ဘောလုံးကို ရူးရူးမူးမူး မြတ်နိုးမှုကြောင့် အောင်မြင်မှု ရခြင်းဟု ဗီယက်နမ် နည်းပြ ဖွင့်ဟ
|
ဗီယက်နမ် အသင်း တစ်သင်းလုံးသည် ဘောလုံးကို ရူးရူး မူးမူး မြတ်နိုးမှုကြောင့် နှစ်ပွဲ စလုံး အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲကို အစောဆုံး တက်ရောက်နိုင် ခဲ့ခြင်း ဖြစ် သည်ဟု ဗီယက်နမ် နည်းပြ ငုရင်ဟိုသောင်က ပြောကြားခဲ့သည်။
ဗီယက်နမ် အသင်းသည် မလေးရှား အသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားပြီး ၁ – ၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲကို တက်ရောက် သွားခဲ့သည်။
“ဒီနေ့ပွဲဟာ ကျွန်တော်တို့ အတွက် အရမ်းကို ခက်ခဲခဲ့တဲ့ ပွဲတစ်ပွဲပါ။ ဒီနေ့ပွဲမှာ မလေးရှား အသင်းဟာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် ကံတရားက ကျွန်တော်တို့ကို ဖေးမခဲ့ပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ မလေးရှား အသင်း ဟာ ဦးဆောင်ဂိုး ရပြီးတဲ့ နောက်ပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရခဲပေမယ့် ဂိုးပြန်မပေးရတာလည်း ကံကောင်းခဲ့ပါတယ်။ အခု ကျွန်တော်တို့ နောက်တဆင့် တက်ဖို့ လက်မှတ်ရသွားပါပြီ။ ဘာကြောင့် ကျွန်တော်တို့ စောစော စီးစီး အကြိုဗိုလ်လုပွဲ တက်သွားသလဲ ဆိုတော့ တစ်သင်းလုံး ဘောလုံး ကို ရူးရူးမူးမူး မြတ်နိုးလို့ပါ” ငုရင်ဟိုသောင်က ပြောကြားခဲ့သည်။
မလေးရှား နည်းပြ အွန်ကင်ဆွီးက ” ကျွန်တော်တို့ ဒီနေ့ ပွဲမှာ ကျွန်တော်တို့ ကစားပုံ အနည်းငယ် အားနည်း ခဲ့ပါတယ်။ သူတိုဂိုးသွင်း ခွင့်ကို ကျွန်တော်တို့ နောက်တန်းတွေ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ရာသီဥတုကလည်း အရမ်းကို ပူလွန်းပါတယ်။ ဒီနေ့ ဗီယက်နမ် ကစားပုံးဟာလည်း အရမ်းကို ကောင်းပါတယ်။ မြန်မာအသင်းနဲ့ ကစားရမယ့် ပွဲ အတွက် ဖိအားမရှိပါဘူး။ အိမ်ရှင် မြန်မာအသင်းက သာ နောက်ဆုံးပွဲအတွက် ပိုပြီး ဖိအား ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ အိမ်ရှင် ဆိုတဲ့ ဖိအား ရှိလို့ပါပဲ” ဟု ဆိုသည်။
Next : အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် ဖိအားများ ရှိနေသည်ဟု ဂတ်ဇီဆီ ဖွင့်ဟ