ထိုင်းနှင့်ပွဲတွင် ရလဒ်ကောင်းရန် ခက်ခဲနိုင်သော်လည်း အစွမ်း ကုန်ကြိုစား သွားမည်ဟု ဂတ် ကတိပြု
|
ထိုင်းနှင့်ပွဲတွင် ရလဒ်ကောင်းရန် ခက်ခဲနိုင်သော်လည်း အစွမ်း ကုန်ကြိုစား သွားမည်ဟု ဂတ် ကတိပြု ဆီမီးဖိုင်နယ်တွင် ရင်ဆိုင်ရမည့် ထိုင်း အသင်းနှင့် ပွဲတွင် ရလဒ်ကောင်းရန် ခက်ခဲမည်ဖြစ်သော် လည်း အစွမ်း ရှိသလောက်ကြိုစား ကစားသွားမည်ဟု မြန်မာအသင်းနည်းပြ ဂတ်က မလေးရှားနှင့်ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
မြန်မာ အသင်းသည် ဆူဇူကီး ဆီမီးဖိုင်နယ်တွင် ထိပ်သီး အသင်းဖြစ်သည့် ထိုင်းအသင်းနှင့် ဆုံတွေ့နေပြီး ပထ မအကျော့ကို သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
” ထိုင်း အသင်းကို အနိုင်ယူဖို့ဆိုတာ မလွယ်ကူပါဘူး။ ထိုင်း ဆိုတာ အာဆီယံမှာ ထိပ်သီးအသင်းပါ။ ကျွန်တော် တို့အနေနဲ့ ပထမ အကျော့ကို အိမ် ကွင်းမှာ ကစားရမှာမို့လို့ ရလဒ်ကောင်းရဖို့ အထူးလိုအပ်ပါတယ်။ ၁၂နှစ်ကြာပြီး တဲ့နောက် ဆီမီးတက်ခွင့် ရခဲ့တဲ့အတွက် မြန်မာ အသင်းအတွက် ၀မ်းသာပါတယ်။ ကျွန်တော်တို့ အသင်းက လူငယ်တွေနဲ့ ဖွဲ့စည်း ထားပြီး နုပျိုတဲ့ အသင်းတစ်သင်းပါ။ ထိုင်းနဲ့ ပွဲမှာ အနိုင်ရ ရမယ်လို့ ပရိသတ်တွေ အနေနဲ့ အရမ်းကြီး မမျှော်လင့် ထားဖို မေတ္တာရပ်ခံချင်ပါတယ်။ ထိုင်းကို အနိုင်ရဖို့ခက်ခဲမယ် ဆိုတာသိပေမယ့် ကျွန်တော်တို့ကတော့ အစွမ်း ရှိသလောက်ကြိုစားကစားသွားမှာပါ ” ဟု ဂတ်က ပြောကြားသွားခဲ့သည်။
ဆက်စပ်သတင်များအရ မလေးရှားနှင့်ပွဲတွင် ပင်နယ်တီမ၀င်ခဲ့သည့် တိုက်စစ်မှူးအောင်သူကို လက်ကျန်ပွဲ စဉ်များတွင် ပင်နယ်တီဆက်လက်ကန်ခွင့်ပေးသွားမည်ဖြစ်ပြီး တိုက်စစ်ပိုင်းကို အားရကျေနပ်မှုမရှိသော်လည်း ထိုင်းအသင်းနှင့်ပွဲတွင် တိုးတက်မှုများရှိလာရန် မျှော်လင့်ထားသည်ဟု ၄င်းက တဆက်တည်းသုံးသပ်သွားခဲ့ သည်။