အိမ်ရှင် အင်ဒိုကို ဦးဆောင် ခွင့်ပေးလိုက်ရတဲ့ ဗီယက်နမ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
vie-ina

များပြားလှတဲ့ ပြစ်ဒဏ်ဘောတွေနဲ့ အပိုင် အခွင့် အရေးတွေကို ဖြုန်းတီး ပစ်ခဲ့တာတွေ ဒီပွဲမှာ အများကြီး တွေ့ခဲ့ရတယ်။ အဆုံးသတ် မှာတော့ အမှား အရမ်းများခဲ့တဲ့ အသင်း ဟာ ဆူဇူကီး ဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ ရပါတော့တယ်။ ဒီအသင်း ကတော့ ဗီယက်နမ် အသင်းပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ အကြိုဗိုလ်ပွဲကို ပါကန်ဆရီ ဘောလုံးကွင်းမှာ ကျင်းပခဲ့ပါတယ်။ နှစ်သင်း စလုံးဟာ ဒဏ်ရာရ ပွဲ ပယ် တွေကြောင့် သူတို့ရဲ့ အကောင်းဆုံး ပွဲထွက် ကစားသမား ၁၁ ယောက် အပြည့် မထွက်နိုင်ခဲ့ပါဘူး။ ဗီယက်နမ် အသင်းဟာ သူတို့ရဲ့ အထောင် တိုက်စစ် ကစားသမား လီဗန်သန် ကို ဗဟို ကွင်းလယ် နေရာမှာ ပြောင်းလဲ အသုံးပြုခဲ့ ရပါတယ်။

အင်ဒိုနီးရှား အသင်းဟာ ပထမပိုင်းမှာ အကောင်းဆုံး တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲစပြီး ၇ မိနစ်မှာ ဦးဆောင်ဂိုး စတင်သွင်းယူ နိုင်ခဲ့ပါတယ်။ ဒီဂိုးကို ဟန်ဆာမူ ပါနာတာ က ခေါင်းတိုက် သွင်းယူပေး ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းပြီး ၁၀ မိနစ် အကြာမှာတော့ ဗီယက်နမ် အသင်းဟာ အင်ဒိုနီးရှား အသင်းရဲ့ ဦးဆောင် မှုကို ရပ်တန့် နိုင်ခဲ့ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ ဧရိယာ အတွင်းမှာ လက်နဲ့ ထိတာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ငုရင်ဗန်ကွတ်က ဒီဂိုးကို အကောင်းဆုံး အဆုံး သတ် ပေးနိုင် ခဲ့ပါတယ်။

အဲ့နောက်ပိုင်း မှာတော့ နှစ်သင်း စလုံးဟာ ပြစ်ဒဏ်များ အကြိမ်ကြိမ် ကျူးလွန် ခဲ့သော်လည်း ကံကောင်းစွာဖြင့် အ၀ါကတ် တစ်ကတ်သာ ပြသခံခဲ့ရပါတယ်။

အင်ဒိုနီးရှား အသင်းဟာ ဗီယက်နမ် အသင်းကို ပြန်လည် ဦးဆောင်ခွင့် ရဖို့ အချိန် အကြာကြီး မစောင့်လိုက် ရပါဘူး။ ဒုတိယပိုင်း ပွဲပြန်စလို့ ၅ မိနစ် အကြာမှာ ဗီယက်နမ် နောက်ခံ ကစားသမားက ဧရိယာ အတွင်းမှာ အင်ဒို ကစားသမား ကို ခြေနဲ့ လှမ်းချိတ် လိုက် တာကြောင့် ပင်နယ်တီ ပြန်လည် ပေးခဲ့ရပါတယ်။ ဒီပင်နယ်တီ ကို ဘိုအာ့ ဆိုလော့ဆာ က သွင်းယူပြီး အင်ဒိုနီးရှား အသင်း အနိုင်ရရှိခဲ့ပါတယ်။

comments

error: Content is protected !!