မြန်မာနှင့် ထိုင်းအသင်း ပွဲအပြီးတွင် ဆိုးသွမ်း ပရိသတ်၂၂ ဦးကို ဖမ်းဆီးခဲ့
|
မြန်မာနှင့် ထိုင်းအသင်း တို့၏ ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွင် ဆိုးသွမ်းသောင်း ကျန်းခဲ့ကြသည့် ပရိသတ် ၂၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူ ခဲ့သည် ဟု မြန်မာနိုင် ငံဘောလုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံ ဦးအေးချိုက ပြောကြား သွားခဲ့သည်။
အဆိုပါ ဆိုးသွမ်း ပရိသတ် ၂၂ ဦးကို ဒီဇင်ဘာ ၅ ရက်နေ့တွင် အမိန့်ချမှတ် သွားမည်ဖြစ်ပြီး အုပ်စု ပွဲစဉ်များတွင် လည်း ဆိုးသွမ်း ပရိသတ် ၂ ဦး ကို ယခုလို ဖမ်းဆီး အရေးယူ ခဲ့ဖူးပြီး ထောင်ဒဏ် ၇ ရက် ချမှတ်ခဲ့သည်။ထို့အပြင် မြန်မာနှင့် ထိုင်း အသင်းတို့ ၏ပြိုင်ပွဲ လက်မှတ်များကို မှောင်ခိုရောင်း ချခဲ့သူ ၇ဦးကိုလည်း ဖမ်းဆီး သွားခဲ့သည် ဟုသိရသည်။ အုပ်စုတွင်း ပွဲစဉ်များ၌လည်း မှောင်ခို လက်မှတ်ရောင်း ချခဲ့သူ ၄ ဦးကို ဖမ်းဆီး အရေးယူ မှုများပြု လုပ်ခဲ့ပြီး ဒဏ်ငွေကျပ် ၅၀ပေးဆောင်စေ ကာ ပြန်လည်စေ လွတ်ခဲ့သည်။
ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက ရောင်းချပြီးစီးခဲ့ပြိးဟု မြန်မာနို င်ငံဘောလုံး အဖွဲ့ချုပ်မှ ကြေငြာ သွားခဲ့သော်လည်း ပရိသတ် ၃၃၁၂၂ ဦးလာရောက် အားပေးသွားခဲ့သည်။ သုဝဏ္ဏ ကွင်းပရိသတ် ၀င်ဆံ့ အင်းအားမှာ ၃၂၀၀၀ ရှိသည်ဟု သိရသည်။
Prev : ထိုင်းအသင်းကို ကွင်းလယ် ကစားကွက် မယှဉ်နိုင်ခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဟု မြန်မာနည်းပြ ဂတ်ဇီဆီ ဖွင့်ဟ
Next : စိတ်လှုပ်ရှားဖွယ် ၂နာရီကြာပွဲ အပြီး အင်ဒို အသင်း ဗိုလ်လုပွဲ တက်ရောက်
Next : စိတ်လှုပ်ရှားဖွယ် ၂နာရီကြာပွဲ အပြီး အင်ဒို အသင်း ဗိုလ်လုပွဲ တက်ရောက်