အင်ဒိုနီးရှား အသင်းကို ကွင်းထဲ အရောက် လာအားပေးခဲ့သည့် သမ္မတ ဂျိုကိုဝီ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
cywbkb5ukaahy9n

အင်ဒိုနီးရှား သမ္မတ ဂျိုကာဝီ ဒိုဒိုသည် ဗီယက်နမ်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် အင်ဒိုနီးရှားအသင်း အား တွေ့ဆုံ အားပေးမှု ပြုလုပ်ခဲ့သည်။

အသက် ၅၅ နှစ် အရွယ်ရှိ အင်ဒိုနီးရှား သမ္မတသည် ပွဲအပြီးတွင် ၂-၁ ဂိုးနှင့် အနိုင်ရရှိသော အင်ဒိုနီးရှား အသင်းနှင့် တွေ့ဆုံပြီး အကောင်းဆုံး အောင်ပွဲ ရရှိမှု အပေါ် တွေ့ဆုံဂုဏ်ပြု နှုတ်ဆက်ခဲ့သည်။

ထို့နောက် သူ၏ Twitter အကောင့်တွင် ” ဒီနေ့ပွဲမှာ အင်ဒိုနီးရှား အသင်းဟာ ကွင်းတွင်း အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒါဟာ အကောင်းဆုံး စတင်မှု ပဲဟု ဖော်ပြော ရေးသားခဲ့သည်။

အင်ဒိုနီးရှား တိုက်စစ်မှူး ဘိုအာ့ဇ် သည် အသင်းအတွက် အနိုင်ဂိုးကို ပင်နယ်တီ ဂိုးမှ တဆင့် သွင်းယူပေးခဲ့သည်။

” သမ္မတကြီး ဂျိုကိုဝီ ကို အထူးပင် ကျေးဇူးတင်ပါတယ်။ သူအားပေးမှုဟာ ကျွန်တော်တို့ အတွက် အရမ်းကို အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောက်ပြီး လာအားပေးတဲ့ ပရိသတ် တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု  ဘိုအာ့ဇ်  ကဆိုသည်။

comments

error: Content is protected !!