ဆီမီးဖိုင်နယ် ရှုံးနိမ့်မှု အပြီးမှာ ဗီယက်နမ် နည်းပြ ငုရင်ဟူသောင် နူတ်ထွက် ဖွယ်ရှိနေ
|
၂၀၁၆ ခုနှစ်၊ အေအက်ဖ်အက်ဖ် ဆူဇူကီး ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ အင်ဒိုနီးရှား အသင်းကို ၄-၃ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပြီးနောက် အသင်းကို ပိုမိုကောင်းမွန် သည့် အနေ အထားဖြစ်စေရေး အတွက် မိမိ အနေဖြင့် နည်းပြ ရာထူးကို စွန့်လွှတ်ရန် စဉ်စားနေကြောင်း ဗီယက် နမ်နိုင်ငံ ကိုယ်စားပြု အသင်း၏ နည်းပြ ငုရင် ဟူသောင်က ပြောကြားခဲ့ပါ သည်။
ဗီယက်နမ် အသင်းနှင့် အင်ဒိုနီးရှား အသင်း တို့သည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က (My Dinh National ) ကွင်းတွင် ဆူဇူကီး ဖလားပြိုင်ပွဲ၊ ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ယှဉ်ပြိုင် ရာတွင် နာကျင် အချိန်ပို အပြီး ၂-၂ဂိုး ရလဒ်ဖြင့် သရေ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် အင်ဒိုနီးရှား အသင်း အနေဖြင့် နာမည်ကျော် အသင်းနှစ် သင်းကို ခက်ခက် ခဲခဲကျော် ဖြတ်ပြီး ဗိုလ်လု ပွဲသို့ တက်ရောက်နိုင် ခဲ့ပြီဖြစ်ပါသည်။
ဗီယက်နမ်ကဲ့သို့ ထိပ်တန်း အသင်း အတွက် ရလဒ်မှာ စိတ်ပျက် စရာဖြစ်ခဲ့ရသည်။ ယခုနှစ် အပါအ၀င် ဗီယက်နမ် အသင်းသည် သုံးနှစ်ဆက် တိုက်ဗိုလ် လုပွဲမရောက် သည့် စံချိန်တင် သွားခဲ့ပြီဖြစ်သည်။
“ ပရိသတ်တွေကို ကျွန်တော်နဲ့ ကစားသမားတွေ အားလုံးက ရိုးရိုး သားသားတောင်း ပန်စကားပြော ချင်ပါ တယ်၊ ကျွန်တော်တို့ ကံဆိုးခဲ့ကြ တယ်။ အစွမ်းကုန်ကြိုး ပမ်းခဲ့ပေမယ့် ရလဒ်ကောင်းဖြစ်အောင် မပြောင်း လဲ နိုင်ခဲ့ဘူး” လို့ မျက်ရည်ဝဲနေသည့် အသင်း နည်းပြက ပြိုင်ပွဲ အပြီးမှာ ပြောဆိုခဲ့သည်။
“ နည်းပြ တစ်ယောက် အနေနဲ့ ရလဒ် အပေါ်မှာ ပြစ်တင်ဝေ ဖန်မှုကို ခံယူသွား မှာပါ၊ ဘယ် ကစား သမားရဲ့အမှား ပဲဖြစ်ဖြစ် နည်းပြကို အပြစ်တင် တာမျိုး လက်ခံနိုင် ပါတယ်” “ စိတ်ထဲရှိတဲ့ အတိုင်းပြောရရင် ဗီယက်နမ် အသင်း အတွက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် သူတစ်ဦး တစ် ယောက် အတွက် ကျွန်တော် နည်းပြနေရာ ကနေ ဖယ်ပေးဖို့ အသင့် ရှိနေပါတယ်”ဟု နည်းပြ ငုရင်ဟူသောင်က ပြောကြား ခဲ့ပါသည်။
ထိုအချိန်တွင် အင်ဒိုနီးရှား နည်းပြ အဲလ်ဖရက်ဒ် ရီဒဲလ်က သူ့၏ ကစားသမားများကို ချီးကျုးဂုဏ်ပြု စကားပြောကြား ခဲ့သည်။
“ ကျွန်တော်တို့ ပြိုင်ပွဲမှာ အနိုင်ရခဲ့တယ်။ ကံကောင်းလို့ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရဲရဲရင့်ရင့် အားထုတ်ကြိုးစား မှုတွေကြောင့်ပါပဲ၊ ကျွန်တော်တို့ အကောင်း ဆုံးကြိုးစားနိုင် ခဲ့ပါတယ်၊ ဒီအတွက် ကစားသမား အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု အဲလ်ဖက်ဒ်က ပြောကြားခဲ့သည်။
အဲလ်ဖရက်ဒ် သည် ပြိုင်ဘက် အသင်း၏ နည်းပြဖြစ်သော ငုရင်ဟူသောင် အားလည်း ကာကွယ်ပြော ဆိုသွားခဲ့ သည်။ ဗီယက်နမ်နိုင်ငံ အသင်းမှာ အသင်းခေါင်းဆောင် အနေဖြင့် ငုရင်ဟူသောင် ကစားခဲ့စဉ်က အဲလ်ဖရက်ဒ် သည် အသင်းနည်းပြ ချုပ်ဖြစ်ခဲ့သည်။ ဗီယက် နမ်ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ငုရင် ဟူသောင်အား နည်းပြရာထူး မှ မဖယ် ရှားသင့်ကြောင်း သူက ပြော ဆိုခဲ့ခြင်းဖြစ်သည်။
“ ဗီယက်နမ်ဘောလုံး အဖွဲ့ချုပ် အနေနဲ့ နိုင်ငံအသင်း နည်းပြအဖြစ် ဟူသောင် ကိုရွေးချယ်ခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုပါပဲ၊ ဒီပြိုင်ပွဲ အပြီးမှာ သူ့ကိုနည်းပြနေ ရာမှာ ဆက်ခန့် ထားမယ်လို့ ကျွန်တော်မျှော် လင့်ပါတယ်” ဟု သတင်းထောက်များအား အင်ဒိုနီးရှား နည်းပြမှ ပြောကြား သွားခဲ့သည်။
Next : မြန်မာ အသင်းကို ဂိုးပြတ်နဲ့ အနိုင်ရပြီး ထိုင်းအသင်း ဗိုလ်လုပွဲတက်