မလေးရှားကို အနိုင်ရပြီး ဗီယက်နမ်အသင်း အကြိုဗိုလ်လုပွဲ တက်ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
701a1452
ဆူဇူကီးအုပ်စု(ခ) ဒုတိယမြောက် ပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ အစောပိုင်း ပွဲစဉ်ဖြစ်သည့် မလေးရှားနှင့် ဗီယက်နမ် အသင်းတို့ပွဲတွင် တစ်လုံး တည်းသော အနိုင်ဂိုးဖြင့် ဗီယက်နမ် အသင်း အနိုင်ရရှိသွားခဲ့ပြီး နှစ်ပွဲကစား ရမှတ် ၆မှတ်ဖြင့် ဆီမီးဖိုင်နယ် အဆင့် သို့တက်ရောက် သွားခဲ့ပြီး ဖြစ်သည်။
ဗီယက်နမ် အသင်းတွင် အသင်းခေါင်းဆောင် လီကောင်ဗင် အပါအ၀င် အဓိက ကစားသမား အစုံအလက်ဖြင့် ပွဲထွက်သွားခဲ့ပြီး မလေးရှား ကို ရင်ဆိုင် သွားခဲ့သည်။ မလေးရှား အသင်းတွင် အဓိက တိုက်စစ်မှူးတချိှု့ ပွဲထွက် လာခဲ့ခြင်းမရှိဘဲ ဗီယက်နမ်ကို ယှဉ်ပြိုင် သွားခဲ့ရာ ပွဲစဉ် အစပိုင်းတွင် ရုန်းကန် ခဲ့ရသည်။ သို့သော်လည်း မကြာမီ ကစားကွက် ပြန်လည် တည်ငြိမ်လာခဲ့ပြီး ဗီယက်နမ် ဘက်သို့ တိုက်စစ်ဆင် ကစား လာခဲ့သော် လည်း ဘောလုံးမှာ ကွင်းလယ်တွင် သာအပျက် များနေခဲ့သည်။ နှစ်သင်း စလုံးမှာ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်နိုင် ခဲ့ခြင်းမရှိဘဲ ပထမပိုင်းပြီး ဆုံးသွားခဲ့သည်။
ဒုတိယပိုင်း ၆၆ မိနစ်တွင် မလေးရှား အသင်း တန်ပြန် တိုက်စစ်မှ တဆင့် အပိုင်ဂိုး သွင်းခွင့် ရခဲ့သော်လည်း ဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သည်။
ပွဲချိန် ၇၄ မိနစ်တွင် ဗီယက်နမ် အသင်း ကွင်းလယ် မှ တဆင့်မတင်ပေး လိုက်သည့်ဘောလုံးကို တွဲလုံးများနှင့် ထိုးဖောက် လာခဲ့ပြီး ဂိုးသမား ကိုကျော် ကာသွင်း ယူခဲ့သော်လည်း ဂိုးဘားကျော် သွားခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ဗီယက်နမ် အသင်းမှပင် ထိုးဖောက် တိုက်စစ် ဆင်လာခဲ့ကာ မလေး ရှားအသင်း နောက်တန်း အသည်း အသန် ဖျက်ထုတ်ခဲ့ရသည်။ ပွဲချိန်ကြာ လာသည်နှင်အမျှ ဗီယက်နမ် အသင်း၏  တရစပ် ထိုးဖောက် တိုက်စစ် ဆင်မှု ကို မလေးရှား အသင်းရေရှည် တောင့်မ ခံနိုင်တော့ဘဲ မိနစ်၈၀တွင် ဦးဆောင် ဂိုးပေးခဲ့ရသည်။ ယင်းဂိုးကို ဗီယက်နမ် ကွင်းလယ် ကစားသမား ငုယင် သောင်ဟောင်က သွင်းယူပေးခဲ့သည်။ ဦးဆောင် ဂိုးပေးလိုက် ရ၍ မလေးရှား အသင်း ကစားပုံပျက် သွားခဲ့ပြီး ဗီယက်နမ် အသင်းမှပင် ဆက်လက် ဖိအားပေး တိုက်စစ် ဆင်နိုင်ခဲ့ကာ အပိုင်ဂိုးသွင်း ခွင့်များ  ရရှိခဲ့သော်လည်း ဂိုးသမားနှင့်နောက် တန်းလူများ အသည်း အသန်ဖျက် ထုတ်နိုင်ခဲ့၍ သက်သာခဲ့ သည်။
 သာမန်ပွဲ ကစားချိန်ပြည့်၍ နာကျင် အချိန်ပို ၅ မိနစ် သတ်မှတ်ပေး ခဲ့ပြီးနောက် မလေးရှား အသင်းက ချေပဂိုး ရရှိရန် အသည်းအသန် တိုက်စစ်ဆင်ခဲ့ သော်လည်း ဗီယက် နမ်နောက်တန်းမှ ပွဲပြီးသည့် အထိကောင်းစွာ ထိန်းချုပ် သွားနိုင်ခဲ့သည်။

comments

error: Content is protected !!