ထိုင်းအသင်းကို ကွင်းလယ် ကစားကွက် မယှဉ်နိုင်ခဲ့၍ ရှုံးနိမ့်ခဲ့ရခြင်းဟု မြန်မာနည်းပြ ဂတ်ဇီဆီ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
received_1266411086749296

ထိုင်း အသင်းနှင့် ပွဲတွင် ကွင်းလယ် ကစားကွက် အားနည်းမှုကြောင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်သည်ဟု မြန်မာအ သင်းနည်းပြ ဂတ်က ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

မြန်မာ အသင်းသည် အိမ်ကွင်းတွင် ထိုင်း အသင်းကို လက်ခံကစား ခဲ့သော်လည်း အခွင့်အရေး မယူနိုင်ခဲ့ဘဲ ကွင်း လယ်ပိုင်းမှ တိုက်စစ်ပိုင်းကို ထိရောက်သည့် ပံ့ပိုးပေးမှုများ မပြုလုပ်နိုင် ခဲ့သလို တိုက်စစ်မှူးများ မှာလည်း ရရှိ သည့် အခွင့်အရေးများကို အပိုင် အသုံးမချနိုင် ခဲ့၍ ချေပဂိုး တစ်ဂိုးမျှ သွင်းယူနိုင် ခဲ့ခြင်းမရှိဘဲ အရှုံးပေးခဲ့ရသည်။

” ကျွန်တော့် ကစားသမားတွေ အကောင်း ဆုံးကြိုးစားပြီး ကစားသွား ခဲ့ပေမယ့် အခွင့် အရေးတွေကို အသုံးမချ နိုင်ခဲ့ဘူး။ ကွင်းလယ်နေရာ ယူမှု အမှားတွေကြောင့် ပထမဂိုးကို ခွင့်ပြုခဲ့ ရတယ်။ ဒုတိယပိုင်း မစခင်မှာလည်း ဒီအားနည်းချက် ကိုပြောခဲ့ပေမယ့် အထ မမြောက် ခဲ့ဘူး။ ထိုင်း အသင်းက အာဆီယံရဲ့ အကောင်းဆုံး အသင်းဆို တာ အားလုံး အသိပါ။ ဒါက သံသယရှိ စရာမလိုပါဘူ။ ပထအကျော့မှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယ အကျော့ အတွက်မျှော်လင့်ချက် ရှိပါသေးတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင် တာမို့လို့ နောက်ဆုံး ၀ီစီ မမှုတ်ခင်အထိ ကျွန်တော်တို့ အသက်ရှိပါသေးတယ်” ဟု ဂတ်က ပြောကြားသွားသည်။

ထိုင်းအသင်း နည်းပြ ကိုင်တီဆက်က မြန်မာနှင့်ပွဲ မစခင်တွင် ပရိသတ် ဖိအားကြောင့် မိမိတို့ အတွက် ဖိအားများ ရှိခဲ့သော်လည်း ယခု လို ဂိုးပြတ် အနိုင်ရရှိခဲ့ သည့်အတွက် ဒုတိယ အကျော့ အိမ်ကွင်း ပွဲစဉ်တွင် ဖိအားများ ကင်းစင်ခဲ့ပြီးဟု ဆိုသွားခဲ့ သည်။

comments

error: Content is protected !!