အိမ်ရှင် ဖိလစ်ပိုင် ကို အနိုင်ယူပြီး ထိုင်းအသင်း အုပ်စု ဗိုလ်ဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်
|
ထိုင်းအသင်းသည် အိမ်ရှင် ဖိလစ်ပိုင် အသင်းကို အနိုင် ရရှိကာ အုပ်စုအတွင်း ရှုံးပွဲမရှိ စံချိန်ဖြင့် အကြိုဗိုလ်လုပွဲကို တက်ရောက်သွားပြီ ဖြစ်သည်။ ထိုင်းအသင်းသည် ၈၄ မိနစ်တွင် ဆာရာဝပ်၏ သွင်းဂိုးဖြင့် ဖိလစ်ပိုင် အသင်းကို အနိုင်ရရှိခဲ့သော်လည်း အရန်ကစားသမားများဖြင့် ကစားသွားခဲ့ခြင်း ဖြစ်သည်။
ထိုင်းအသင်းသည် အကြိုဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်သော်ကြောင့် အရန်ကစားသမား အမြောက်အများဖြင့် ပွဲထွက်ခဲ့ပြီး ဖိလစ်ပိုင်အသင်း ကို အသာအယာဖြင့် ကစားခဲ့သည်။
ဖိလစ်ပိုင်အသင်းသည် အနိုင်ရရှိမှ နောက်တစ်ဆင့် တက်ရောက်မည် ဖြစ်သောကြောင့် အနိုင်ရရှိရေး ဦးစားပေး ကစားသွားခဲ့သော်လည်း အခွင့်အရေး အမြောက်အများကို အသုံးမချနိုင်ခဲ့သဖြင့် ပထမပိုင်းတွင် ဂိုးမရှိသရေ ကျနေခဲ့သည်။
တစ်ဖက်တွင် ယှဉ်ပြိုင် ကစားနေသည့် အင်ဒိုနီးရှားနှင့် စင်ကာပူအသင်းသည် တစ်ဖက် တစ်ဂိုးစီသရေ ကျနေသောကြောင့် ဖိလစ်ပိုင်အသင်းသည် သရေကျသည်နှင့် နောက်တစ်ဆင့် တက်ရောက်နိုင်ပြီဖြစ်သည်။ သို့သော် ပွဲချိန် ၈၁ မိနစ်တွင် ဆာရာဝပ်၏ သွင်းဂိုးကြောင့် ဖိလစ်ပိုင် အသင်း အတွက် အခက်အခဲ တွေ့ခဲ့ရသည်။
အဆုံးသတ်တွင်မူ အင်ဒိုနီးရှား အသင်း အနိုင်ရရှိသွားသောကြောင့် ဖိလစ်ပိုင် အသင်း၏ အိမ်မက် ပျက်ပြယ်သွားခဲ့ရသည်။
Next : စတီဖာနိုရဲ့ နောက်ကြ သွင်းဂိုးနဲ့ အင်ဒို အကြို ဗိုလ်လုပွဲ တက်ရောက်