ဆူဇူကီး ဖလား အုပ်စု (က) အကောင်းဆုံး ၁၁ ယောက် စာရင်း
|
ဆူဇူကီး ဖလားအုပ်စု (က) ပွဲစဉ်အားလုံး ကစားပြီးနောက်ပိုင်း အုပ်စု(က) ပွဲစဉ်အားလုံးမှာ ခြေစွမ်းပြ ကစားနေခဲ့တဲ့ အကောင်းဆုံး ကစား သမားတွေကို Football Channel Myanmar အနေနဲ့ အုပ်စု(က)ရဲ့ အကောင်းဆုံး ကစား သမား (၁၁) ဦးကို ရွေးချယ်ဖော်ပြ လိုက်ရပါတယ်။
ဂိုးသမား ဟာဆန်ဆန်နီ (စင်္ကာပူ)
အသင်း အနေနဲ့ ရှုံးထွက် အဆင့်ကို မကျော်ဖြတ်နိုင် ခဲ့ပေမယ့် အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ ဆန်နီဟာ အကောင်းဆုံး လက်စွမ်းပြ ကစားနိုင်ခဲ့သူပါပဲ။ ထိုင်း၊ အင်ဒိုနဲ့ ဖိလစ်ပိုင် အသင်းတွေက တိုက်စစ်မှူးတွေရဲ့ တချိန်လုံး တိုက်စစ်ဆင် ထိုးဖောက်မှုတွေကို ရင်ဆိုင် ကာကွယ် ခဲ့ရတာဖြစ်ပေမယ့် ၃ဂိုးပဲ သူပေး ခဲ့ပါတယ်။
နောက်ခံလူ မက်ဟူ မိုဟာနာ (စင်္ကာပူ)
စင်္ကာပူနောက်တန်းရဲ့အကောင်းဆုံး လူတွေထဲက တစ်ဦးအဖြစ် မှတ်တမ်း ၀င်ခဲ့သူပါ။ ဖိလစ်ပိုင်နဲ့ သရေ ကစားခဲ့ တဲ့ပွဲမှာ အသင်း ရဲ့အဓိက ကစား သမားနေရာကနေ သူ့ရဲ့သူမတူတဲ့ စိတ်အား ထက်သန်မှုနဲ့ ကစားသွား တာကို တွေ့ရပါတယ်။ ထိုင်းနဲ့ပွဲမှာ လည်း ခြေစွမ်းပြ ကာကွယ် သွားခဲ့သူပါပဲ။
နောက်ခံလူ အာမန်နီ အဂွီနဲလ်ဒို (ဖိလစ်ပိုင်)
အသက် ၂၁နှစ် သာရှိသေးတဲ့ အဂွီနဲလ်ဒိုဟာ ဖိလစ်ပိုင် အသင်းရဲ့သုံးပွဲစလုံး ပါဝင်ကစားခဲ့ပြီး လှပ တဲ့ခြေစွမ်းကို ပြသ သွားခဲ့ပါတယ်။ အဂွီနဲလ်ဒိုက နာမည်ကျော် တွေဖြစ်တဲ့ တီရာစီလ်ဒန်ဒါနဲ့ ဘိုဇ်ဆိုလိုဆာတို့ကိုလည်း တွန့် ဆုတ်မှုမရှိဘဲ ရင်ဆိုင် ကစားသွားခဲ့သူပါ။ နောက်ခံ လူတစ်ဦး အနေနဲ့ သူ့မှာတောက်ပတဲ့ အနာဂါတ် ရှိနေတယ် လို့ ပြောရမှာပါ။
နောက်ခံလူ အဗ္ဗဒူလက် တလူဟူ (အင်ဒိုနီးရှား)
နောက်ခံဘယ်အစွန်လူအဗ္ဗဒူလက်တလူဟူက ပြိုင်ပွဲမှာလက်ရှိအချိန်အထိ အကောင်းဆုံးကစားသမားတစ် ဦးပါပဲ။ ရှေ့တန်းမှာဖိအားပေးနိုင်တာ၊ အရေးကြီးတဲ့အချိန်တွေမှာ တိုက်စစ်ကိုအားဖြည့်ဖို့ အချိန်မီကူညီပေး နိုင်တဲ့ပြေးအားရှိနေတာက သူဟာအသင်းအတွက် အရေးပါတဲ့ကစားသမားဆိုတာ အငြင်းပွားဖွယ်မရှိဖြစ်စေ ခဲ့ပါတယ်။
ကွင်းလယ်လူ အန်ဒစ်ခ် ဗာမန်းယက်(အင်ဒိုနီးရှား)
ပြေးအားနဲ့ ထိုးဖောက်နိုင်စွမ်း ကိုသုံးပြီး တဖက် နောက်ခံလူတွေကို ဒုက္ခကောင်းကောင်းပေးနိုင် သူကတော့ အန်ဒစ်ခ် ဗာမန်းယက်ပါပဲ။ စင်္ကာပူနဲ့ပွဲမှာ အန်ဒစ်ခ်ရဲ့ချေပဂိုးက အင်ဒိုနီးရှား အသင်းရဲ့ပွဲရလဒ်ကို လုံးဝပြောင်း လဲစေခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ သူက အဓိက ကစားသမား တစ်ဦးဖြစ်လာမှာ အသေအချာပါပဲ။
ကွင်းလယ် လူစတိဖန်နို လီလီပါလီ (အင်ဒိုနီးရှား)
