အုပ်စုနောက်ဆုံး ပွဲစဉ်အတွက် ဖိအားများ ရှိနေသည်ဟု ဂတ်ဇီဆီ ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
received_1266411086749296

ကမ္ဘောဒီးယား အသင်းကို ဂိုးပြတ် အနိုင်ရ ခဲ့သော်လည်း အုပ်စုနောက် ဆုံးပွဲစဉ်ဖြစ်သည့် မလေးရှား အသင်း နှင့်ပွဲအတွက် ဖိအား များရှိနေ သည်ဟု မြန်မာအသင်း နည်းပြ ဂတ်ဇီဆီက ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

မြန်မာ အသင်းသည် ကမ္ဘောဒီးယား အသင်းကို ၃-၁ဂိုးဖြင့် ဂိုးပြတ် အနိုင် ရခဲ့သော်လည်း အသင်း၏ အဆုံးသတ် ပိုင်းကို ဂတ်က အားရကျေ နပ်ခြင်း မရှိသေးဘဲ မလေး ရှားနှင့်နောက် ဆုံးပွဲစဉ်ကို သရေ ကစားရုံဖြင့် အုပ်စုတက် နိုင်မည်ဖြစ်သော်လည်း အနိုင် အတွက်သာ အာရုံစိုက် သွားမည်ဟု ၄င်းက ပြောကြား ခဲ့သည်။

” မလေးရှားနဲ့ ပွဲကို ဖိအားရှိ မလားလို့မေးတော့ ဖိအား တကယ်ရှိပါတယ်။ အုပ်စုနောက် ဆုံးပွဲစဉ်မတိုင်မီ ပြင်ဆင်ချိန်၂လ ရ တယ်။ အဲဒီကာလ အတော် အတွင်းမှာ ကစား သမားတွေကို စိတ်ဓာတ်ပိုင်း မြှင့်တင်ပေး မှုတွေ ပြုလုပ်ပေးရမယ်။ မလေးရှားကို သရေ ကစားရုံနဲ့ အုပ်စုက တက်တယ် ဆိုပေမယ့် ဒါက အရမ်းအန္တရာယ်များ
ပါတယ်။ အနိုင် အတွက်ပဲ ရည်မှန်းပြီး ကြိုစားကစားသွားမှာပါ ” ဟု ဂတ်က ပြောကြားသွားခဲ့သည်။

ထို့အပြင် အသင်း၏ အဆုံးသတ်ပိုင်းနှင့် ပတ်သတ်၍လည်း ၄င်းက ” ကစား သမားတွေရဲ့ အဆုံးသတ်ပိုင်း ကိုတော့ အားရကျေ နပ်ခြင်း မရှိသေးဘူး။ ဒီပွဲမှာ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဂိုးသွင်း ခါနီးကျရင် ကစား သမားတွေက တုံ့နှေး နေကြတယ်။ ဒါကိုလည်း အသင်းလေ့ ကျင့်ရေးမှာ သင်ကြားလေ့ကျင့် ထားပေမယ့် ခုထက်ထိ မပြင်နိုင်ကြသေး ပါဘူး။မလေးရှားနဲ့ပွဲမှာ ပြင်ဆင်နိုင် လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ဂတ်က ဆိုခဲ့သည်။

မြန်မာ အသင်းသည် အုပ်စုနောက် ဆုံးပွဲစဉ်တွင် မလေးရှား အသင်းကို သရေကစားရုံဖြင့် အုပ်စုတက် မည်ဖြစ်သော်လည်း အနိုင်ကစား သွားမည်ဟု ဆိုသွားခဲ့သည်။

comments

error: Content is protected !!