ဆူဇူကီးဖလား အုပ်စု (ခ) အကောင်းဆုံး ၁၁ယောက် စာရင်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
gen-7

ဆူဇူကီး ဖလား အုပ်စု (ခ) ပွဲစဉ် အားလုံး ကစားပြီး နောက်ပိုင်း အုပ်စု ခ ပွဲစဉ်တွေ အားလုံးမှာ ခြေစွမ်းပြသနေခဲ့ အကောင်းဆုံး ကစားသမားတွေကို Football Channel Myanmar နဲ့ Football Channel Vietnam တို့မှာ ပူးပေါင်းရွေးချယ်ပြီး အုပ်စု (ခ) ရဲ့ အကောင်းဆုံး ကစားသမား ၁၁ ယောက် ဖော်ပြ ပေးလိုက်ပါတယ်။

Tran Nguyen Manh: ပွဲစဉ်တစ်လျောက်လုံး အကောင်းဆုံး စွမ်းဆောင်ရည် ရရှိခဲ့ပြီး နောက်တန်းခံစစ် သမားများနဲ့ အကောင်းဆုံး တွဲဖက်ကာ မာကြောတဲ့ ခံစစ် ပုံစံတည်ဆောက် နိုင်ခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့ ခံစစ်ပိုင်းမှာ ပွဲတိုင်းလိုလို အမှား အချို့ ရှိခဲ့ပေမယ့် ပွဲစဉ် တလျောက် နှစ်ဂိုးပဲ ပေးခဲ့ရတဲ့ သူရဲ့ ခြေစွမ်းဟာ အလွန်ကောင်းခဲ့တာ သက်သေပြနေခဲ့ပါတယ်။

Zaw Min Tun: အုပ်စု (ခ) ရဲ့ အကောင်းဆုံး နောက်ခံ ကစားသမား တစ်ဦး အဖြစ် ထိပ်ဆုံးမှာ ပါဝင်ခဲ့မယ်ဆိုရင် ယုံမှားစရာ မလိုပါဘူး။ မြန်မာ အသင်း နောက်တန်းမှာ အကောင်းဆုံး ထိန်းကြောင်းခဲ့ပြီး ကမ္ဘောဒီးယား အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

Ronny Harun: ပွဲတစ်ပွဲရဲ့ အခြေအနေကို အကောင်းဆုံး အကဲခတ်နိုင်တဲ့ နောက်ခံ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဗီယက်နမ် အသင်း၊ မြန်မာ အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ပြိုင်ဘက် တိုက်စစ်မှူးတွေရဲ့ အန္တရာယ်ရှိတဲ့ တိုက်စစ်တွေကို ရပ်တန့် ဟန့်တား နိုင်ခဲ့သူပါ။

Vu Van Thanh: ဘယ်နောက်ခံ ကစားသမားထဲမှာ အုပ်စု (ခ) ရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ ဗီယက်နမ်အသင်းရဲ့ တိုက်စစ် နည်းဗျူဟာမှာ ဗူဗန်သန်ရဲ့ ဘောလုံး ဖြန့်ဝေမှုက တဆင့် စတင်ခဲ့တဲ့ တိုက်စစ် ဆင်မှုတွေဟာ အများဆုံး ဖြစ်ပါတယ်။

Luong Xuan Truong: တောင်ကိုရီးယားလိဂ် အင်ချွန်းယူနိုက်တက် မှာ ကစားနေတဲ့ အလယ်ဗဟို ကွင်းလယ် ကစားသမား တစ်ဦးပါ။ ဘောလုံးကို တည်တည်ငြိမ်ငြိမ် ထိမ်းသိမ်းနိုင်ပြီး တိုက်စစ် ဖြန့်ဝေမှု ပိုင်းမှာ တိကျတဲ့ ဖြတ်တင် ပေးပို့မှုတွေကို အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ မြန်မာအသင်း၊ မလေးရှား အသင်းတို့နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရရှိတဲ့ ၃ ဂိုးစလုံးဟာ သူရဲ့ သေသပ်လှပတဲ့ ဖြတ်တင်ပေးပို့မှုတွေက ရရှိခဲ့တာပါ။

