စိတ်လှုပ်ရှားဖွယ် ၂နာရီကြာပွဲ အပြီး အင်ဒို အသင်း ဗိုလ်လုပွဲ တက်ရောက်
|
ဟနွိုင်းမှာ အိမ်ရှင် ဗီယက်နမ် အသင်းကို အံ့အား သင့်စရာ ၂-၂ဂိုးနဲ့ သရေ ရလဒ်ရအောင် ကစားပြီး ၂၀၁၀ ပြည့်နှစ်နောက် ပိုင်း အေအက်ဖ် အက်ဖ်ရဲ့ ဆူဇူကီး ဖလား ဗိုလ်လု ပွဲကို ပထမဆုံး အကြိမ် အင်ဒိုနီးရှား အသင်း ပြန် လာနိုင် ခဲ့ပါပြီ။
ပထမ အကျော့မှာ ၂-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ တဲ့ရလဒ်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေတဲ့ အိမ်ရှင် အသင်းကို My Dinh National ဘောလုံး ကွင်းက ကျယ်လောင် လွန်းလှတဲ့ သံပြိုင် ဟစ်ကြွေး သံတွေနဲ့ ဆီးကြိုနူတ် ဆက်ခဲ့ပါတယ်။
ဒီပွဲစဉ်ဟာ ဗီယက်နမ် အသင်း အတွက် ကြီးမားတဲ့ ဖိအားတွေရှိနေ ခဲ့ပါတယ်။ တကယ်တမ်း ယှဉ်ပြိုင် ကစားတဲ့အ ချိန်မှာ တစ်ဖက် အသင်းကို နောက်ခံ လူတွေကို ဖိအားပေး ကစားသွားနိုင်ခဲ့ ပါတယ်။ အသင်းခေါင်းဆောင် လီ ကွန်ဗင့်နဲ့ ငုရင်ဗန်ကွတ် တို့ဟာလည်း ဗီယက်နမ် အသင်း အတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင် ခဲ့တယ်။
နောက်ဘက် ပွဲကြည့်စင် ကနေ ဘောလုံး ပရိသတ်တွေက မီးပန်းတွေဖောက် တဲ့အချိန်မှာ အင်ဒို ဂိုးသမားက ပါးပါးနပ်နပ်နဲ့ လျောထိုး ၀င်ပြီးဖျက် ခဲ့တာကို ဒိုင်လူကြီးက ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ တာကြောင့် ၂၁မိနစ်မှာ ဗီယက်နမ် အသင်းက အနီးကပ် ကန်ခွင့်ရသွား ခဲ့တယ်။ အဲဒီနောက်ပိုင်း အင်ဒိုဂိုး သမား ဟာ တည်ငြိမ် မှုရအောင် ပြန် တည်ဆောက်နိုင် ခဲ့ပြီး ပထမပိုင်း တစ်ပိုင်းလုံးမှာ အသင်းဖော်တွေနဲ့ အတူ ဂိုးပေး ရလောက်အောင် အန္တရာယ်ကြီး တဲ့ တိုက်စစ် ဆင်မှုတွေကို ကျော်ဖြတ်နိုင် သွားခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာတော့ ဗီယက်နမ် အသင်းက ပထမပိုင်း မှာလိုပဲ ဖိအားပေး ကစားနိုင်ခဲ့တယ်။ ပွဲချိန် မိနစ် ၅၀မှာ ငုရင် ဗန်ထရန်ရဲ့ အဝေးကနေ လှမ်းကန်တဲ့ ကန်ချက်က ပြင်းထန် အားပါပေမယ့် ဂိုးမရရှိခဲ့ပါ ဘူး။
