ဆူဇူကီးဖလား ၂၀၁၆ခုနှစ်၊ အုပ်စု(က) ခြုံငုံ သုံးသပ်ချက်
|
ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ဆူဇူကီး ဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု အဆင့် ယှဉ်ပြိုင် မှုတွေကို စိတ်လှုပ် ရှားစွာနဲ့စောင့်ကြည့် ခဲ့ရပါ တယ်။ အခု အုပ်စု(က) ရဲ့အသင်း လေးသင်း အကြောင်းကို ပြန်လည် သုံးသပ် တင်ပြပါမယ်။
ထိုင်း
အင်ဒိုနီးရှား၊ အိမ်ရှင် ဖိလစ်ပိုင် အသင်းတို့ ပါဝင်တဲ့ အုပ်စု(က)ကို မရဏ အုပ်စုလို့ ယူဆထားပြီး အတော်များများက လက်ရှိ ချန်ပီယံထိုင်းကို အကြိုက် တွေ့နေကြ ပါတယ်။
ဘောလုံး ပရိသတ် အကြိုက် ဖြစ်ခဲ့တဲ့ ထိုင်းက အုပ်စုအ ဆင့်မှာ သုံးပွဲ စလုံး အနိုင်ယူ ထားပါတယ်။ အင်ဒိုကို ပွဲချိန် ၇၉မိနစ် ရောက်မှ အနိုင်ဂိုး စတင်သွင်း ယူနိုင်ခဲ့ပြီး စင်္ကာပူ ကိုတော့ ၁-၀ဂိုးနဲ့ ထိုင်းက အနိုင်ရခဲ့ပါတယ်။ အိမ်ရှင် ဖိလစ်ပိုင် ကိုတော့ ဒုတိယ ပိုင်းပြီး လုနီးပါး ၈၁ မိနစ်နဲ့ ၈၉ မိနစ်တွေမှာ ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
ကစားခဲ့တဲ့ သုံးပွဲစလုံးမှာ ပြစ်ဒဏ်ဘောတွေ ကတော့ ဝေေ၀ဆာဆာ ပါပဲ။ ရှင်းလင်းတဲ့ အချက်ကတော့ ဆီမီး ဖိုင်နယ်ပြိုင် ဘက်ဖြစ်ပြီး တွန်းတွန်း တိုက်တိုက် ကစားဟန်ရှိတဲ့ မြန်မာ အသင်း နဲ့တွေ့ဆုံချိန်မှာ ခပ်ကြမ်းကြမ်း ကစားဖို့ အုပ်စု(က) မှာ ကတည်းက ထိုင်း အသင်းတွေ ကောင်းကောင်းပြင်ဆင် ထားတယ်ဆိုတဲ့ အချက်ပါပဲ။
ထိုင်းနည်းပြ Kiatisuk Senamuang ကတော့ အိမ်ကွင်း အဝေးကွင်းတွေ အတွက် ပြင်ဆင်ထားပြီး ထိုင်းအသင်း အနေနဲ့ အားထုတ် ကစားခဲ့ရတဲ့ အင်ဒိုနီးရှား နဲ့ပွဲကို ပြန်လည် သုံးသပ်မယ့် သဘောရှိပါတယ်။
အင်ဒိုနီးရှား
ပြီးခဲ့တဲ့ ၅နှစ် ကာလ တလျှောက် အင်ဒိုနီးရှား ဘောလုံးလောကမှာ ပြဿနာတွေ ရှုပ်ထွေးနေ ခဲ့ပါတယ်။ ဖီဖာက လည်း ပြိုင်ပွဲဝင် ခွင့် တစ်နှစ်ပိတ် လိုက်တာကြောင့် ၂၀၁၈ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားခြေ စစ်ပွဲမှာ အင်ဒိုနီးရှား ပါဝင်ခွင့် မရခဲ့ပါဘူး။ အဲဒီလို အခြေအနေမျိုး မှာ အင်ဒိုနီးရှား အသင်း အုပ်စု အဆင့်က သုံးကြိမ် ဆက်တိုက် အနေနဲ့ ထွက်ခဲ့ရရင်လည်း သိတ်တော့ အပြစ် တင်ဝေ ဖန်စရာ မဟုတ် ပါဘူး။
