မလေးရှားကို သရေခံ ကစားလျင် အန္တရာယ်များကြောင်း ဟု မြန်မာ နည်းပြ ဂတ်ဇီဆီ ဆို
|
မလေးရှား အသင်းကို သရေမှန်း ကစားပါက အန္တရာယ်ကို လက်ယက်ခေါ်သလို ဖြစ်မည်၍ အနိုင် ရအောင်ကြိုး စား ကစား သွားမည်ဟု မြန်မာ နည်းပြ ဂတ်ဇီဆီက ပွဲ ကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
အုပ်စု (ခ)နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာနှင့် မလေးရှား အသင်းတို့သည် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။ မြန်မာ အသင်းသည် မလေးရှား အသင်းထက် သွင်းဂိုး တစ်ဂိုး အသာဖြင့် အုပ်စု ဒုတိယနေရာ၌ ရပ် တည်နေပြီး မလေးရှား အသင်းကို အနိမ့်ဆုံး သရေကစား ပါက အုပ်စု တက်မည်ဖြစ်သော် လည်း အနိုင်သုံးမှတ် အတွက်သာ ရည်းမှန်း ထားပြင်ဆင် သွားမည်ဟု ဂတ် က ဆိုခဲ့သည်။
” ဗီယက်နမ်နဲ့ပွဲမှာ ကစားသွားတဲ့ မလေးရှား အသင်း ရဲ့ခြေစွမ်းက အထင်ကြီး စရာပါ။ သရေ ကစားရုံနဲ့ နောက်တဆင့် တက်နိုင် မှာဖြစ်ပေမယ့် ဒါဟာ အရမ်း အန္တရာယ်များ ပါတယ်။ မလေးရှားက လည်းမဖြစ် မနေနိုင်ပွဲ ရဖို့လို နေတာကြောင့် သေချာပြင် ဆင်လာမှာပါ။ ဒါကြောင့် ကျွန်တော်တို့ပေါ့ လို့မရဘူး။ အုပ်စုနောက် ဆုံးပွဲကို အနိုင်သုံးမှတ် အတွက်ပဲ ပြင်ဆင်သွားမယ်” ဟု ဂတ်က ဆိုခဲ့သည်။
မလေးရှား အသင်းနည်းပြ အိုကင်ဆွီး က မြန်မာ ကစား သမားများမှာ မာကြောပြီး လျင်လျင်မြန်မြန် ကစားတတ်၍ သတိထား ရမည်ဖြစ်ပြီး အုပ်စုနောက် ဆုံးပွဲတွင် အနိုင်ရမှ အုပ်စု တက်မည်ဖြစ်၍ ကစား သမားများ အစွမ်းကုန်ကြိုးစား ကစားကြရန် တိုက်တွန်း စကားဆိုသွားခဲ့သည်။
ဆူဇူကီး ဖလားပြိုင်ပွဲတွင် ရမှတ်တူ အသင်းများရှိပါက ဂိုးကွာခြား ချက်ဖြင့်ဦးဆုံး ဆုံဖြတ် မည်ဖြစ်ကာ ဒုတိယ ဦးစားပေး အနေဖြင့် သွင်းဂိုး အရေအတွက် ကိုကြည့် မည်ဖြစ်ပြီး ထိပ်တိုက်တွေ့ ဆုံမှုဖြင့် နောက်ဆုံးမှ ဆုံးဖြတ် မည်ဖြစ်သည်။
Next : အိမ်ရှင် ဖိလစ်ပိုင် ကို အနိုင်ယူပြီး ထိုင်းအသင်း အုပ်စု ဗိုလ်ဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်