ရှုံးနိမ့်ခဲ့သော်လည်း ခြေစွမ်းကို ကျေနပ်ဟု ဗီယက်နမ်နည်းပြ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
vie-ina

ဗီယက်နမ် အသင်းနည်းပြ ချုပ် ငုရင်ဟူသောင်က အဝေးကွင်းတွင် ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မိမိ ကစားသမားများ၏ ခြေစွမ်းအကောင်းဆုံး ကစားခဲ့မှုကြောင့် ကျေနပ် မိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

” ကျွန်တော်တို့ ဒီနေ့ လိုချင်တဲ့ ရလဒ်မရခဲ့ပေမယ့် အကောင်းဆုံး ခြေစွမ်းပြ နိုင်ခဲ့တဲ့ အပေါ် ကျေနပ်မိပါတယ်။ တကယ်တော့ ဒီပွဲကို သရေကျနိုင်ခဲ့တဲ့ အခွင့်အရေး ရှိခဲ့ပေမယ့် နောက်ဆုံး အင်ဒိုနီးရှား ဂိုးကြောင့် ဆုံးရှုံးခဲ့ရပါတယ်” ဟု ငုရင်ဟူသောင်က ထုတ်ဖော်ပြော ကြားခဲ့သည်။

အင်ဒိုနီးရှားနည်းပြ အဲဖက်လ်ရီဒယ်ကမူ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို နှင့် အင်ဒိုနီးရှား ပရိသတ် ရှေ့တွင် အနိုင်ရလဒ် စွမ်းဆောင်ပေးနိုင်ခဲ့သဖြင့် အထူးပင် ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

” ဒီနေ့ တိုက်စစ်မှူး တွေ အရမ်းကို ကောင်းအောင် ကစား နိုင်ခဲ့တယ်။ သူတို့ဟာ အုပ်စု အဆင့် ပွဲထက်ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ကတော့ ဘာမှ မပြောချင်ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့က ဒိုင်လောက် ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ နေရာမှာ မရှိပါဘူး” ဟု အဲဖက်လ်ရီဒယ်က ဆိုသည်။

comments

error: Content is protected !!