အေအက်ဖ်အက်ဖ် ဆူဇူကီးဖလား ၂၀၁၆ခုနှစ်၊ အုပ်စု(ခ)သုံးသပ်ချက်
|
ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ဆူဇူကီး ဖလားဘော လုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့် ယှဉ်ပြိုင်မှုတွေကို စိတ်လှုပ်ရှားစွာ နဲ့စောင့်ကြည့် ခဲ့ရပါ တယ်။ အခု အုပ်စု(ခ)ရဲ့ အသင်းလေးသင်း အကြောင်းကို ပြန်လည် သုံးသပ် တင်ပြပါမယ်။
ဗီယက်နမ်
ဗီယက်နမ် အသင်းဟာ ရင်ဆိုင် ယှဉ်ပြိုင်ဖို့ ခက်ခဲနိုင်တဲ့ အုပ်စု(ခ)မှာ ကျခဲ့ပေမယ့် သုံးပွဲစလုံးမှာ စိတ်ပျက် စရာ ရလဒ်မဖြစ်ခဲ့ပါဘူး။ သုံးပွဲစလုံးမှာ ဗီယက်နမ် အသင်းကို ပုံစံအမျိုးမျိုးနဲ့ စမ်းသပ် ခံခဲ့ရတယ် လို့ပြောရမှာပါ။
ဒါပေမဲ့ ဗီယက်နမ် အသင်းက အဲဒီစမ်းသပ်မှုတွေတိုင်းကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။ ပထမဆုံးပွဲမှာ အိမ်ရှင် အသင်းဖြစ်တဲ့ မြန်မာ ကို (၂-၁) ဂိုးနဲ့နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာနောက်ဆုံး ခရာမှုတ်ချိန် အထိ ဖိကစား သွားနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ နာမည်ကျော် တိုက်စစ်မှူး လီကောင်ဗင် က ပွဲအဆုံး အဖြတ်ဖြစ်စေဖို့ ပံ့ပိုးလုပ်ဆောင် သွားနိုင်ခဲ့ပါတယ်။
နောက်ထပ် ၃ရက်အကြာ မလေးရှား နဲ့ပွဲမှာလည်း ၁-၀ဂိုးနဲ့ ကပ်ပြီး ဗီယက်နမ်က အနိုင်ရ ခဲ့ပြန်ပါတယ်။ တစ်လုံးတည်းသော အနိုင်ဂိုးကို ငုရင် သောင် ဟောင် က ပွဲချိန် ၈၀မိနစ် အရောက်မှာမှ သွင်းယူပေး နိုင်ခဲ့တာပါ။ သေချာတာကတော့ ကမ္ဘောဒီးယားနဲ့ပွဲမှာ ၁၀ယောက်တည်းနဲ့ မိနစ် ၈၀လုံးလုံး ကစားသွား နိုင်ခဲ့တာက ဗီယက်နမ် အသင်းရဲ့မာကျောမှုကို ပြသ ခဲတာပါပဲ။
လာမယ့် ဆီမီးဖိုင်နယ် အင်ဒိုနီးရှား အသင်းနဲ့ပွဲမှာ ဗီယက်နမ် အသင်းအတွက် ရလဒ်ကောင်း ထွက်မထွက် ကတော့ နောက် တန်း တွေရဲ့ပံ့ပိုးပေးနိုင်မှု အားနည်းပေမယ့် လက်စွမ်းပြကာ ကွယ်နိုင်ခဲ့တဲ့ ဗီယက်နမ်ဂိုးသမား ထရန်ငုရင်မန် အပေါ်မှာ မှုတည်နေ ပုံပါပဲ။
မြန်မာ
မြန်မာဘောလုံး ပရိသတ်တွေက ကွင်းထဲမှာ အံ့အား သင့်စ ရာကောင်းလောက်အောင် လာရောက် အားပေး ခဲ့ကြသလို နည်းပြချုပ် ဂတ်ဇီဆီ ရဲ့နိုင်ငံလက်ရွေးစင် အသင်းကလည်း စိတ်ဓါတ် အပြည့် ထည့်ကစား သွားခဲ့တာကြောင့် ဝေဖန်သံတွေကို တိုးတိတ် သွားစေခဲ့ ပါတယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း အုပ်စု မကျွတ်တဲ့မြန်မာ အသင်းကို ၁၂ နှစ် အကြာမှ ပထမဆုံးအကြိမ် အကြိုဗိုလ်လုပွဲ အရောက် ပို့နိုင်ခဲ့ပါပြီ။
