ပထမအကျော့ ရှုံးပွဲကြောင့် ထိုင်းအသင်း နည်းပြ ကိုင်တီဆတ် စိတ်ပျက်
|
၂၀၁၆ခုနှစ်၊ အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ဗိုလ်လုပွဲ၏ ပထမ အကျော့ ပွဲစဉ်တွင် ထိုင်း အသင်း အား ၂-၁ဂိုးဖြင့် အနိုင်ရခဲ့သည့် ရလဒ် အပေါ်မှာပဲ ကျေနပ်နေ မည်မဟုတ်ကြောင်း အင်ဒိုနီးရှား နည်းပြ အဲလ်ဖရက်ဒ်က ကတိပေး ပြောကြား လိုက်သည်။
ပထမ အကျော့တွင် ၂-၁ဂိုးဖြင့် ကပ်ပြီး ရှုံးနိမ့်ခဲ့ ရသဖြင့် ထိုင်း အသင်းသည် ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ကွင်းမှာ ကစားမည့် ပွဲတွင် အစွမ်းကုန် အားသွန်ခွန်စိုက် ကစားမည့် အနေ အထားဖြစ်သည်။
“ဒီနေ့ ရင်ဆိုင် ရတာက ကိုယ့်ထက် ပိုကောင်းတဲ့ အသင်း ဖြစ်နေပါတယ်။ ခက်ခက်ခဲခဲ ကစားခဲ့ရတယ်။ တကယ် တော့ ထိုင်း အသင်းက အရှေ့တောင် အာရှမှာ အကောင်းဆုံး ဘောလုံး အသင်းပါပဲ” ဟု အင်ဒိုနီးရှား နည်းပြမှ ပြောကြားခဲ့သည်။
“ ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့အရည်အသွေးကို မပြနိုင်ခဲ့ဘူး၊ တစ်ဂိုးပေးလိုက်ရတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပွဲကိုသုံးသပ်နိုင်စွမ်းနဲ့ ဘောလုံးပေးပို့မှုတွေ ပိုကောင်းလာခဲ့တယ်။ ပထမဂိုး ရပြီးတဲ့နောက်ပိုင်းမှာဆိုရင် စွမ်းဆောင်ရည်ပိုမြင့်မားလာတယ်။ ကစားပွဲကို အနိုင်ပွဲဖြစ်အောင် ပြောင်းလဲယူ နိုင်ခဲ့တယ်”
“ ဒုတိယအကျော့မှာ ကျွန်တော်တို့ ကစားအားမချဘူး။ ဆက်ကြိုးစားမယ်၊ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင် ပါတယ်။ အနီကတ်ဒ်တွေ၊ ပိုင်နယ်တီတွေလည်း ဖြစ်နိုင်တယ်မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ အ ကောင်းဆုံးကစား သွားမယ်၊ ရလဒ်ကောင်းရမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြမယ်” လို့ နည်းပြ အဲလ်ဖရက်ဒ်က ဆက် လက်ပြောကြားခဲ့သည်။
ပြိုင်ဘက်အသင်းနည်းပြဖြစ်တဲ့ မန်နေဂျာကိုင်တီဆတ်ကတော့ ပွဲအပြီးမှာ ပြောစရာစကား များများစားစားမရှိ ဖြစ်ခဲ့ရသည်။ ပွဲပြီးသတင်းစာရှင်းလင်းပွဲမသိမ်းခင်မှာ မေးခွန်းတစ်ခုကိုပဲ ကိုင်တီဆတ်က ဖြေကြားသွားခဲ့သည်။
“ အုပ်စုအဆင့်ကစားပွဲတွေမှာတုန်းကလိုမျိုး ကျွန်တော်တို့ ဂိုးသွင်းခံခဲ့ရတယ်။ အဝေးကနေ ဖြတ်တင်ပေးပို့မှု တွေကပေါ့၊ ဒုတိယအကျော့မှာ ကျွန်တော်တို့ အနိုင်ကစားဖို့ကလွဲပြီး အခြားလမ်းမရှိပါဘူး” လို့ ကိုင်တီဆတ်က ပြောကြားခဲ့သည်။
Next : ထိုင်းအသင်းရဲ့ ငါးကြိမ်မြောက် ချန်ပီယံဘွဲ့ကို သေချာစေခဲ့တဲ့ တိုက်စစ်မှူး ဆီရိုခ်ျ