ထိုင်းဘုရင်ကြီးအား ဆူဇူကီးဖလားဖြင့် နည်းပြ ကိုင်တီဆတ်ခ် က လေးစားဂုဏ်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
15151248_10154084676857361_464749127_n

ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလကွင်း၌ ဆူဇူကီးဖလား ဗိုလ်လုပွဲအဖြစ် ကစားခဲ့ရာတွင် အင်ဒိုနီးရှား အသင်းအား ၂-၀ ဂိုးဖြင့် ထိုင်းနိုင်ငံ လက်ရွေးစင်ဘောလုံး အသင်းမှ အနိုင်ဗိုလ် စွဲနိုင်ခဲ့ပြီးနောက် နည်းပြ ကိုင်တီ ဆတ်ခ်က ချန်ပီယံ ဆုဖလားဖြင့် နတ်ရွာစံ ကံတော်ကုန် သွားပြီဖြစ်သော ဘုရင်ကြီး ဘူမိဘော အဒူရာဒက်နှင့် ဘုရင် အသစ် မဟာ ၀ဇီရာလောင်ကွန် တို့ကို လေးစားဂုဏ်ပြု လိုက်ပါသည်။

တိုက်စစ်မှူး ဆီရိုခ်ျချာသွန်၏ သွင်းဂိုး ၂ဂိုးဖြင့် နှစ်ကျော့ပေါင်း ၃-၂ဂိုးရရှိကာ ထိုင်းအသင်းက အနိုင်ရရှိသွားခဲ့ ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းအသင်း သည် အေအက်ဖ်အက်ဖ်ဖလား ငါးကြိမ်ဆွတ်ခူးပြီး စင်္ကာပူအသင်း၏ ရှေ့မှာ စံချိန်တင်ရပ်တည်နေပြီဖြစ်သည်။

“ ဒီနေ့ ကစားတဲ့ပွဲမှာ အသင်း သားတွေက အနိုင်ယူဖို့ သံဓိဌာန် ချထားတာကို မြင်ရမှာပါ၊ ဒီဆု ဖလားကြီးနဲ့ ထိုင်း ပြည်သူတွေနဲ့ ကျွန်တော် တို့ရဲ့ဘုရင်တွေ ကို လေးစားစွာ နဲ့ဂုဏ်ပြုလိုက် ပါတယ်၊ အသင်းက ပိုကောင်းတာမယ် လို့ ကျွန်တော်ယုံကြည်ထားပါတယ်” ဟု ကိုင်တီဆတ်ခ်က သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။

“ကျွန်တော်တို့က အိမ်ကွင်းမှာ ချန်ပီယံဘွဲ့ကို ကာ ကွယ်ရမယ့် အသင်းဖြစ်နေ ခဲ့တာကြောင့် ကစား သမားတွေ က ဖိအားဒဏ်ကို အတော်ကြီး ခံခဲ့ရတယ်။ ဒီနှစ်မှာ အင်ဒိုနီးရှား အသင်းက လည်း အသင်းကောင်း တစ်သင်းပါပဲ၊ ပွဲတိုင်းမှာ သူတို့ပိုပြီး အင်အားတောင့် တင်းလာကြတယ်။ ကျွန်တော်တို့ အသင်းကို အများကြီး ဒုက္ခပေးနိုင် ခဲ့ပါ တယ်” ဟု သူက ဆက်လက်ပြော ကြားခဲ့ပါ သည်။

အင်ဒိုနည်းရှား အသင်းနည်းပြ အဲလ်ဖရက် ဒ်ရီလ်ကမှု လက်ရှိ အသင်းကို ပိုပြီးဖွံ့ဖြိုး တိုးတက်မှု ရရှိလာစေရန်  ဆက်လက်ကိုင် တွယ်သွားမှာဖြစ် တဲ့အကြောင်း ပြောကြား ခဲ့ပါသည်။

“ အနိုင်ရဗိုလ်စွဲ သွားတဲ့ ထိုင်း အသင်းကို ဂုဏ်ပြုပါတယ်၊ ကျွန်တော်တို့ ဗိုလ်လုပွဲ တက်နိုင်ခဲ့လို့လည်း ပျော်ရွှင် ကျေနပ်မိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ တိုက်စစ် ဆင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူတို့က အတော်လေး ကံကောင်းပြီး အဖွင့်ဂိုးရ သွားခဲ့တယ်။ ၂ဂိုးပြတ်သွား ချိန်မှာတော့ ကျွန်တော်တို့ ဘာမှလုပ် လို့မရတော့ပါဘူး” ဟု သြစတြေးလျှ လူမျိုးတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှား အသင်းနည်းပြ အဖြစ် တာဝန်ယူနေသည့် အဲလ်ဖရက်ဒ်က ပြောဆို ခဲ့ပါသည်။

“ ကျွန်တော့်ရဲ့အနာဂါတ် ကိုတော့ အဖြေမပေးနိုင် ပါဘူး။ ကျွန်တော် ဆက်ပြီး လုပ်ဖြစ်မယ်၊ မလုပ်ဖြစ်ဘူးဆိုတာ ကိုပေါ့။ ဒါပေမဲ့ ကျွန်တော့်ကတော့ အသင်းကို ဆက်ပြီးကိုင်တွယ် ချင်ပါတယ်။ အင်ဒို အသင်းရဲ့တိုးတက်မှုအ တွက် ကြီးကြပ်ပေး ချင်ပါတယ်။ အနာဂါတ် ကာလမှာလည်း ထိုင်း အသင်းကို ရင်ဆိုင်ချင် ပါသေးတယ်” ဟု ဆိုသည်။

comments

error: Content is protected !!