စတီဖာနိုရဲ့ နောက်ကြ သွင်းဂိုးနဲ့ အင်ဒို အကြို ဗိုလ်လုပွဲ တက်ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
27141

အင်ဒိုနီးရှား အသင်းဟာ စတီဖာနိုရဲ့ နောက်ကြ သွင်းဂိုးနဲ့ စင်ကာပူ အသင်းကို အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲ အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ အင်ဒိုနီးရှား ကစာသမား စတီဖာနိုဟာ စင်ကာပူအသင်းကိုသာ အသည်းခွဲ ဂိုး သွင်းယူခဲ့တာ မဟုတ်ဘဲ အိမ်ရှင် ဖိလစ်ပိုင် အသင်းကိုပါ အုပ်စုအဆင့်ကနေ လှည့်ပြန်အောင် လုပ်ခဲ့တာ လည်း ဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ် တစ်ပွဲ ဖြစ်ပြီး နှစ်သင်းစလုံး အတွက် အနိုင်ရရှိမှ နောက်တဆင့် တက်ရောက်နိုင်ခြေ ရှိမှာ ဖြစ်ပေမယ့် သင်္ချာနည်းအရ အိမ်ရှင် ဖိလစ်ပိုင်အသင်းက ထိုင်းကို အနိုင်ရရှိသွားရင် နှစ်သင်းစလုံး အုပ်စု အဆင့်ကနေ လှည့်ပြန်ရမှာ ဖြစ်ပါတယ်။

ပထမပိုင်း ၁၅ မိနစ်ကတည်းက အင်ဒိုနီးရှား အသင်းဟာ တိုက်စစ် ဆင်မှု များ ပြုလုပ်ခဲ့ပေမယ့် စင်ကာပူ အသင်းရဲ့ ဂိုးသမား ဆန်နီ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။ ပွဲချိန် ၂၅ မိနစ်မှာတော့ အင်ဒိုနီးရှား ကွင်းရဲ့ ညာဘက်ခြမ်း ဖြတ်တင်ပေးတဲ့ လက်ပစ်ဘောကို ဆာဖူဝမ်က ခေါင်းတိုက် ချပေးရာ ကိုင်ရို အမ်ရီက လှလှပပ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့သည်။

အင်ဒိုနီးရှား အသင်းဟာ ခြေပဂိုး ပြန်လည် ရရှိဖို့ အကြိတ်အနယ် ပြန်လည် တိုက်စစ်ဆင်ခဲ့ပြီး ဘိုအာ့ ဂိုးသမားနဲ့အတွေ့မှ အပိုင် ကန်သွင်းယူပေမယ့် စင်ကာပူ ဂိုးသမား ဆန်နီ ကာကွယ် လိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စင်ကာပူ အသင်းရဲ့ ဦးဆောင်မှုဟာ ၆၂ မိနစ်မှာ ကွယ် ပျောက်သွားခဲ့ပါတယ်။ အင်ဒိုနီးရှား ကွင်းလယ်ကစားသမားက ဘယ်တောင်ပံကနေ အသာ အယာ ဖြတ်တင်ပေးတဲ့ ဘောလုံးကို အန်ဒစ်ခ်က မြေမကျ ကန်သွင်းပြီး ချေပဂိုး ရယူခဲ့ပါတယ်။

နှစ်ဖက်စလုံး တစ်ဖက် တစ်ဂိုးစီနဲ့ သရေ ပွဲ ဖြစ်နေခဲ့ပြီး ထိုင်းနဲ့ ဖိလစ်ပိုင် ပွဲစဉ်မှာ ထိုင်းအသင်းက ၁ – ၀ ဂိုးနဲ့ အနိုင်ရရှိနေသောကြောင့် အိမ်ရှင် ဖိလစ်ပိုင်အသင်း သွင်းဂိုး ကွာခြားချက်ဖြင့် အကြိုဗိုလ်လုပွဲ တက်ခွင့် ပါးစပ်ဖျားကို ရောက်ရှိခဲ့သော်လည်း ပွဲချိန် ၈၅ မိနစ် စတီဖာနိုဟာရဲ့ အနိုင်သွင်းဂိုးကြောင့် ဖိလစ်ပိုင်နဲ့ စင်ကာပူ အသင်း အသည်းကွဲခဲ့ရပါတယ်။

အင်ဒိုနီးရှား အသင်းဟာ ဒီပွဲ အနိုင်ရရှိခဲ့တာကြောင့် အကြိုဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပြီး ဖိလစ်ပိုင်အသင်းက အုပ်စု တတိယရရှိကာ စင်ကာပူ အသင်းကတော့ အုပ်စု နောက်ဆုံး အဆင့် သာ ရရှိခဲ့သဖြင့် နောက်တစ်ကြိမ် ကျင်းပမည့် ဆူဇူကီးဖလားတွင် ခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ရတော့မည် ဖြစ်သည်။

comments

error: Content is protected !!