့ကြတယ်။ ထိုင်းအသင်းဟာ အုပ်စုအဆင့်မှာ အနည်းငယ် အထနှေးခဲ့ပေမယ့် အကြိုဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ အဆင့်မှာတော့ ကိုင်တီဆက်ရဲ့ ကစားသမားတွေဟာ မယုံကြည်နိုင်လောက်တဲ့ စွမ်းအင်ကို ပြသခဲ့ပြီး ၅ ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ထိုင်းအသင်းဟာ ဆူဇူကီးဖလားမှာ အောင်မြင်မှု အများကြီးရရှိခဲ့ပြီး အာဆီယံ ဒေသတွင်း ဘောလုံးလောကကို အချိန် အတော်ကြာ စိုးမိုးထားနိုင်မယ့် အနာဂတ်ကို မြင်နေရပါတယ်။
၂။ အမှောင်ထဲမှာ နှစ်အတော်ကြာ နစ်မြုပ်နေတဲ့ အင်ဒိုနီးရှား ပြန်လာပြီ
အင်ဒိုနီးရှား အသင်းဟာ ဒေသတွင်း ဘောလုံးလောက အရှုပ်အထွေးတွေကြောင့် ဖီဖာရဲ့ နိုင်ငံတကာ ပြိုင်ပွဲ ပိတ်ပင်မှု ပြစ်ဒဏ်ကို တစ်နှစ်ကြာ ခံစားခဲ့ရပါတယ်။ ပြည်တွင်း ဘောလုံးလောက အရှုပ်အထွေး များလာမှုကြောင့် အင်ဒိုနီးရှား အစိုးရက ပါဝင်ပတ်သက်ရာကနေ ဖီဖာရဲ့ အရေးယူမှုတွေ စတင်ခံစားရပါတယ်။ ဒါပေမယ့် အမှောင်ထဲကနေ ပြန်လည် နိုးထလာတဲ့ အင်ဒိုနီးရှားအသင်းဟာ ချန်ပီယံ ဖြစ်ဖို့ လက်တစ်လုံး အလိုကို ရောက်ရှိခဲ့ပါတယ်။ ပထမဆုံး ချန်ပီယံ ဖြစ်ခွင့်ကို အင်ဒိုနီးရှားအသင်း ဆုံးရှုံးခဲ့ရပေမယ့် နောက်နှစ် အနည်းငယ် အတွင်းမှာ ထိုင်း အသင်းကို ရင်ဘောင် တန်းနိုင်မယ့် အခြေအနေတွေ မြင်နေရပါတယ်။
နှစ်ပွဲ ကစားပြီး တဲ့နောက်မှာ အကြိုဗိုလ် လုပွဲထိ တက်ရောက်ဖို့ အခွင့်ရေး ဆုံးရှုံးခဲ့ရပါတယ်။ ထိုင်း အသင်းကို ၄-၂ ဂိုးနဲ့ အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့သော် လည်း ရှုံးနိမ့်ခဲ့ရပြီး ၂-၂ ဂိုးဖြင့် အိမ်ရှင် ဖိလစ်ပိုင် အသင်းကို ထပ်မံ ရှုံးနိမ့် ခဲ့ပါတယ်။ သို့ပေမဲ့ စင်္ကာပူ အသင်းကို ၂-၁ ဖြင့် ယှဉ်ပြိုင် ကစားခဲ့ပြီးတဲ့ နောက်မှာတော့ အင်ဒို အတွက် အုပ်စု ဒုတိယ ရရှိစေ ခဲ့ပါတယ်။ ထပ်မံ၍ အကြို ဗိုလ်လုပွဲမှာ ဗီယက်နမ် အသင်းကို နှစ်ကျော့ပေါင်း ၄-၃ ဖြင့် အနိုင် ရရှိခဲ့ပြီး ထိုင်း အသင်းကို ဗိုလ်လုပွဲ ပထမအကျော့ အိမ်ကွင်းမှာ အနိုင်ရရှိ ခဲ့ပါတယ်။ သြစတြီးယား နည်းပြ အဲဖရက်ရိုင်း လက်ထပ်မှာ အင်ဒိုနီးရှား အသင်းက အတော်လေး တိုးတက် လာခဲ့ပါတယ်။ ပြည်တွင်း ပွဲတွေမှာ အကောင်း ဆုံးပြင်ဆင် မှုများနှင့် လူငယ်ဖွံ့ဖြိုးရေး များတွင် အားသွန် ခွန်စိုက် ပံ့ပိုးပေး မှုများနှင့် အတူ နိုင်ငံ လက်ရွေးစင် အသင်း ဟာ များမကြာမီ နှစ်များအတွင်းမှာ ဒေသတွင်း၌ နှစ် အတန်ကြာ ကြီးစိုးနေတဲ့ ထိုင်း အသင်းကို ယှဉ်ပြိုင်နိုင် လာတော့မည်မှာ မလွဲတော့ပေ။
၃။ နောက်ထပ် အကြိုဗိုလ်လုပွဲသာ ရှိခဲ့မယ်ဆိုရင် ဗီယက်နမ် အသင်းအတွက် အချိန်မီပါဦးမလား။
အားလုံး သိပြီးသားဖြစ်မှာပါ…ဗီယက်နမ် အသင်းဟာ တောင့်တင်းတဲ့အသင်းကောင်း တစ်သင်းဖြစ်ပေမဲ့လည်း ဗီယက်နမ် အသင်းရဲ့ ကြယ်ပွင့်လေးတွေကတော့ ပြိုင်ပွဲလေးပွဲ ကစားပြီးနောက် သုံးပွဲမှာ အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမဲ့လည်း ရှုံးနိမ့်ခဲ့ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အိမ်ကွင်းမှာ အင်ဒိုနီးရှား အသင်းကို အချိန်ပို ထိ ကစားခဲ့ပြီး