ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ ၂-၁ဂိုးနဲ့ ထိုင်း အသင်းကို အင်ဒိုက ဦးဆောင်နေ
|
၂၀၁၆ခုနှစ်၊ ဆူဇူကီးဖလားဗိုလ်လုပွဲရဲ့ ပထမအကျော့ပွဲအပြီးမှာ ရီဇ်ကီပိုရာနဲ့ ဟန်ဆာမှုရာမာတို့ရဲ့သွင်းဂိုး တွေ နဲ့ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို ၂-၁ဂိုးနဲ့အနိုင်ရထားပါတယ်။
ပတ်ခ်ကန်စာရီဘောလုံးကွင်းထဲမှာ အိမ်ကွင်းပရိတ်သတ်တွေက ၀ုန်းဒိုင်းကြဲအားပေးခဲ့ကြတယ်။ ဒါပေမဲ့လည်း ပွဲအစပိုင်းမိနစ်တွေမှာ ထိုင်းအသင်းရဲ့ဖိအားပေးမှုကို အင်ဒိုအသင်းတောင့်မခံနိုင်ခဲ့ဘူး။
ပွဲချိန် ၁၁မိနစ်မှာ နာမည်ကျော်တောင်ပံကစားသမား အန်ဒီခ်ဗာမန်စ်ရပ် ဒဏ်ရာရသွားခဲ့လို့ အင်ဒိုနည်းပြ အဲလ် ဖရက်အတွက် အစောပိုင်းမှာတင် အခက်ကြုံခဲ့ရတယ်။ အန်ဒီခ်က ဘယ်ဒူးထိခိုက်သွားပြီး ထမ်းစင်နဲ့ကွင်းပြင် ထုတ်ခဲ့ရတယ်။
တောင်ပံကစားသမားအန်ဒီခ်က ပြန်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ပွဲချိန် ၁၉မိနစ်အရောက်မှာ ထမ်းစင်နဲ့ပြန်ထုတ်ခဲ့ ရတယ်။ သူ့နေရာမှာ အင်ဒိုကစားသမား ဇူလ်ဟမ်ဇမ်ရမ်ဝင်ကစားခဲ့တယ်။
ပွဲချိန် ၃၃မိနစ်အရောက်မှာတော့ ထိုင်းအသင်းခေါင်းဆောင် တီရာဆီလ်ဒန်ဒါက အပြင်းအထန်ပိတ်ဆို့ထားတဲ့ နောက်တန်းတွေကို ကျော်ဖြတ်ပြီး သီရာတန်ဘူမတ်သန်ရဲ့ဖြတ်တင်ဘောကနေတဆင့် ခေါင်းတိုက်သွင်း လိုက်တာကို အင်ဒိုဂိုးသမား ခရုနီးရှားဟာမန်စာရပ် မကာကွယ်နိုင်ခဲ့ပါဘူး။
အဖွင့်ဂိုးသွင်းယူနိုင်ပြီးတဲ့နောက်မှာ ထိုင်းအသင်းက ပိုပြီးဖိအားပေးကစားလာခဲ့တယ်။ ဒါပေမဲ့ ထင်သလောက် ခရီးမပေါက်နိုင်ခဲ့ဘူးဖြစ်နေတယ်။ အဆုံးသတ်ပိုင်းကို အောင်မြင်အောင် မလုပ်နိုင်တဲ့ထိုင်းအသင်းကို ပွဲချိန် ၆၅ မိနစ်မှာ အင်ဒိုကစားသမား ရစ်ဇ်ပိုရာက ချေပဂိုးနဲ့အပြစ်ပေးလိုက်ပါတော့တယ်။
အင်ဒိုနီးရှားပရိတ်သတ်တွေရဲ့အားပေးသံတွေက ပိုပြီးကျယ်လောင်လာပြန်ပါတယ်။ နောက်ထပ် ၅မိနစ်အကြာ မှာပဲ အင်ဒိုကစားသမား ဟန်ဆာမှုက ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်း ယူသွား ခဲ့ပြန်ပါတယ်။
ဒိုင်လူကြီးရဲ့ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ ထိုင်းအသင်းဟာ အခုလအစောပိုင်းက အင်ဒိုနဲ့ကစားခဲ့တဲ့ ဗီယက်နမ် အသင်းကြုံခဲ့ရတဲ့ ၂-၁ဂိုးနဲ့ရှုံးနိမ့်မှုမျိုးကို သူတို့ကြုံတွေ့လိုက်ရပြီဆိုတာ လက်ခံလိုက်ကြရပါတော့တယ်။ ပထမ အကျော့မှာ အခုလိုရှုံးနိမ့်ခဲ့တာကြောင့် ရက်ပိုင်းအတွင်း အိမ်ကွင်းမှာကစားမယ့် ၂၀၁၆ခုနှစ်၊ ဆူဇူကီးဖလား ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်မှာ ထိုင်းအသင်းအတွက် ကြီးမားတဲ့ဖိအားနဲ့ရင် ဆိုင်ရမယ့်အနေအထားဖြစ်သွား ခဲ့ပါတယ်။
Next : ပထမအကျော့ ရှုံးပွဲကြောင့် ထိုင်းအသင်း နည်းပြ ကိုင်တီဆတ် စိတ်ပျက်