အာဆီယံအဆင့်တစ် ဖြစ်သည်ကို ပြသချင်၍ အရံကစားသမားများ အသုံးပြုခြင်းဟု ကိုင်တီဆတ်ဆို
|
ထိုင်း အသင်း နည်းပြ ကိုင်တီဆတ်သည် ဖိလစ်ပိုင် အသင်းနှင့် ပွဲစဉ်တွင် အရံ ကစားသမား အများစု အသုံးပြုခဲ့ခြင်းမှာ အာဆီယံ၏ နံပါတ်တစ် အသင်းဆိုသည် ကို ပြသလို၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်း အသင်းသည် ဖိလစ်ပိုင် အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် အရန် ကစားသမား အများစုကို အသုံးပြုခဲ့ သော်လည်း ရရှိခဲ့သော်လည်း အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သည်။
ထိုင်းအသင်းနည်းပြ ကိုင်တီဆတ်က “ကျွန်တော်တို့ ဒီပွဲမှာ ကစားသမားတွေ အပြောင်းအလဲလုပ်ခဲ့တယ်။ ဒါက ကျွန်တော်တို့ အသင်းက အာဆီယံမှာ နံပါတ်တစ် ဆိုတာကို ပြသချင်လို့ပါ။ ဖိလစ်ပိုင် အသင်းက ဖီဖာအဆင့်သတ်မှတ်ချက်မှာ ကျွန်တော်တို့ရဲ့ အပေါ်မှာရှိနေပေမဲ့ အာဆီယံ မှာနံပါတ်တစ်ဆိုတာပြသနိုင်ခဲ့တယ်။ တစ်ကယ်က အဆင့်သတ်မှတ်ချက်ဆိုတာ အရေးမကြီးပါဘူး”ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင် အသင်းနည်းပြ ဒိုလေသည် ဆူဇူကီးဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ပွဲစဉ်တွင် ထိုင်းအသင်းကဲ့သို့ ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်းအသင်း နည်းပြ ဒိုလေက “ထိုင်းအသင်းက ဘောလုံးတိုးတက်မှုမှာ အကောင်းဆုံးအသင်းတစ်သင်းပါ။ ကျွန်တော်တို့ ထိုင်းအသင်းကို အတုယူပြီး ပြင်ဆင်မှုတွေ ပြုလုပ်ရဦးမှာပါ။ ထိုင်းအသင်းက အာဆီယံမှာ အကောင်းဆုံး အသင်းတစ်သင်းပါ”ဟု ပြောကြားခဲ့သည်။
ဖိလစ်ပိုင်အသင်းသည် စင်ကာပူအသင်းနှင့် ဂိုးမရှိသရေ၊ အင်ဒိုနီးရှား အသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့ပြီး ထိုင်းအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသောကြောင့် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။
ဖိလစ်ပိုင်အသင်းသည် လက်ရှိအချိန်တွင် ဖီဖာအဆင့်သတ်မှတ်ချက်တွင် အဆင့်၁၁၇တွင် ရပ်တည်နေပြီး ထိုင်းအသင်းမှာ အဆင့်၁၂၉ ၌ရပ်တည်နေသည်။
Prev : အုပ်စုအဆင့်မှ လှည့်ပြန်ရခြင်း ကို အလွန် စိတ်ပျက်မိကြောင်း စင်ကာပူနည်းပြ ဆန်ဒါမူသီ ပြောကြား
Next : ၁၂ နှစ်ကြာပြီနောက် မြန်မာနိုင်ပြီဟု ပြန်လည် ဟစ်ကြွေးနိုင်
Next : ၁၂ နှစ်ကြာပြီနောက် မြန်မာနိုင်ပြီဟု ပြန်လည် ဟစ်ကြွေးနိုင်