ပွဲချိန် ၅၄မိနစ် အရောက်မှာတော့ အခြေ အနေတွေက ဗီယက်နမ် အသင်းအတွက် ပိုပြီးဆိုးရွား သွားခဲ့ပါတယ်။ ဘို့အာ့စ် ဆိုလိုဆာရဲ့ကန့်လန့်ဖြတ် တင်ပေး တဲ့ဘောလုံးကို ဗီယက်နမ် အသင်းရဲ့ဂိုးစည်းပေါ်ကနေ ထရန်ဒင်ဒေါင်က ဖျက်ထုတ်ရာမှာ အမှားကျုးလွန် လိုက်တာကြောင့် အသင့် ရှိနေတဲ့ အင်ဒိုကစားသမား စတီဖန်နို လီလီပါလေးကို အခွင့်အရေး ရသွားစေပါတယ်။ လီလီ ပါလေးက အဲဒီ အခွင့်အရေးကို အမိအရ အသုံးချပြီး ၃-၁ဂိုး အသာရရုံမက အရေးကြီး လှတဲ့ အဝေးကွင်း သွင်းဂိုးကို အင်ဒိုနီးရှား အသင်း အတွက် ဖန်တီးပေးနိုင် ခဲ့ပါတယ်။
ဒုတိယ ပိုင်း ၁၄မိနစ်ပဲ ကျန်ရှိတော့ချိန်မှာ ဗီယက်နမ် အသင်းရဲ့နောက်ဆုံးမျှော် လင့်ချက်ကို ရိုက်ချိုး လိုက်တဲ့ နောက်ထပ် အဖြစ်အပျက် ကတော့ ဂိုးသမား ထရန့်ငုယန်မန်းဟာ တိုက်ရိုက် အနီကဒ်နဲ့ ထွက်သွား ရတာပါပဲ။ နည်း ပြငုရင် ဟုသောင် အနေနဲ့လည်း သူ့ရဲ့နောက်ဆုံး လူစားလဲခွင့်ကို ဒီလိုမဖြစ်ခင် ၂ မိနစ်စောပြီး သုံးခဲ့ပြီးသားဖြစ် နေတာကြောင့် ဂိုးသမား အစား မထိုးနိုင်ဘဲ ကျုနဂိုဟိုက်က ကျန်တဲ့ ပွဲစဉ် အချိန်တွေမှာ ဂိုးသမား အစား လက် အိတ်စွပ်ပြီး ၀င် ကစားခဲ့ ရတယ်။
ဒါပေမဲ့ ဗီယက်နမ် အသင်း အတွက် ဂိုးတစ်ဂိုးကို ပွဲချိန် ၈၃မိနစ်မှာ ဗူဗန်သောင်က သွင်းယူပေးနိုင် ခဲ့တယ်။ ဒါကြောင့် နာကျင် အချိန်ပိုမှာ ဗီယက်နမ် အသင်းက ပိုပြီး ဖိအားပေး ကစားလာခဲ့တယ်။ အဲဒီ အချိန်ပိုင်းလေး အ တွင်းမှာ ညှစ်ပြီး ကစားခဲ့လို့ ၉၄ မိနစ် အရောက်မှာ ဗီယက်နမ် အသင်း အတွက် ဒုတိယဂိုးကို ဗူမင်ထရန့်က အင်ဒိုနီးရှား ဂိုးရဲ့ဘယ်ဘက်ထောင့်ကနေ သွင်းယူပေးနိုင် ခဲ့တယ်။
ပွဲချိန် ၉၆မိနစ် အရောက် ဂိုးဧရိယာထဲမှာ အင်ဒို တိုက်စစ်မှူး လီလီပါလေးကို ဗီယက်နမ်က ကျော် ဖြတ်ရာမှာ ပြစ်ဒဏ်ဘောကျုး လွန်မိသွား ခဲ့တယ်။ ဒါကြောင့် အင်ဒို အသင်းက ပိုင်နယ်တီ ကန်သွင်းခွင့်ရ သွားခဲ့ပါ တယ်။ အဲဒီ အခွင့်အရေးကို အင်ဒို အသင်းက မန်နာဟာ တီလက်တူဆန်က ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့တာ ကြောင့် ၄-၃ဂိုး အသားနဲ့ နောက်ထပ် ၂၅မိနစ် စိတ်လှုပ်ရှား ဖွယ်ရာ ယှဉ်ပြိုင်မှု အပြီးမှာ ဗိုလ်လုပွဲကို တက် ရောက်ခွင့် ရရှိသွား ခဲ့တာဖြစ် ပါတယ်။
Next : ဆီမီးဖိုင်နယ် ရှုံးနိမ့်မှု အပြီးမှာ ဗီယက်နမ် နည်းပြ ငုရင်ဟူသောင် နူတ်ထွက် ဖွယ်ရှိနေ