အုပ်စုအဆင့်မှ လှည့်ပြန်ရခြင်း ကို အလွန် စိတ်ပျက်မိကြောင်း စင်ကာပူနည်းပြ ဆန်ဒါမူသီ ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
27141

 

စင်ကာပူ အသင်းသည် ဆူဇူကီးဖလား အုပ်စု (က)တွင် ရမှတ် တစ်မှတ်သာ ရရှိပြီး အုပ်စု ဘိတ် အနေအထားဖြင့် နှုတ်ထွက်ခဲ့ရခြင်းကို အလါန်ပင် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

စင်ကာပူအသင်းသည် ဦးဆောင် ဂိုး ရရှိခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးခဲ့ရပြီး အကြို ဗိုလ်လုပွဲ တက်ရောက်ခွင့် လက်လွှတ်ခဲ့ရသည်။

“ကျွန်တော်တို့ ဦးဆောင် ဂိုးတွေ ရခဲ့ပြီး အခွင့်အလမ်း ကောင်းတွေ ရခဲ့ပေမယ့် အကောင်းဆုံး ရလဒ်ကို မထိမ်းသိမ်းနိုင်ခဲ့ပါဘူး။ ကျွန်တော်ကစားသမားတွေ အကောင်းဆုံး ပေးဆပ် ကစားခဲ့ပေမယ့် ပြန်ရခဲ့တဲ့ ရလဒ်ကတော့ သိပ်မကောင်း ခဲ့ပါဘူး” ဟု ဆန်ဒါမူသီ က ပြောကြားခဲသည်။

အင်ဒိုနီးရှားအသင်း နည်းပြ အဲဖက် ရီဒယ်လ်က ” ဒီနေ့ပွဲဟာ အရမ်းကောင်းတဲ့ ပွဲတစ်ပွဲပါ။ အထူးသဖြင့် ဒုတိယ ပိုင်းမှာ ကျွန်တော်တို့ ပိုမို ကောင်း မွန်ခဲ့ပါတယ်။ ကျွန်တော်တို့ကို အင်ဒိုနီးရှား လိဂ်က တစ်သင်းကို ၂ ဦးဆီ ခေါ်ယူခွင့် ပေးခဲ့ပါတယ်။ ဒီအသင်းဟာ လူငယ်ကစားသမား အများစု ပါဝင်ပါတယ်။ သူတို့ဟာ အနာဂတ် ကြယ်ပွင့်တွေပါ” ပြောကြားခဲ့သည်။

comments

error: Content is protected !!