ထိုင်းကို ၄-၂ဂိုးနဲ့ ရှုံးနိမ့် ခဲ့တဲ့ပွဲက အင်ဒို အသင်းရဲ့ခြေစွမ်းကို တိတိပပဖော်ပြနိုင် တဲ့ရလဒ် မဟုတ်ပါဘူး။ အိမ်ရှင် ဖိလစ်ပိုင် နဲ့ပွဲမှာ လည်း ၂-၂ဂိုးနဲ့ သရေ ရလဒ်ဖြစ်ခဲ့ တာက ကံကောင်း ခဲ့တယ်လို့ပဲ ဆိုရ မှာဖြစ်ပါတယ်။
တကယ်တမ်း အင်ဒိုခြေစွမ်းပြ တာက စင်္ကာပူနဲ့ ပွဲပါပဲ။ ပွဲချိန် မိနစ် ၆၀ အထိ ၁-၁ဂိုးနဲ့ သရေရ လဒ်ဖြစ်နေခဲ့ပြီး ၈၅မိနစ်မှာ အနိုင်ဂိုး သွင်းယူနိုင် ခဲ့တာကြောင့် အင်ဒို အသင်း အုပ်စု အဆင့်ကနေ ကျွတ်သွားပါတယ်။ သေချာတာက ဆီမီးဖိုင်နယ် အဆင့်မှာ တောင့် တင်းတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဗီယက်နမ်နဲ့ ရင်ဆိုင်ရ မှာဖြစ်လို့ အင်ဒို အသင်း အတွက် စိန်ခေါ်မှုတွေ အပြည့်နဲ့ လို့ဆိုရမှာပါ။
ဖိလစ်ပိုင်
ဆီမီးဖိုင်နယ် အဆင့် သုံးနှစ်ဆက် တိုက်တက် ခဲ့အပြီးမှာ ဖိလစ်ပိုင်က အိမ်ရှင် အနေနဲ့ အုပ်စု အဆင့်ပွဲ စဉ်တွေကို လက်ခံ ကျင်းပ ခွင့်ရခဲ့ သလို ထိပ်တန်းနိုင်ငံ အသင်းလို့လည်း ထည့်သွင်းရေ တွက်ခံခဲ့ရပါတယ်။
ဒါပေမဲ့လည်း ဖိလစ်ပိုင် အားကစား ကွင်းကြီးမှာ ပရိသတ် ကတော့ ရုံပြည့် ရုံလျှံဆိုတာ ဘယ်တုန်းက မှမရှိခဲ့ပါဘူး။ အဖွင့် ပွဲမှာ စင်္ကာပူကို ဂိုးမရှိ သရေရ လဒ်ဖြစ်ခဲ့ပါတယ်။ ဒါဟာ တစ်ယောက် အသာနဲ့ မိနစ်၆၀ နီးပါး ကစားရပေမယ့် ဂိုးမသွင်းနိုင် ခဲ့တာဖြစ်လို့ ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။ အင်ဒို နဲ့ပွဲမှာလည်း နောက်ကျ သွင်းဂိုးကြောင့်သာ သရေ ရလဒ်ဖြစ် ခဲ့ရတာပါ။
ဖိလစ်ပိုင် အသင်းရဲ့ဖန်တီးရှင် ကစားသမား Stephan Schrock က ဂိုးရရှိအောင် မဖန်တီး နိုင်ခဲ့တာကြောင့် အိမ်ရှင် အသင်းဖြစ်ပေ မယ့် ရလဒ်ဆိုးတွေ နဲ့ကြုံတွေ့ သွားခဲ့ရ တာဖြစ်ပါတယ်။
