ဆူဇူကီး ဗိုလ်လုပွဲမှ အင်ဒို အသင်းအား သတိထားပြီး ရင်ဆိုင်သွားမည့် ထိုင်းနည်းပြ ကိုင်တီဆပ်ခ်
|
ဆူဇူကီး ဖလား ဗိုလ်လုပွဲမှာ အင်ဒိုနီးရှား အသင်းကို သတိထားပြီး ရင်ဆိုင်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်း ထိုင်း အ သင်းရဲ့နည်းပြ ကိုင်တီ ဆပ်ခ်က ပြောကြား လိုက်သည်။ ကိုင်တီဆပ်ခ်က ဒုတိယကျော့ ပွဲစဉ်မှာ မြန်မာ အသင်းကို ၄ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် အသင်း အနေဖြင့် ဗိုလ်လုပွဲ အတွက် မဖြစ်မနေပြင် ဆင်ရမည်ဖြစ်ကြောင်း ပြော ကြားခဲ့ခြင်းဖြစ် သည်။
လက်ရှိ ချန်ပီယံ အသင်းသည် နှစ်ကျော့ပေါင်း ဂိုးရလဒ် ၆-၀ဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခြင်း ဖြစ်သည်။
ဆာရာဝပ် မာစစ်ခ်က အဖွင့်ဂိုးကို ၃၃မိနစ်မှာ သွင်းယူပေးခဲ့ပြီး ၆၅မိနစ် တွင် ပိုင်နယ်တီဖြင့် ဒုတိယဂိုး ထိုင်းအ သင်းမှရရှိခဲ့သည်။ ပွဲချိန် ၇၆မိနစ်တွင် ဆီရောခ်ျ ချပ်သွန်က တစ်ဂိုး၊ ၈၃မိနစ်တွင် ချန်နာ သစ်စောင်ခရာစင်က တစ်ဂိုးသွင်း အသီးသီး သွင်းယူခဲ့ပါသည်။ ဒါကြောင့် ထိုင်း အသင်းသည် အောင်ပွဲကို အလွယ် တကူရရှိသွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
“ ကျွန်တော် တို့ရဲ့ ကစား သမားတွေကို ဂုဏ်ပြုရမှာပါ။ သူတို့က ဖိအားအောက်မှာ အကောင်းဆုံး ကစားသွားနိုင် ခဲ့ကြတယ်အတွက်ပေါ့” ဟု ထိုင်း နည်းပြက သတင်းထောက်များ အား ပြောကြား ခဲ့သည်။ “ ဒါပေမဲ့ ပွဲစဉ်က မပြီး ဆုံးသေးပါဘူး၊ ဒီနေ့ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ဗိုလ်လုပွဲ အတွက် နှစ်ပွဲကစားဖို့ ကျန်နေပါသေး တယ်”
“ ဗိုလ်လုပွဲက ကျွန်တော် တို့အတွက် ခက်ခဲမှာ အမှန်ပါပဲ၊ အင်ဒိုက အသင်းကောင်း တသင်းပါ။ အုပ်စုပွဲမှာ ကျွန် တော်တို့ကို နှစ်ဂိုးသွင်းယူ ထားခဲ့တဲ့ အသင်းပါ” ဟု နည်းပြကိုင် တီဆပ်ခ်က ဆက်လက်ပြောကြား ခဲ့သည်။
မြန်မာနည်းပြ ဂတ်ဇ်က ရလဒ်ကို စိတ်ပျက်မိသော်လည်း မြန်မာအသင်းတွင် အနာဂါတ် ရှိနေသည့်အချက်ကို တော့ သူ့အနေဖြင့် ယုံကြည် စိတ်ချထား ပါကြောင်း ပြောကြားသွားခဲသည်။
“ ဒီလောက် ဂိုးပြတ်နဲ့ ရှုံးနိမ့်မယ်လို့ မျှော်လင့်မ ထားတာကြောင့် ရလဒ် အပေါ်မှာ စိတ်ပျက်မိတာပါ၊ ပရိသတ် တွေက ကျွန်တော်တို့ အပေါ်မှာ အများကြီးမျှော် လင့်ထားကြတယ်။ ကျွန်တော်တို့ အခွင့် အရေးတွေ လည်း အ တော်များ များရခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးမသွင်းနိုင် ခဲ့ဘူး။ ၄ဂိုးပြတ် ဆိုတာ ကျွန်တော် တို့ မျှော်မှန်း ထားတဲ့ ရလဒ်ထက် ပိုပြီးဆိုး ရွားတာကို ၀န်ခံရမှာပါပဲ” ဟု မြန်မာ အသင်းနည်းပြ မှပြောကြားခဲ့သည်။
“ ကျွန်တော်တို့မှာ လူငယ် ကစား သမားတွေ အများကြီးရှိတယ်။ အသက် ၂၀အောက် မှာတင်ပဲ ၆ဦး ထက်မနည်း ရှိမယ်ထင်တယ်။ ဒီပွဲမှာ ကစားလို့ သူတို့တွေ အတွေ့အကြုံ အများကြီးရ လိုက်ပါတယ်။ လာမယ့် ၂နှစ်မှာ ထပ် ပြီး တိုးတက်မှု ရလာဦးမှာပါ။ အမှားတွေကို ပြင်ဆင်နိုင်မယ် ဆိုရင် ပိုပြီးကောင်း မွန်တဲ့အသင်းဖြစ် လာပါလိမ့်မယ်” ဟု သူက ဆက်လက်ပြောကြား ခဲ့ပါသည်။
Next : ဆူဇူကီးဖလား ဗိုလ်လုပွဲ ပထမအကျော့ ၂-၁ဂိုးနဲ့ ထိုင်း အသင်းကို အင်ဒိုက ဦးဆောင်နေ