အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်ဟု ရီးဒယ်လ် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
indonesia-fa

အင်ဒိုနီးရှား အသင်းသည် အပိုင် အခွင့် အရေး များစွာ ရှိသော်လည်း တိုက်စစ် ပိုင်း အဆုံးသတ် အားနည်းမှုကြောင့် အနိုင်ရရှိမည့် အခွင့်အရေး ဆုံး ရှုံးခဲ့သည်ဟု  ရီးဒယ်လ်က  ပြောကြားခဲ့သည်။

” ကျွန်တော်တို့ အသင်း ဒီနေ့ အတက်အကျ အရမ်း မြန်နေပါတယ်။ အခွင့်အရေးတွေ အများကြီး ရပေမယ့် အသုံး မချနိုင်ခဲ့ဘူး။ ဒီနေ့ ပွဲမှာ ကျွန်တော်တို့အသင်း ကဲမကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ ဘောလုံး လောက မှာ ဖြစ်တက်တဲ့ ကိစ္စတွေပါ။ကျွန်တော်တို့ တိုက်စစ် အားသန်တဲ့ ကစားကွက်နဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ လုပ်ဆောင်ခဲ့တာ ပါ ဒါပေမယ့် တစ်ချို့ အချိန်တွေမှာ အလုပ်မဖြစ်ခဲ့တာတွေ အများ ရှိခဲ့တယ်” ဟု အင်ဒိုနီးရှား နည်းပြ အက်လ်ဖက် ရီဒယ်လ် က ဆိုသည်။

ထို့နောက် ဖိလစ်ပိုင်နည်းပြ ဒွန်လေက ” ဒီပွဲမှာ ထိုင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲအတွက် အကောင်းဆုံး လေ့ကျင့်မှု လို ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက်ပွဲမှာ ထိုင်း အသင်းနဲ့ ယှဉ်ပြိုင်ဖို့ တစ်ခုခု လုပ်မှ ရပါလိမ့်မယ်။ ကျွန်တော်တို့ ထိုင်းအသင်းကို ယှဉ်ပြိုင်ဖို့ အဆင်သင့် အနေအထား ရှိနေပါပြီ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!