သရေကျပြီး အခြေအနေ မကောင်းတော့တဲ့ အိမ်ရှင် ဖိလစ်ပိုင်
|
အိမ်ရှင် ဖိလစ်ပိုင် အသင်းဟာ အင်ဒိုနီးရှား အသင်းကို ၂ ဂိုးစီ သရေ ကျပြီးနောက် အကြိုဗိုလ်လုပွဲ တက်ရောက်ရန် မျှော်လင့်ချက် အလွန်ပင်နည်းပါး သွားခဲ့ပြီ ဖြစ်သည်။
ပွဲချိန် ၇ မိနစ်မှာပဲ အင်ဒိုနီးရှား အသင်းဟာ အိမ်ရှင် ဖိလစ်ပိုင်အသင်း ကို အာယန်တို ရဲ့ သွင်း ဂိုးနဲ့ ဦးဆောင် ကစားခဲ့ပြီး ဖိလစ်ပိုင် အသင်း ကို ဖိအားတွေ ပေးခဲ့ပါတယ်။ ဖိလစ်ပိုင် အသင်းဟာ ခြေပဂိုး ပြန်လည် ရရှိဖို့ အတွက် အသည်းအသန် ကြိုးစားကစားခဲ့ပြီး ဒုတိယပိုင်း ၃၁ မိနစ်မှာ ဘဟာဒိုရမ်ရဲ့ အိမ်ရှင်အသင်း ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။
အင်ဒိုနီးရှား အသင်းဟာ ချေပဂိုး ပေးလိုက်ရပြီး နောက် အသည်းအသန် တိုက်စစ် ပြန်လည် ဆင်ကစားခဲ့ပြီး ဖိလစ်ပိုင် အသင်းကလည်း အကောင်း ဆုံး တန်ပြန် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၈ မိနစ်မှာတော့ အင်ဒိုနီးရှား အသင်းဟာ ဦးဆောင်ဂိုး ပြန်လည် ရယူခဲ့ပါတယ်။ ဒီဂိုးကိုတော့ အင်ဒိုနီးရှား အသင်းရဲ့ နာမည်ကြီး တိုက်စစ်မှူး ပါပူဝါးလူမျိုး ဆိုလော့ဆာ က သွင်း ယူသွားခဲ့တာ ပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အသင်းဟာ ချေပဂိုး ပြန်လည် မပေးရရေး တိုက်စစ်မှ ခံစစ် အနေအထား ပြောင်းလဲ ကစားခဲ့ပြီး။ ၃ မှတ် အပြည့် ရရှိရေး လက်ကျန် မိနစ်တွေမှာ အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့ပါတယ်။
၈၃ မိနစ်မှာတော့ ဖိလစ်ပိုင် အသင်းရဲ့ နာမည်ကြီး ကစားသမား ဖိလစ် ယွန်ဟက်ဘန့်က အဖိုးတန်း ချေပဂိုး သွင်းယူပေးခဲ့ပြီး တစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် အိမ်ရှင် ဖိလစ်ပိုင်း အသင်း က နှစ်မှတ် ရရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းနဲ့ စင်ကာပူ အသင်းတို့က တစ်မှတ် စီနဲ့ အမှတ်ပေးဇယား အောက်ချေမှာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
Next : အခွင့်အရေးတွေ အများကြီး ဆုံးရှုံးခဲ့တယ်ဟု ရီးဒယ်လ် ပြောကြား