မြန်မာဘောလုံး သမားတွေဟာ အသည်းအသန်လိုက်ကစားခဲ့ကြပြီး အ၀င်ရဲတင်း တာကြောင့် ဗီယက်နမ် နဲ့ပွဲမှာ ပြစ်ဒဏ်ဘော ၁၈ ကြိမ်ဖြစ်ခဲ့ ရပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းဟာ ၂၀၁၄ ခုနှစ်ကလို မဟုတ်တော့ဘူး ဆိုတဲ့ အချက်ကိုတော့ ပြိုင်ဘက် အသင်းတွေ သတိထား မိသွားပါတယ်။
အသင်းလိုက် စိတ်ဓါတ်မှာတော့ ဘယ်ကစားသမားကမှ အောင်သူလောက် မပြင်းထန်ဘူးလို့ ဆိုရမှာပါ။ သူက ပြိုင်ပွဲ ၃ပွဲစ လုံးမှာ တိုက်စစ်ရဲ့ထိပ်ဆုံးနေရာ မှာရှိနေခဲ့ပြီး မလေးရှား နောက်တန်း ကစားသမား အကုန်လုံးကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။
ပွဲချိန် ၈၉မိနစ် အထိ ဂိုးမရှိ သရေဖြစ်နေချိန် ဒေးဗစ်ထန်းရဲ့အနိုင်ဂိုး သွင်းပြီး အောင်ပွဲခံတဲ့ ပရိသတ် အသံက ရန်ကုန်မြို့ရဲ့ လမ်း တွေပေါ် ကနေ ဘန်ကောက် အထိကြား နိုင်လောက်အောင်ပါပဲ။ လက်ရှိ ချန်ပီယံထိုင်း အသင်းကလည်း မြန်မာ -မလေး ပွဲ ဘယ်လို အဖြေထွက် မလဲ ဆိုတာကို စိတ်လှုပ် ရှားစွာနဲ့စောင့် ဆိုင်းနားထောင်နေ တယ်မဟုတ် ပါလား။
မလေးရှား
၂၀၁၄ ခုနှစ် ဗိုလ်လုပွဲမှာ ထိုင်းကို ကပ်ရှုံးပြီးနောက် ၂နှစ်အကြာမှာ မလေးရှားအ သင်းဟာ အုပ်စုအဆင့် ကျွတ်ဖို့ အတွက် ဖိအားများ စွာနဲ့ ရင်ဆိုင်နေခဲ့ ရပါတယ်။ ယခင် အသင်းခေါင်းဆောင် ဟောင်း ဆာဖီရာဟင် ကတော့ ဇွန်လကတည်းက လက်ရွေးစင် အသင်း ကနေ အနားယူ သွားပြီဖြစ်လို့ ဒီပွဲမှာ မပါဝင်ခဲ့ပါဘူး။
မလေးရှား အသင်းဟာ ကမ္ဘော ဒီးယားကို ၃-၂ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဗီယက်နမ် ကို ၁-၀ဂိုးနဲ့ ကပ်ရှုံးနိမ့်ခဲ့ပြန် တာကြောင့် မြန်မာနဲ့ ကစားမယ့်ပွဲမှာ ပိုမိုကြီးမားတဲ့ ဖိအားရှိနေခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ အစိုးရရဲ့မကြာသေးခင် လုပ်ဆောင်ချက်တွေကို ကန့်ကွက် တဲ့အနေနဲ့ ပြိုင်ပွဲက နေစွန့်ခွာဖွယ်ရှိနေ တယ်လို့ သတင်းတွေ ထွက်ပေါ်လာ တာကလည်း နဂိုကမှ အခြေအနေ မကောင်းတဲ့ မလေး ရှား အသင်းကို နိုင်ငံရေးအရ လွှမ်းမိုးဖို့ ခြိမ်းခြောက် လာမှုပါပဲ။