အင်ဒိုနီးရှား အသင်းရဲ့အသက်သွေးကြောက ကွင်းလယ် လူစတိဖန်နိုလီလီပါလီပါပဲ။ ဖိလစ်ပိုင်နဲ့ပွဲမှာ အင်ဒိုအသင်း အတွက် အဓိက ဘောလုံးဖြန့်ဝေသူဖြစ်ခဲ့ပြီး စင်္ကာပူနဲ့ပွဲမှာ မင်သက် သွားစေလောက်တဲ့ ဂိုးသွင်းသူဖြစ် ခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးကအောက် ကနေခံကန်နေရ တဲ့အင်ဒိုကို ဆီးမီးရောက်စေ ခဲ့တာပါ။
ကွင်းလယ်လူ ချန်နာသစ်ပ် ဆောင်ခရာဆင်(ထိုင်း)
ကွင်းလယ်လူ ချန်နာသစ်ပ် ဆောင်ခရာဆင်ဟာ ထိုင်း အသင်းရဲ့အဓိက ကစားသမား တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ ရွေ့ပြောင်းနေရာ ယူတတ်မှုက အသင်း အတွက် တိုက်စစ်ဆင်နိုင်မယ့် အခွင့်အလမ်းကို ဖန်တီးပေးနိုင် ခဲ့ပါတယ်။
ကွင်းလယ်လူ ဆာရာခ်ျယိုယန်(ထိုင်း)
အမြန်နူန်းနဲ့ အားပါပြင်းထန်တဲ့ ကစားအားက နှစ်ကြိမ် ၀င်ရောက် ကစားခဲ့တဲ့နေရာမှာ လုံးဝ ကုန်မသွား ခဲ့ပါဘူး။ ထိုင်း အသင်းရဲ့အရေးကြီးတဲ့ တိုက်စစ်နဲ့ ခံစစ် အဆက်အစပ်ကို ဆာရာခ်ျ ယိုယန်ကပဲ ချိတ်ဆက်ပေး ခဲ့တာပါ။ အသက် ၂၄နှစ် ရှိတဲ့ ဆာရာက နာမည်ကျော် အသင်းဖော် တွေလောက်မကျော်ကြားပေမယ့် သူဟာ အကောင်း ဆုံးကစား သမားတွေထဲက တစ်ဦးပါပဲ။
ကွင်းလယ်လူ ဆာရာဝပ်မာစပ်ခ် (ထိုင်း)
အသက် ၂၆နှစ် ရှိပြီဖြစ်တဲ့ ကွင်းလယ်လူ ဆာရာဝပ်မာစပ်ခ်က စင်္ကာပူနဲ့ပွဲ ဒုတိယပိုင်းမှာ ၀င်ကစားခဲ့တယ်။ ပွဲချိန် ပြည့်လုနီးတဲ့ အချိန်မှာ ထိုင်းရဲ့ပထဆုံး အနိုင်ဂိုးကို သူသွင်း ယူပေးခဲ့တယ်။ ဆာရာဝပ်က ဖိလစ်ပိုင်နဲ့ပွဲမှာ ပွဲထွက် ၁၁ဦးထဲ ပါလာပြီး အသင်း အတွက် ပထမဆုံး အနိုင်ဂိုးကို စသွင်းပေး ခဲ့ပြန်တယ်။ ထိုင်းနည်းပြ ကီတစ်စပ်ခ် ဆင်နာမောင်းက မြန်မာနဲ့ပွဲမှာ သူ့ကို ထည့်သုံးမှာ အသေအချာပါပဲ။
တိုက်စစ်မှူး ဘိုဇ်ဆိုလိုဆာ(အင်ဒိုနီးရှား)
အင်ဒို အသင်း အတွက် အစားထိုး မရသူက ဘိုဇ်ဆိုလိုဆာပါပဲ။ စင်္ကာပူနဲ့ပွဲမှာ သူ့ရဲ့မြင့်မားလှတဲ့ စွမ်းဆောင်ရည် ကြောင့် တဖက် အသင်းက နှစ်ဂိုးပေး ခဲ့ရတာပါ။
တီရာစီလ်ဒန်ဒါ (ထိုင်း)
ထိုင်း အသင်းရဲ့ထိပ်တန်းတိုက် စစ်မှူး ပီသစွာပဲ သူ့ရဲ့ကစားအား၊ နည်းစနစ်ပိုင်းနဲ့ ဂိုးသွင်းနိုင် စွမ်းတွေကို ပွဲတိုင်း မှာ ပြသသွား ခဲ့ပါတယ်။ အင်ဒိုနဲ့ ပွဲမှာ ဟတ်ထရစ် သွင်းယူ ခဲ့တာက ကျန်တဲ့ အုပ်စုက အသင်းတွေကို စိန်ခေါ် လိုက်တာပါပဲ။
နည်းပြ – အဲလ်ဖရက်ဒ် ရီဒ်လ် (အင်ဒိုနီးရှား)
အသက် ၆၇နှစ် ရှိပြီဖြစ်တဲ့ နည်းပြကြီး အဲလ်ဖရက်ဒ် ရီဒ်လ်ဟာ အင်ဒို အသင်းကို တတိယ အကြိမ်မြောက် ဦးဆောင်ပြီး ရှုံးထွက် အုပ်စု အဆင့်ကို ၂၀၀၈ ခုနှစ် နောက်ပိုင်း မှာ ပထမဆုံး အကြိမ်ခေါ်ဆောင် ပေးနိုင် ခဲ့ပါပြီ။ ဖီဖာရဲ့ ပွဲပယ်ပြစ်ဒဏ် ကလွတ်ပြီး မကြာသေးခင် အချိန်မှာပဲ သြစတေးလျှ နည်းပြကြီး အဲလ်ဖရက်က အခုလို ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင် ခဲ့တာဖြစ် ပါတယ်။
Next : “အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ၂၀၁၆ခုနှစ် အကြိုဗိုလ်လုပွဲ အဆင့်သုံးသပ်ချက်”