ထိုင်းအသင်းရဲ့ ငါးကြိမ်မြောက် ချန်ပီယံဘွဲ့ကို သေချာစေခဲ့တဲ့ တိုက်စစ်မှူး ဆီရိုခ်ျ
|
ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ တည်ရှိတဲ့ ရာဇမင်္ဂလာကွင်းမှာ ထိုင်းအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ အေ အက်ဖ်အက်ဖ် ဆူဇူကီးဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ကြပါ တယ်။ ဒီပွဲမှာ ကံကောင်းလွန်းတဲ့ တိုက်စစ်မှူး ဆီရိုခ်ျချာ သွန်က ၂ဂိုးသွင်း ယူပေးခဲ့ပြီး ထိုင်းအသင်း အတွက် ငါးကြိမ်မြောက် ချန်ပီယံဘွဲ့ကို ဆွတ်ခူး ခွင့်ရရှိစေခဲ့ပါတယ်။
ထိုင်းအသင်းခေါင်းဆောင် တီရာစီလ် ဒန်ဒါနဲ့ အသင်းဖော်တွေဖြစ်တဲ့ ချန်နာ တစ်စောင် ခရာစင်နဲ့ ထရီစ တန်ဒိုတို့ က ကြိမ်ဖန်များစွာ ထိုးဖောက်ခဲ့ကြပေမယ့် လည်း ဂိုးဖန် တီးနိုင်လောက်တဲ့ အခွင့်အရေး မရခဲ့ကြပါဘူး။ ပြိုင်ပွဲ တစ်လျှောက်မှာ ဂိုးသွင်း ဘုရင်ဖြစ်နေခဲ့တဲ့ တီရာစီလ်ဟာ ပွဲချိန် ၁၃မိနစ်မှာ ပြိုင်ဘက် အသင်း သားနဲ့ ဘောလုံး ယှဉ်လုရင်း တံထောင် သုံးခဲ့ပေမယ့် ကံကောင်းထောက် မစွာနဲ့ အပြစ်ပေးမခံခဲ့ရပါဘူး။
အင်ဒိုနီရှား အသင်း အနေနဲ့တော့ ပွဲချိန် ၂၆မိနစ်ရောက်မှပဲ ပထမဆုံးအကြိမ် ဂိုးသွင်းခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဂိုး မရရှိခဲ့ပါဘူး။
အင်ဒို အသင်းရဲ့ကစားကွက်က အချိန်အတော် များများမှာ ခံစစ်ပုံစံမှာပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ခိုင်မာ တဲ့ခံစစ် ကြောင်းက ၃၇မိနစ်မှာ ပြိုကျသွား ခဲ့ရတယ်။ ဘယ်တောင်ပံ ဘက်ကနေ သီရာသွန် ဘန်မာသန်ရဲ့အနိမ့်ဘောပေး ပို့မှုက အင်ဒိုနီးရှားနောက် ခံလူ ဖာခ်ျရုဒင် အာရန်တိုကို ထိမှန်ပြီးပြန်ထွက် လာချိန်မှာ ထိုင်းတိုက် စစ်မှူး ဆီရိုခ်ျနဲ့ ထိမှန်ပြီး ဂိုးဝင်သွား ပါတော့တယ်။ ဒီဂိုးဟာ ကံကောင်း လွန်းလို့ ထိုင်းအသင်း ရခဲ့တာလို့ ပြောနိုင်ပေ မယ့်လည်း နဂိုကတည်းက ခံစစ်နဲ့က စားနေခဲ့ရတဲ့ အင်ဒို အသင်းအတွက် ကြီးမားတဲ့ ဖိအားပေးမှု ဖြစ်စေ ခဲ့ပါတယ်။
ရာဇမင်္ဂလာ ကွင်းကြီးထဲမှာ ထိုင်းပရိ သတ်တွေက အရင်ကထက်ပိုပြီး အားပေးသံတွေ ပိုကျယ်လောင် လာခဲ့ ပေမယ့် အင်ဒိုနီးရှား ပရိသတ်တွေ ကတော့ တိတ်ဆိတ် သွားခဲ့ရ ပါတော့တယ်။
ဒုတိယပိုင်း ကစားလို့ ၂မိနစ်မကြာ ခင်မှာပဲ ဆီရိုခ်ျက ဂိုးဧရိယာ ထဲကနေ လှလှ ပပနဲ့ ဒုတိယ ဂိုးကို သွင်းယူ လိုက် ပြန်ပါ တယ်။ နောက်ခံ လူကို ပေါင်ကြားထဲ ကနေ ဘောလုံးကျော်ဖြတ် ယူပြီးမှ ဒီဂိုးကို သွင်းယူ သွားခဲ့တာပါ။
ပွဲချိန် ၅၀မိနစ် အရောက်မှာ ထိုင်း အသင်းရဲ့ပြင်းထန်တဲ့ တိုက်စစ်ကြောင့် တတိယ ဂိုးပေးရ မလိုဖြစ်ခဲ့ပေမယ့် အင် ဒိုနီးရှား ဂိုးသမား ကူရာနီ ရှားမီဂါက ကာကွယ်နိုင် ခဲ့ပါတယ်။ ၈၁မိနစ်မှာ ထပ်မံသွင်းယူတဲ့ဂိုး ကိုလည်း ကူရာနီရှား က ကောင်းကောင်း ကာကွယ်ပေးနိုင် ခဲ့ပါတယ်။
ဒါပေမဲ့ အင်ဒို တိုက်စစ်မှူးတွေက ဂိုးရရှိအောင် မဖန်တီးနိုင် ခဲ့ကြတာကြောင့် ပွဲအပြီးမှာ ၂-၀ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရ တာဖြစ် ပါတယ်။ တကယ်လို့သာ အင်ဒို ကခြေပဂိုး တစ်ဂိုးတိတိ ဖန်တီးနိုင်ခဲ့ရင် နှစ်ကျော့ပေါင်း ၃-၃ဂိုးဖြစ်ပြီး အချိန်ပို ကစားရမှာဖြစ် ပါတယ်။ ဆိုးရွားတဲ့ အချက်ကတော့ ထိုင်းအသင်း အရန်ခုံ ဘက်ကို စည်းပြင်ရောက်နေ တဲ့ဘောလုံး နဲ့ အင်ဒို ကစားသမား အဗ္ဗဒူ လက်တာလူဟူက ကန်ထည့် လိုက်လို့ တိုက်ရိုက် အနီနဲ့ ထွက်သွား ရတဲ့အဖြစ်ပါပဲ။
ဒါပေမဲ့လည်း ငါးကြိမ်မြောက်အောင်ပွဲကို ချီတက်နေခဲ့တဲ့ ထိုင်းအသင်းကို ဒီအဖြစ်အပျက်က အာရုံမပြောင်းလဲ သွားစေနိုင်ခဲ့ပါဘူး။
Next : ထိုင်းဘုရင်ကြီးအား ဆူဇူကီးဖလားဖြင့် နည်းပြ ကိုင်တီဆတ်ခ် က လေးစားဂုဏ်ပြု