Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
977
နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းမှာ တချိန်တည်း ကစားခဲ့တဲ့ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အသင်းတို့၏ပွဲမှာတော့ ဗီယက်နမ် အသင်းက ရာနှုန်း ပြည့် နိုင် ပွဲရယူ သွားနိုင်ခဲသည်။ ဗီယက်နမ် အသင်းသည် အနိမ့်ဆုံး သရေကစားရုံဖြင့်အုပ်စု ပထမဖြင့် တက်မည်ဖြစ်ပေ မယ့် အဓိက ကစားသမား အနည်းငယ်ကိုသာ အနားပေးခဲ့ပြီး ကမ္ဘောဒီးယား အသင်းကို ယှဉ်ပြီုင်ကစား သွားခဲ့သည်။
ကမ္ဘောဒီးယား အသင်းသည် ဘယ်လိုရလဒ်ပဲ ထွက်သည်ဖြစ်ပါစေ အုပ်စုက ထွက်ရမည်ဖြစ် သော်လည်း အနိုင်ရရှိရေးအတွက် ရုန်းကန်ကစားသွားခဲ့သည်။ ပွဲအစ ၇မိနစ်မှာပင် ဗီယက်နမ်နောက်ခံကစားသမား သောင်ဒင်လု အဖျက်ကြမ်း၍ တိုက်ရိုက်အနီဖြင့်ထုတ်ခံရပြီး ၁၀ယောက်တည်းဖြင့် ကမ္ဘာဒီယားကိုရင်ဆိုင်သွားခဲ့သည်။ဒီအနီကဒ်က အုပ်စု(ခ) ရဲ့ ပထမဆုံးအနီကဒ်အဖြင့် မှတ်တမ်းဝင်သွားခဲ့သည်။
ဗီယက်နမ်အသင်းသည် တစ်ယောက်လျှော့အနေအထားဖြင့် ကမ္ဘောဒီးယားကို ရင်ဆိုင်ခဲ့ရသော်လည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားသွားနိုင်ခဲ့သည်။ ဗီယက်နမ်အသင်းအတွက်ဦးဆောင်ဂိုး ကို တိုက်စစ်မှူး လီကောင်ဗင်က သွင်းယူပေးသွားခဲ့ပြီး ပွဲကိုဦးဆောင်ကစားသွားခဲ့သည်။
ကမ္ဘောဒီယားအသင်းကလည်း စိတ်ဓာတ်ကျဆင်းခြင်းမရှိဘဲ ဗိယက်နမ်အသင်းဘက်သို့ တန်ပြန်တိုက်စစ်မှပင် ထိုးဖောက်စားသွားခဲ့ရာ ချေပဂိုးရလုရခင်အနေအထားသို့ ရောက်ရှိခဲ့သော်လည်း အဆုံးသတ်မသေချာခဲ့လို့ နစ်နာခဲ့ရသည်။
ဒုတိယပိုင်းတွင် ကမ္ဘောဒီးယားအသင်း ကစားပုံပြောင်းလဲခဲ့ပြီး ဗီယက်နမ်အသင်းဘက်သို့ထိုးဖောက်တိုက်စစ်ဆင်ကစားလာခဲ့ရာ ပွဲချိန်မိနစ် ၅၀ တွင် နုဗ်တိုလာ က ချေပဂိုးသွင်းယူပေးခဲ့သည်။ ပွဲချိန်ကြာလာသည်နှင့်အမျှ ပွဲမှာ အပြန်အလှန်ဖြင့်ကြည့်ကောင်းခဲ့ပြီး နှစ်သင်းစလုံး၏တိုက်စစ်ဆင်မှုများကလည်း ဂိုးရလုရခင်အနေအထားရှိခဲ့သည်။ ပြိုင်ပွဲပြီးဆုံးကာနီးလေ နှစ်ဖက်အသင်းကစားသမားများမှာ ဂိုးရလိုဇော်ဖြင့် တွန်းတွန်း တိုက်တိုက်ကစားလာခဲ့ပြီး ပွဲမှာ ကြမ်းကြမ်းတမ်းတမ်းဖြစ်လာခဲ့သည်။ ယခုပွဲစဉ်တွင် ဗီယက်နမ်အသင်းမှ အ၀ါကဒ်တစ်ကြိမ်နှင့် အနီကဒ်တစ်ကြိမ်ပြသခံရသလို ကမ္ဘောဒီယားအသင်းမှာလည်း အ၀ါကဒ်သုံးကြိမ်ပြသခံရသည်။ ဗီယက်နမ်အသင်းအတွက် အနိုင်ဂိုးကိုတော့ သာမန်ပွဲကစားချိန် မိနစ်၉၀ပြည့်ပြီး နာကျင်အချိန်ပို ၃မိနစ်တွင် သွင်းယူပေးခဲ့သည်။
ဗီယက်နမ်အသင်းမှာ ရမှတ် ၇မှတ်ဖြင့် အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး အင်ဒိုနီးရှားအသင်းနဲ့ ဒီဇင်ဘာ ၃ရက်နေ့တွင် အင်ဒို နီးရှားအိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားသွာ.ခဲ့သည်။ 

comments

error: Content is protected !!