အဲဒီနိုင်ငံရေး အရခြိမ်းခြောက် မှုတွေက လက်တွေ့ မကျခဲ့ပါဘူး။ လက်တွေ့မှာ အိမ်ရှင် အသင်းအပေါ် မလေးရှား အသင်းက ခြိမ်းခြောက် နိုင်စွမ်းမရှိ သလောက်ပါပဲ။ မလေးရှား အသင်းကို ပြိုင်ပွဲကနေ တကယ် ထွက်ခွာ သွားစေတာက နိုင်ငံရေး အရ ခြိမ်း ခြောက်မှု မဟုတ်ပဲ ဒေးဗစ်ထန် ရဲ့ ခြိမ်းခြောက်မှု သာ ဖြစ်ခဲ့ပါတယ်။
ဆူဇူကီး ဖလား သမိုင်းမှာ မလေးရှား အသင်း အနေနဲ့ ၂၀၀၈ ခုနှစ်က စတင်ပြီး ပထမ ဆုံး အကြိမ် အုပ်စု အဆင့် မကျွတ်တဲ့ မှတ်တမ်း ၀င်သွား ခဲ့တာဖြစ် ပါတယ်။ မလေး အသင်းရဲ့ စွမ်းဆောင် ရည်ကျဆင်းမှုက ယာယီလား ဒါမှမဟုတ် အရှေ့တောင် အာရှမှာ ဘောလုံး အင်အားကြီး အသင်း အသစ် ပေါ်ပေါက် လာတော့မှာ လားဆိုတာ ကတော့ အချိန်ကပဲ အဆုံး အဖြတ်ပေး သွားပါ လိမ့်မယ်။
ကမ္ဘောဒီးယား
ခြေစစ်ပွဲအောင်တဲ့ အသင်းတွေ အနေနဲ့ ပြိုင်ပွဲ စတင်ချိန်မှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမယ်ဆိုတာ သိရှိနား လည် ထားကြပါတယ်။ ထိပ်တန်း အသင်း မဟုတ်ဘဲ နောက်ဆုံးက ရပ်နေရပေမယ့် ကောင်းကွက် တချို့တော့ ရှိနေ ပါသေး တယ်။
အသင်းခေါင်းဆောင် တိုက်စစ်မှူး ချန် ဗန်သနာကာ ဦးဆောင်တဲ့ ကမ္ဘော ဒီးယား အသင်းဟာ မလေးရှား နဲ့ပွဲမှာ ထင်သလောက် ဂိုးမပြတ် ဘဲ ၃-၂ဂိုး နဲ့ပဲ ရှုံးနိမ့်ခဲ့ ပါတယ်။ ဒါပေမဲ့ အိမ်ရှင်မြန်မာ အသင်းကိုတော့ ၃-၁ဂိုးနဲ့ ရှုံးနိမ့် ခဲ့ရပါတယ်။
အသက် ၂၂နှစ်အရွယ် တိုက်စစ်မှူး ဗန်သနာကာ တစ်ဦး တည်းရဲ့အားနဲ့တော့ အောင်ပွဲရဖို့ဆိုတာ ကမ္ဘော ဒီးယား အသင်းအတွက် မဖြစ်နိုင်ပါဘူး။ နောက်ဆုံးအနေနဲ့ ဗီယက်နမ် အသင်းကို ၂-၁ဂိုးနဲ့ ကမ္ဘောဒီးယား ရှုံးနိမ့်ခဲ့ရပါတယ်။ တစ်ယောက် အသာနဲ့ ကစားခဲ့ရ ပေမယ့် ဗီယက်နမ် အသင်းကို ဖိအားပေး မကစားနိုင် ခဲ့တာကြောင့် အခုလို ရှုံးနိမ့်သွား ခဲ့ရတာပဲ ဖြစ်ပါတယ်။
ကမ္ဘော ဒီးယား အသင်း အနေနဲ့ အာဆီယံ အသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်လောက် တဲ့အခြေအ နေမရ ခင်မှာ ပြည်တွင်း လိဂ်ကို တည်ငြိမ်တဲ့ တိုးတက်မှုဖြစ်အောင် အသည်း အသန်ကြိုး ပမ်းရဦး မှာဖြစ်ပါတယ်။ နည်းပြချုပ် Lee Tae-Hoon အနေနဲ့ အောင်မြင် မှုတွေ ရယူနိုင် ဖို့အတွက် လူငယ် အသင်းကို နောက်ထပ် ၂နှစ်လောက် အထိ ဆက်ပြီးဖွံ့ဖြိုးမှု ရအောင်လေ့ကျင့် ပေးရဦး မှာဖြစ် ပါတယ်။
Next : ဆူဇူကီးဖလား ၂၀၁၆ခုနှစ်၊ အုပ်စု(က) ခြုံငုံ သုံးသပ်ချက်