မြန်မာ အသင်းကို ဂိုးပြတ်နဲ့ အနိုင်ရပြီး ထိုင်းအသင်း ဗိုလ်လုပွဲတက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
image_2b1bdb1

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ရက်နေ့က ဆီမီးဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်မှာ မြန်မာ အသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရပြီး ထိုင်း အသင်း ဟာ အေအက်ဖ်အက်ဖ် ဆူဇူကီး ဖလားဘော လုံးပြိုင်ပွဲရဲ့နောက်ဆုံး ဗိုလ်လုပွဲကြီးကို သုံးကြိမ် ဆက်တိုက် တက်ရောက်နိုင် ခဲ့ပြီဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံထိုင်း အသင်းဟာ ဗီယက်နမ် အသင်းကို ၂နာရီကြာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး သရေရ လဒ် ကစားနိုင်ခဲ့လို့ ၂၀၁၀ ပြည့်နှစ်နောက် ပိုင်း အေအက်ဖ်အက်ဖ်ရဲ့ ဆူဇူကီး ဖလားဗိုလ်လုပွဲကို ပထမဆုံး အကြိမ် အင်ဒိုနီးရှား အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။

နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အတွက် ဒုတိယ အကျော့ ပွဲစဉ်တွေမှာ ထိုင်းနဲ့ အင်ဒိုနီး ရှားနှစ် သင်းလုံး  အားထည့် ကစားခဲ့ကြရ ပါတယ်။ မြန်မာ အသင်းဟာ အဖွင့်ပိုင်း မှာကောင်းမွန်ခဲ့ပြီး ထိုင်း ကစား သမားတွေ ကိုကွင်း ထဲမှာ ထိုင်း ကစားသမားတွေကို ဖိအားပေး ကစားနိုင်ခဲ့ ပါတယ်။

ဒါပေမဲ့ ပွဲချိန် ၃၃မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင် ခဲ့တဲ့ထိုင်း အသင်းကပဲ ပွဲစဉ်ကို စိုးမိုးသွား ခဲ့ပါတယ်။ ထိုင်းရှေ့တန်း ဆာရာဝပ် မာစစ်ခ်က အဲဒီဂိုးကို သီရသွန် ဘူမာသန်ရဲ့ဖြတ်တင်ဘော ကနေတဆင့် ခေါင်းတိုက်သွင်း ယူသွားခဲ့ တာပါ။

စုစုပေါင်း ထိုင်းရဂိုး ၃ဂိုးဖြစ်လာချိန်မှာ မြန်မာ အသင်းကလည်း မထင်မှတ် ထားလောက်တဲ့ တန်ပြန် တိုက်စစ်ကို ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ တစ်ဂိုးပြန်ရ လုနီးပါးအခြေ အနေအထိ မြန်မာ အသင်းရဲ့တိုက်စစ်က ပြင်းထန် လာခဲ့ပါ တယ်။ အသင်းခေါင်းဆောင် ရန်အောင်ကျော်က အဝေးကန်ချက် နဲ့အပြင်း အထန် ကန်သွင်း ခဲ့ပေမယ့်လည်း ထိုင်း ဂိုးသမားက ကာကွယ် သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအစောပိုင်းမှာလည်း သန်းပိုင်ရဲ့ကန်ချက်ကြောင့် မြန်မာ အသင်း အနေနဲ့ခြေပ ဂိုးရယူနီး ပါးဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဂိုးတိုင်ထောင့်နားက ဘားတန်းကို ထိမှန်ပြီး ပြန်ထွက် သွားခဲ့ရပါတယ်။

မြန်မာ အသင်းကို ပိုပြီး ဖိအားအောက်ရောက် သွားစေတာ ကတော့ ၆၅မိနစ်မှာ ပေးလိုက်ရတဲ့ ပိုင်နယ်တီပါပဲ။ ဂိုးဧရိယာ ထဲမှာ ရန်အောင်ကျော် ရဲ့ဘောလုံးဖျက် ထုတ်ဖို့ကြိုးပမ်း မှုကြောင့် ထိုင်းကစားသမား မာစစ်ခ် လဲကျခဲ့ပြီး  ပိုင်နယ်တီပေး ခဲ့ရတာဖြစ်ပါတယ်။ အဲဒီပိုင်နယ်တီကို ထိုင်းကစားသမား သီရာတန်က ပိုင်ပိုင်နိုင်နိုင် သွင်းယူသွား ခဲ့တာကြောင့် ပွဲစဉ်က စုစုပေါင်း ဂိုးအရေအတွက်မှာ ၄-၀ဂိုးနဲ့ ဦးဆောင် သွားနိုင်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာ ထိုင်း အသင်းက မြန်မာ အသင်းကို နောက်ထပ် ၂ဂိုးထပ် သွင်းယူနိုင် ခဲ့လို့ ၄-၀ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ ပါတယ်။ ပွဲချိန် ၇၆မိနစ်မှာ ဆီရောခ်ျချပ် သွန်က တစ်ဂိုး၊ ၈၃မိနစ်မှာ ချန်နာ သစ်စောင်ခရာစင်က တစ်ဂိုးသွင်းယူ ခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲသမိုင်း တလျောက်မှာ ၈ကြိမ်မြောက် အဖြစ် ဗိုလ်လုပွဲမှာ ထိုင်း အသင်းဟာ အင်ဒိုနီးရှား အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ဗိုလ်စွဲနိုင်ခဲ့ မယ်ဆိုရင်တော့ လက်ရှိ ချန်ပီယံ ထိုင်းအသင်းဟာ ငါးကြိမ်မြောက် ချန်ပီယံ အဖြစ် စံချိန်သစ် တင်နိုင်သွားမှာ ဖြစ်ပါတယ်။

comments

error: Content is protected !!