“အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ၂၀၁၆ခုနှစ် အကြိုဗိုလ်လုပွဲ အဆင့်သုံးသပ်ချက်”
|
ယခုရက် သတ္တပတ် အတွင်းမှာ ၂၀၁၆ခုနှစ် အေ အက်ဖ်အက်ဖ် ဆူဇူကီး ဖလားဘော လုံးပြိုင်ပွဲကို ပြီးခဲ့ တဲ့လက အုပ်စု အဆင့်ကနေ တက်လာတဲ့ အသင်းလေး သင်း ဆီမီးဖိုင် နယ်ပွဲစဉ်တွေ အနေနဲ့ ဆက်လက် ယှဉ်ပြိုင် မှာဖြစ်ပါတယ်။
ထိုင်း(အုပ်စု -က ဗိုလ်) VS မြန်မာ (အုပ်စု -ခ ဆီမီးဖိုင်နယ်တက်အသင်း)
တနင်္ဂနွေနေ့မှာ အဖြူရောင် နတ်စစ် သည်တော်တွေဖြစ်တဲ့ မြန်မာ အသင်းဟာ ၂၀၀၄ ခုနှစ်နောက် ပိုင်းမှာ ပထမဆုံး အကြိမ်တက် ရောက်နိုင်ခဲ့တဲ့ ဆီးမီးဖိုင် နယ်အဆင့် ရလဒ်ကို အံ့သြဖွယ် ဆက်ထိန်းနိုင်ဖို့ တိုက်ပွဲ ၀င်ကြရ မှာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ ထိုင်းအ သင်းကို ယှဉ်ပြိုင် ရမှာဖြစ်လို့ ခက်ခဲမှာတော့ အသေအချာပါပဲ။ ပြီးခဲ့တဲ့ ငါးကြိမ်ထိပ် တိုက်တွေ့ဆုံမှုမှာ မြန်မာက ထိုင်းကို တစ်ကြိမ် မှ အနိုင် မရခဲ့ပါဘူး။ ပေးဂိုး ၉ဂိုးရှိ ခဲ့ပေမယ့် ၂ဂိုးပဲပြန် သွင်းယူနိုင်ခဲ့ တဲ့မှတ် တမ်းရှိပါတယ်။
မြန်မာ အသင်းဟာ ဗီယက်နမ် အသင်းကို အဖွင့်ပွဲမှာ ကပ်ရှုံးခဲ့တယ်။ ဒါပေမဲ့ ဒုတိယပွဲမှာ ကမ္ဘောဒီးယား အသင်းကို အနိုင်ယူနိုင်ခဲ့ ပါ တယ်။ နောက်ဆုံး မလေးရှား အသင်းနဲ့ပွဲ မှာတော့ ရန်ကုန် ယူနိုက်တက်ရဲ့ နာမည်ကျော် ကစားသမား ဒေးဗစ်ထန်းရဲ့ သွင်းဂိုး က ၁-၀ဂိုးနဲ့ အနိုင် ရစေခဲ့ပြီး ဆီးမီးဖိုင် နယ် အဆင့် ကို ၁၂နှစ် အတွင်း ပထမဆုံး အကြိမ် တက်ရောက် ခွင့်ရစေ ခဲ့ပါတယ်။
မြန်မာ အသင်းရဲ့နည်းပြက နည်းဗျူဟာပိုင်းမှာ နက်နက် ရှိုင်းရှိုင်းပြောင်း လဲမှုပြု လုပ်နိုင်ခဲ့တယ်။ တဖက် အသင်းရဲ့ပြင်းထန် တဲ့တိုက် စစ်ကို ဒုတိယ ပိုင်းမှာ ရင်ဆိုင်ခဲ့ ရပေမယ့် ဂိုးမပေး ရအောင်စွမ်းဆောင်နိုင် ခဲ့တယ်။
ထိုင်းအသင်း ကတော့ အုပ်စု-ကမှာ သုံးပွဲစလုံး လှလှပပ အနိုင်ယူနို င်ခဲ့တဲ့ အသင်းပါပဲ။ ဒါပေမဲ့ အဖွင့်ပွဲမှာ အင်ဒို ကို ၄-၂ဂိုးနဲ့ ဂိုးပြတ်ခဲ့ သလောက် နောက် ဆုံးနှစ်ပွဲမှာ နောက်ကျ ဂိုးတွေ သွင်းယူနိုင် စွမ်းမရှိဖြစ်နေ ခဲ့ပါတယ်။ ချန်နာ သစ်စောင် ခရာစင်က ကွင်း လယ် ကနေ ၃-၄-၁-၂ ပုံစံ ကစားကွက်ကို ဦးဆောင်ပြီး ဗျူဟာခင်း မှာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် တီရာစီလ် ဒန်ဒါကတော့ ရှေ့တန်း တိုက်စစ်ကို အဓိက အာရုံစိုက်ထား ပါလိမ့်မယ်။
စင်္ကာပူနဲ့ ဖိလစ်ပိုင်နှစ်ပွဲ စလုံးမှာ အနိုင်ဂိုးကို စသွင်းပေးခဲ့တဲ့ ဆာရာဝပ် မာဆပ်ခ်ကို ပွဲထုတ် လာမယ်လို့ အများစုက ယူဆ ထားကြ ပါတယ်။ ထိုင်းနည်းပြ ကီတီဆပ်ခ် ဆီနာမောင်းကတော့ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ အဲဒီ တိုက်စစ်မှူးကို ၀ှက်ဖဲ အနေနဲ့ အရန်ခုံမှာ ထိုင်ခိုင်း ထားဖို့များပါတယ်။
ပထမအကျော့ အတွက် ဖြစ်နိုင်ချေရှိတဲ့ ပွဲထွက်အသင်း
မြန်မာ (၄-၄-၂)
ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်း၊ မျိုးကိုထွန်း၊မောင်မောင်လွင် ၊ အောင်သူ၊ ကောင်းဆက်နိုင်
ထိုင်း (၃-၄-၁-၂)
ကော်ဝင်၊ အက်ဒီဆွန်း၊ သန်နာဘွန်း၊ပရာသမ်၊ ဒို၊ ဖိုကလာအို၊ ဆာရာခ်ျ၊တီရာသွန်၊ ချန်နာသစ်၊ တီရာစီလ်၊ စီရော့ဒ်
Next : ဘောလုံး ပညာသာသည့် ထိုင်းကို အသင်းလိုက် စည်းရုံမှုဖြင့် အံတုမည်ဟု ဂတ်ဇီဆီ ပြောကြား