နှစ်ပေါင်း များစွာ တိုင်အောင် ဘတ်စကတ်ဘော ကိုပဲ အရူး အမှုးဖြစ်ခဲ့ တဲ့တိုင်းပြည်မှာ ဘောလုံး အားကစားက အရှိန်အဟုန်နဲ့ ၀င် ရောက် လာနေပေ မယ့်လည်း ထိုင်းနဲ့ ဗီယက်နမ်လို ပုံမှန်ဘောလုံး အင်အားတောင့် တင်းတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်လာ ဖို့အတွက်တော့ ဖိလစ်ပိုင်ဘောလုံး အာဏာပိုင်တွေ အနေနဲ့ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေး တယ်လို့ပဲ ပြောရမှာပါ။
စင်္ကာပူ
ဆူဇူကီး ဖလား နဲ့ လေးနှစ် တိုင်တိုင်ဝေးကွာ ခဲ့ပြီးနောက်မှာ စင်္ကာပူ အသင်းဟာ ချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစား ခဲ့ပါတယ်။ သိသာတဲ့ အချက်က ၂၀၁၅ခုနှစ် ဇွန်လ အတွင်းမှာ စင်္ကာပူ အသင်းဟာ ဂျပန်နဲ့ ဂိုးမရှိသရေ ကစားနိုင်ခဲ့ တာပါပဲ။ စင်္ကာပူ အသင်း မှာ ၂၀၁၄ ခုနှစ်က ကစားသမား ၁၃ဦး ပြန်ပါ လာခဲ့ပါတယ်။
ဖိလစ်ပိုင် နဲ့ပွဲမှာ ပထမပိုင်းမှာ ကတည်းက ၁၀ယောက် တည်းနဲ့ စင်္ကာပူက ခံကန် နိုင်ခဲ့ပါတယ်။ ဂိုးမရှိ သရေဖြစ် ခဲ့တဲ့ အဲဒီပွဲမှာ စင်္ကာပူအသင်းဟာ အသင်းခေါင်းဆောင် Daniel Bennettလို ကစား သမား ကောင်းတွေကို စုစည်း ထားတဲ့ ကစားအားကို တည်ဆောက်နိုင် ခဲ့တာတွေ့ရ ပါတယ်။ ဒါကြောင့် စင်္ကာပူ အသင်းကို လျော့ပေါ့ တွက်လို့ မရနိုင်ပါဘူး။ ပြောရမယ် ဆိုရင် ထိုင်းကို နောက်ဆုံး မိနစ်မှာ ရှုံးနိမ့်သွားတဲ့ ပွဲမှာ တောင် စင်္ကာပူ အသင်းရဲ့ အလား အလာကောင်းတွေ ကို မြင်နေရ ပါသေးတယ်။
တိုက်စစ်မှူး Khairul Amri က အင်ဒိုနဲ့ပွဲမှာ အသင်းကို ဦးဆောင် မှုပေးနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ ခိုင်မာ တဲ့ခံစစ်ကြောင်းကို မတည် ဆောက်နိုင် ခဲ့လို့ ဒုတိယ ပိုင်းမှာ ၂ဂိုးပေး ခဲ့ရပြီး ငါးကြိမ်မြောက်ဒေသ တွင်းချန်ပီယံ ဘွဲ့ဆွတ်ခူး နိုင်ရေးကြိုး ပမ်းမှုအဆုံး သတ်သွား ခဲ့ရ ပါတော့တယ်။
ရှုံးနိမ့်မှုနဲ့ ရင်ဆိုင် ရချိန်မှာ အပြစ်တင်ဝေဖန် စရာအကြောင်း အရာတွေ အများကြီးရှိနေ မှာဖြစ်ပေမယ့် သေချာ တဲ့ပြဿနာ တစ်ခုက တော့ စင်္ကာပူ အသင်းမှာ ထိပ်တန်းတိုက် စစ်မှူးမရှိတာပါပဲ။ ဒါကြောင့် စင်္ကာပူ အသင်းဟာ ဆူဇူကီး ဖလား သမိုင်းမှာ ဂိုးအနည်း ဆုံးသွင်း ယူနိုင်တဲ့ အသင်းမှတ်တမ်း ၀င်သွား ခဲ့ရပါတယ်။
Next : ဆူဇူကီးဖလား အုပ်စု (ခ) အကောင်းဆုံး ၁၁ယောက် စာရင်း