၁၂ နှစ်ကြာပြီနောက် မြန်မာနိုင်ပြီဟု ပြန်လည် ဟစ်ကြွေးနိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
0t3a6396

အုပ်စု တက်ရေး အတွက် အဆုံးအဖြတ် ပွဲစဉ်ဖြစ်သည့် မြန်မာနှင့် မလေးရှား အသင်းတို့ ၏ ပွဲစဉ်တွင်ဒေး ဗစ်ထန်၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် မြန်မာ အသင်းသည် ဆီမီး ဖိုင်နယ်သို့ တက်ရောက်နိုင် ခဲ့ပြီးဖြစ်သည်။

မြန်မာ အသင်းသည် ယခုပွဲစဉ်တွင် မလေးရှား အသင်းကို အနိမ့်ဆုံး သရေ ကစားနိုင်ရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင် မယ်ဖြစ်သော်လည်း အနိုင် သုံးမှတ်အတွက် လူစုံထုတ် သုံးသွားခဲ့သည်။ မြန်မာ အသင်းသည် ကမ္ဘောဒီးယား ပွဲထွက်စာရင်း အတိုင်း မလေးရှား ကိုရင်ဆိုင်သွား ခဲ့ပြီးပွဲအစ ၁၂ မိနစ်မှာပင် ပင်နယ်တီပြစ်ဒဏ် ဘောကန်ခွင့်ရခဲ့သည်။

ယင်း ပင်နယ်တီကို အောင်သူမှ ကန်သွင်းခဲ့ရာ ဂိုးသမားဖမ်းမိသွားခဲ့၍ စောစီးစွာဂိုး ရခွင့် ကို မြန်မာအသင်းလက်လွတ်ခဲ့ရသည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် မလေးရှားအသင်းဘက်သို့ ဦးဆောင်ဂိုးရရှိရန်တရစပ် ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း မလေးရှားအသင်းမှာ မြန်မာ၏အမှားကို စောင့်ဆိုင်းပြီ တန်ပြန်တိုက်စစ်မှတဆင့် ဂိုးရရန်ကြိုးစားကစားသွားခဲ့သည်။

ဒုတိယပိုင်းတွင် ကစားပုံအနည်းငယ်ကျဆင်းသွားသည့် မြန်မာအသင်း၏အားနည်းချက်ကို အခွင့်အရေးယူကာ မလေးရှားအသင်း ပြန်လည်တိုက်စစ်ဆင်လာခဲ့ပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း မြန်မာနောက်တန်းကို မကျော်နိုင်ခဲ့ပေ။ ပွဲချိန်ကြာလာသည်နှင့်အမျှ မဖြစ်မနေနိုင်ပွဲလိုနေသည့် မလေးရှားအသင်းသည် ကစားပုံ ကြမ်းတမ်းလာခဲ့ပြီး နှစ်ဖက်ကစားသမားများ အချင်းများမှုများလည်းဖြစ်ခဲ့သည်။

ပြိုင်ပွဲပြီးဆုံးရန်နီးကပ်လာ သည့်အချိန်တွင် ဂိုးမရှိသရေဖြင့်အဆုံးသတ်ရန် ထင်မှတ်ထားခဲ့သော်လည်း ဒေးဗစ်ထန်က မြန်မာအသင်းအ တွက်တစ်လုံတည်းသော အနိုင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့၍ ၁၂နှစ်ကြာဝေးကွာနေသည့် ဆူဇူကီး ဆီမီးဖိုင် နယ်အဆင့်သို့ မြန်မာအသင်းဒုတိယအကြိမ်တက်ရောက်သွားနိုင်ခဲံသည်။

comments

error: Content is protected !!