David Htan: အရပ်အမောင်း မကောင်းပေမဲ့ ညာခြမ်းမှာ အကောင်းဆုံး ခြေစွမ်းပြ တိုက်စစ် ဆင်နိုင်တဲ့ ကစားသမား တစ်ဦးပါ။ မြန်မာအသင်းရဲ့ ညာခြမ်းကနေ တိုက်စစ်ဆင်မှု အများစုဟာ ဒေးဗစ်ထန်ရဲ့ တိုးအားနဲ့ ပြိုင်ဘက်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မလေးရှား အသင်းနဲ့ ပွဲစဉ်မှာ အရေးကြီးတဲ့ အနိုင်ဂိုးကို သွင်းယူကာ အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Myo Ko Tun: မြန်မာအသင်း၏ တိုက်စစ် ပိုင်း လိုက်ပါ ပံ့ပိုးရာတွင် အကောင်းဆုံး စွမ်းဆောင် ကစားနိုင်ခဲ့သည်။ အထူးသဖြင့် ဗီယက်နမ် အသင်း နှင့် ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး တိုက်စစ်မှူး အောင်သူ ကန်သွင်းယူသည့် ဂိုးအတွက် ဖန်တီးပေးခဲ့သူ ဖြစ်သည်။

Nguyen Trong Hoang: ငုရင်သောင်ဟောင်ဟာ ဒီနှစ် ဆူဇူကီး ပြိုင်ပွဲမှာ လင်းလက်လာတဲ့ တိုက်စစ်မှူး တစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူဟာ ပွဲတိုင်းလိုလို တိုက်စစ် လိုက်ပါ ကစားနိုင်မှု အကောင်းဆုံး ဖြစ်ခဲ့ပြီး ဘောလုံး ပညာ ကျွမ်းကျင်မှုမှာလည်း ပါရမီပါတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ အင်ဒိုနီးရှား အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် အကြိုဗိုလ်လုပွဲ အဆင့်မှာ စောင့်ကြည့်ရမယ့် ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်မယ်။

Aung Thu: အာဆီယံ အကောင်းဆုံး ကစားသမား ဆုရထားတဲ့ အောင်သူကို အုပ်စု (ခ) ရဲ့ အကောင်းဆုံး ၁၁ ဦးစာရင်းမှာ ချန်ထားခဲ့ရင် ဆားမပါတဲ့ ဟင်းလို ဖြစ်သွားပါလိမ့်မယ်။ သူ့ရဲ့ သန်မာမှု၊ ဘောလုံးပညာ၊ ကျွမ်းကျင်မှုတွေဟာ ပါရမီရှင် တစ်ဦးမှန်း သိသာ လှပါတယ်။ မလေးရှား အသင်းနဲ့ ပွဲစဉ်မှာ ကန်သွားတဲ့ ပြစ်ဒဏ်ဘောဟာ ဂိုးတိုင်ထိပြီး ပြန်ထွက်သွားပေမယ့် မလေး ဂိုးသမား ခြေတစ်လှမ်းတောင် မရွှေ့နိုင်ခဲ့တာ ဟာ သူရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းမှု ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတာ ပြသ သွားပါတယ်။

Le Cong Vinh: နာမည်ကျော် တိုက်စစ် မှူး တစ်ယောက် အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး။ တိုက်စစ်ပိုင်းမှာ ပြိုင်ဘက် နောက်ခံကစားသမားတွေ အလစ် တစ်ချက်ပေးတာနဲ့ ဂိုးသွင်းသွားနိုင်တဲ့ တိုက်စစ်မှူးပါ။

Chan Vathanaka: ကမ္ဘောဒီးယား အသင်းအတွက် သူဟာ ဘုရားပေးတဲ့ ဆုလဒ်ပါ။ ပြိုင်ဘက်အသင်းကို ဘယ်လို တိုက်စစ်ဆင်ပြီး ဂိုးသွင်းရမယ်ဆိုတာကို ပါးနပ်စွာ သိတဲ့သူပါ။ ဒါကြောင့် ကမ္ဘောဒီးယား အသင်းနဲ့ အတူ ၂ ဂိုး သွင်းပေးခဲ့ပါတယ်။

နည်းပြ ဂတ်ဇီဆီ။ ။ ခြေစမ်းပွဲများတွင် တိုက်စစ်အားနည်း ပြီး ဂိုးပေါက် နေခဲ့သောကြောင့် ဝေဖန်မှုများ ခံနေရသည့် ဂတ်ဇီဆီသည် ဗီယက်န မ်အသင်း ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဖိအား အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် နောက်ပိုင်း ပွဲများတွင် တစ်ပွဲထက် တစ်ပွဲ ပိုမိုကောင်း မွန်လာပြီး ၁၂ နှစ်ကြာ ဝေးကွာနေသော အကြိုဗိုလ်လုပွဲ အဆင့်သို့ မြန်မာအသင်းကို ပို့ဆောင်ပေးနိုင်ခဲ့သည်။

comments

error: Content is protected !!