ရှုံးနိမ့်ခဲ့ရတာက တကယ့်ကို မထင်မှတ်ထားတဲ့ ရှုံးနိမ့်မှု တစ်ခုပါပဲ။ နောက်မှသိလိုက်ရတာက ဒီလိုရှုံးနိမ့်မှုရဲ့ ရလဒ်က နည်းပြ ငုယင် ဟူသန် ရဲ့ဆုံးဖြတ်ချက်ပေါ်မှာ မူတည်ခဲ့ပါတယ်။ ယခင် အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ နည်းပြကြီးရဲ့ အဓိက မှားယွင်းမှုဟာ ကြံ့ခိုင်မှုအပြည့်မရသေးတဲ့ ငိုဟောင်သင် ရဲ့နေရာမှာ အခြား ကွင်းလယ်ခံစစ်ကို အစားမထိုးလိုက်တာပါပဲ။ များမကြာမီကာလမှာ ဗီယက်နမ်အသင်း ရင်ဆိုင်ရမှာက လီဆောင်ဗင် ရဲ့နေရာအတွက် ဘယ်လိုပြင်ဆင်မှုမျိုး ပြုလုပ်မလဲ ဆိုတာပါပဲ။ ၄င်းတိုက်စစ်မှုး နှင့်အတူ သူရဲ့ ကစားဖော် ဖန်သမ်လောင် တို့က နိုင်ငံတကာပြိုင်ပွဲတွေကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ ဗီယက်နမ် အသင်းဟာ အရည်သွေး ပြည့်ဝတဲ့ လူငယ်ကစားသမားတွေ မွေးထုတ်ပေးနေပေမဲ့လည်း ၄င်းတို့ရဲ့ မှော်ဝင် တိုက်စစ်မှုးနေရာကို ဘယ်လို အစားထိုးမလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
၎။ အင်ဒိုနီးရှားနှင့် မလေးရှား အသင်းတို့ အမှားပြင်ဖို့ အချိန်
ဆူဇူကီးဖလား သမိုင်းတစ်လျောက်မှာ မလေးရှားအသင်းနဲ့ စင်ကာပူ အသင်းတို့ အုပ်စုအဆင့် မကျော်ဖြတ်နိုင် တာဟာ ပထမဆုံး အကြိမ်ပါပဲ။ ဒါဟာ မလေးရှားနဲ့ စင်ကာပူ အတွက် မှားယွင်နေမှုကို အချက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
စင်ကာပူ အသင်းဟာ ကြံခိုင်မှု အပိုင်းမှာ ပြိုင်ဘက် အသင်းတွေထက် သိသိသာသာ အားနည်းနေပြီး နောက်တန်းခံစစ် အားပြုပြီး ကစားပေမယ် တန်ပြန်တိုက်စစ်မှာ သိသိသာသာ ထိထိရောက်ရောက် မရှိခဲ့ပါဘူး။ မလေးရှား အသင်းကတော့ အုပ်စုအဆင့် ပွဲစဉ်မှာ ထိထိရောက်ရောက် လုပ်ပြနိုင်ခဲ့တာ ဘာမှ မရှိခဲ့ပါဘူး။ အိမ်ရှင် မြန်မာအသင်းနဲ့ တွေ့ဆုံတဲ့ပွဲမှာ အခွင့်အရေးတွေ အပိုင် အသုံးမချနိုင်ခဲ့ပဲ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အင်ဒိုနီးရှားအသင်း တစ်ဖန်ပြန်လည် ခေါင်းထောင်လာပြီးတဲ့နောက် မလေးရှားနဲ့ စင်ကာပူအသင်းတို့ ဖွံ့ဖြိုးမှု ဒီအတိုင်း နောက်ကျနေဦးမယ် ဆိုရင် နောင်နှစ်အနည်းငယ်မှာ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား အသင်းတွေက သူတို့နေရာကို ၀င်လု သွားပါ လိမ့်မယ်။
၅။ ပြိုင်ဆိုင်မှု ပြင်းထန်လာမယ့် ဆူဇူကီးဖလား ပြိုင်ပွဲ ပုံစံသစ်
၂၀၁၆ ဆူဇူကီး ဖလား ပြိုင်ပွဲ ပြီးဆုံးသွားပေမယ့် ၂၀၁၈ ခုနှစ်ပြိုင်ပွဲကို ပြိုင်ပွဲစနစ်အသစ်နဲ့ ယှဉ်ပြိုင်ဖို့ ရှိတာကြောင့် အားလုံးက စိတ်ဝင်စားနေကြပါတယ်။ အသင်း ၁၀ သင်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး အုပ်စု ၂စု ခွဲကာ အိမ်ကွင်း အဝေးကွင်း ပုံစံနဲ့ ယှဉ်ပြိုင် ကစားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆူဇူကီးဖလားဟာ ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပြီး ပရိသတ်မရှိတဲ့ ကွင်းတွေထဲ ကစားရတဲ့ ပွဲတွေ အဆုံးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် ပရိသတ် စိတ်ဝင်စားမှုနဲ့ ကြည့်ရှု့မှု နှုန်းဟာလည်း အများပြီး မြင့်တက်လာလိမ့်မယ်လို့ မြင်ပါတယ်။