အိမ်ကွင်းတွင် ထိုင်းကို နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့၍ ဆီမီးအဆင့်နှင့် ကျေနပ်ရဖွယ် ရှိနေသည့် မြန်မာ
|
မြန်မာနှင့် ထိုင်းအသင်း တို့၏ ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်ကို ယမန်နေ့က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစား သွားခဲ့ရာ ထိုင်း အသင်းက အဝေး
ကွင်းတွင် နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရန် အခြေအနေကောင်း သွားခဲ့ပြီးဖြစ်သည်။
မြန်မာ အသင်းသည် မလေးရှားနှင့် အုပ်စုပွဲစဉ်က လူစာရင်း အတိုင်း ပွဲထွက်လာခဲ့ပြီး ထိုင်း အသင်းကို ရင်ဆိုင်သွားခဲ့သည်။ ထိုင်း အသင်းသည် ပွဲ
ထွက် စာရင်း တွင် အဓိက ကစားသမားအချို့ ကို ချန်လှပ်ခဲ့သော်လည်း မြန်မာ အသင်းကို ပိုမိုဖိအားပေး ကစားနိုင်ခဲ့သည်။
မြန်မာ အသင်းသည် ထိုင်းနှင့် ပွဲစဉ်တွင် အုပ်စုတွင်း ပွဲများကလို ခြေစွမ်းကောင်းပြ သနိုင်ခြင်းမရှိခဲ့ဘဲ အပိုင်းဂိုးသွင်း ခွင့်များမှာလည်း တုံ့ဆိုင်းနေ ခဲ့၍ နစ်နာခဲ့ရသည်။
ပွဲချိန် ၏၁၀ မိနစ်တွင် မြန်မာ အသင်း ဦးဆောင်ဂိုး ရရှိရန် အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပြီး မောင်မောင်လွင် ပေးရာမှတဆင့် ကောင်းဆက်နိုင် ကန်သွင်းခဲ့သော်လည်း ဂိုးသမားဖမ်းမိခဲ့သည်။ သို့သော် ပွဲချိန်၂၃ မိနစ်တွင် ထိုင်း အသင်းမှ ဦဆောင်ဂိုး ရရှိခဲ့ပြီး နောက်ခံလူများ ကပ်ထားသည့်ကြားမှ တိုက်
စစ်မှူး ဒန်ဒါက သွင်းယူနိုင်ခဲ့သည်။ တဆက်တည်း ဆိုသလိုပင် ထိုင်း အသင်းဘက်မှ ဆက်တိုက် ထိုးဖောက်လာ ခဲ့ပြီး ဘီးကုပ်ထိပ်မှ ကန်သွင်းချက်
မှာ တိုင် ထိထွက်ခဲ့သလို ၃၆မိနစ်တွင် ရရှိခဲ့သည့် မြန်မာ အသင်း၏ ချေပဂိုးမှာလည်း လူကျွံနေခဲ့သည်။
ဒုတိယပိုင်း တွင်လည်း ထိုင်းအသင်း မှပင် ပိုမိုထိုးဖောက် တိုက်စစ် ဆင်နိုင်ခဲ့ပြီး ဒုတိယဂိုးကို ပွဲချိန် ၅၅ မိနစ်တွင် ဒန်ဒါကပင် နောက်ခံ လူများကို ကျော်ဖြတ်ကာ သွင်းယူပေးနိုင် ခဲ့သည်။ ထို့နောက်တွင် မြန်မာ အသင်းမှ ပြန်လည် တိုက်စစ် ဆင်လာခဲ့ပြီး ထိုင်းနောက် တန်းနှင့် ဂိုးသမားတို့ အမှားအယွင်း မရှိခဲ့ပေ။ မြန်မာ တိုက်စစ်မှူး အောင်သူမှာ အပိုင်းဂိုး သွင်းခွင့်များ ရရှိခဲ့သော်လည်း အုပ်စုတွင်း ပွဲစဉ်များကလို ခြေစွမ်းပြ သနိုင်ခြင်းမရှိခဲ့ဘဲ ကွင်းလယ် မှ လည်း ထိရောက်သည့် ပံ့ပိုးမှုများကို မပြုလုပ်နိုင်ခဲ့ကာ အမှားများနေခဲ့သည်။ ထို့ နောက်တွင် မြန်မာ အသင်းသည် ကွင်းလယ်တွင် ခြေစွမ်းပျောက် ဆုံးနေသည့် မျိုးကိုထွန်းကို ရဲကိုဦးနှင့် လူစားလဲ ခဲ့သော်လည်း လက်ကျန် မိနစ်များကို ထိုင်း အသင်းမှ ထိန်းချုပ် ကစား သွားနိုင်ခဲ့ ပြီး နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိ သွားခဲ့သည်။
မြန်မာအသင်းသည် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကို နိုဝင်ဘာ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ ရာဇမင်္ဂလာ အားကစား ကွင်းတွင် ယှဉ်ပြိုင် ရမည်ဖြစ်ပြီး ဗိုလ်လုပွဲ တက်ရောက်ရန် မျှော်လင့်ချက်မှာ အားနည်း သွားခဲ့ပြီးဖြစ်သည်။
Next : ထိုင်းအသင်းကို ကွင်းလယ် ကစားကွက် မယှဉ်နိုင်ခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဟု မြန်မာနည်းပြ ဂတ်ဇီဆီ ဖွင့်ဟ