ကမ္ဘော ဒီးယားကို ဂိုးပြတ် အနိုင်ယူပြီး အကြိုဗိုလ်လုပွဲ မျှော်လင့်ချက် အသက်သွင်းခဲ့သည့် မြန်မာ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
701a9840
ဆူဇူကီး အုပ်စု(ခ)တွင် ရမှတ် မရရှိသေးသည့် မြန်မာ အသင်းသည် ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် ဗီယက်နမ်နှင့် ပွဲ ဒုတိယပိုင်း လူစာရင်းမှ သန် ပိုင် နေ ရာ တွင် ကောင်းဆက်နိုင် ကို ထည့်သွင်း အသုံး ပြုသွားခဲ့သည်။
ပွဲစသည်နှင့် မြန်မာ အသင်းသည် လျင်လျင်မြန်မြန်နှင့် ကမ္ဘောဒီးယား အသင်းဘက်သို့ ထိုးဖောက် တိုက်စစ်ဆင် လာခဲ့ပြီး ဂိုးသွင်းခွင့် များလည်းရရှိ ခဲ့ သည်။ ကမ္ဘောဒီးယား အသင်းသည် အဖွင့်ပွဲစဉ်တွင် အသုံးပြုခဲ့သည် တန်ပြန် တိုက်စစ် ကစားပုံကို အသုံးပြု သွားခဲ့ပြီး ပွဲဂိုးချိန် ၁၅ မိနစ်တွင် ဦးဆောင်ဂိုး ရရှိသွားခဲ့သည်။ ယင်းဂိုးကို ကမ္ဘောဒီးယား ကွင်းလယ်လူ ဆူဟာနာက မြန်မာနောက် တန်း လူကပ်ပုံ အားနည်းမှု ကတဆင့် သွင်းယူပေး ခဲ့သည်။
တစ်မိနစ် အကြာမှာပင် မြန်မာ အသင်းမှလည်း တန်ပြန် တိုက်စစ်မှ တဆင့် တိုက်စစ်မှူး အောင်သူ ဂိုးသမားနှင့် တစ်ဦးချင်း ရင်ဆိုင်အတွေ့ တွင် သွင်းယူ ခဲ့သော်လည်း ဂိုးသမား ကာကွယ် သွားနိုင်ခဲ့သည်။ မြန်မာ အသင်းမှာ တရစပ် တိုက်စစ် ဆင်လာခဲ့ကာ ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ကမ္ဘောဒီးယား ဂိုးသမား ကာကွယ်နိုင် ခဲ့သည်။ သို့သော် လည်းမြန်မာ အသင်းတိုက်စစ်ကို ရေရှည်မခု ခံနိုင်ဘဲ ချေပဂိုးပေး ခဲ့ရသည်။ ယင်းဂိုးကို ပြစ် ဒဏ်ဘောမှ တဆင့် နောက် ခံလူ ဇော်မင်းထွန်းက ခေါင်းတိုက် သွင်းယူခဲ့သည်။ ဆက်တိုက် ဆိုသလို မြန်မာ အသင်း တိုက်စစ် ဆင်လာရာ ထောင့် ကန်ဘောမှ တဆင့် ဒုတိယဂိုးကို မိနစ်၄၀တွင် ဇော်မင်းထွန်း ကပင် ခေါင်းတိုက်ကာ အဆုံး သတ်ပေးနိုင် ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာ အသင်း၏ တိုက်စစ် ကစားပုံမှာ ပိုမိုအသက် ၀င်လာခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူကာ ကမ္ဘောဒီးယား ဘက်သို့ ဆက်လက် ထိုးဖောက် လာခဲ့ကာ ၅၆ မိနစ်တွင် အောင်သူက တတိယမြောက် ဂိုးကို အနီးကပ်သွင်း ယူပေးခဲ့သည်။ တတိယဂိုး သွင်းခဲ့ပြီးနောက် မြန်မာ အသင်း တိုက်စစ်မှာ အနည်းငယ် အားပျော့ သွားခဲ့ပြီး ကမ္ဘောဒီးယား အသင်းမှ တဖန်ပြန်လည် တိုက်စစ်ဆင် လာခဲ့သည်
သို့သော်လည်း မြန်မာ အသင်းနောက် တန်းမှ တည်တည်ငြိမ်ငြိမ် ပင်ရှင်းထုတ်နိုင် ခဲ့သည်။ ထိုနောက်တွင် မြန်မာ အသင်းမှ လူစား လဲမှုများ ပြုလုပ် သွားခဲ့ပြီး ပွဲကို ထိန်းချုပ် ကစားသွားနိုင် ခဲ့ကာ ဆီမီးမျှော် လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင် ခဲ့သည်။

 

comments

error: Content is protected !!