အကြိုဗိုလ်လုပွဲ တက်ရောက်သော်လည်း အိမ်ရှင်ကို အနိုင်ကန်မည်ဟု ကိုင်တီဆက် ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
15151248_10154084676857361_464749127_n

ထိုင်း အသင်းသည် စင်ကာပူ အသင်းကို အနိုင်ရရှိခဲ့ပြီး အကြိုဗိုလ်လုပွဲ တက်ရောက်သွားပြီ ဖြစ်သော်လည်း အိမ်ရှင် ဖိလစ်ပိုင် အသင်းနှင့် တွေ့ဆုံမည့် နောက်ဆုံး ပွဲစဉ်ကိုလည်း အနိုင် ကစားပြီး ၃မှတ် အပြည့် ရယူသွားမည်ဟု ကြိမ်းဝါးသွားခဲ့သည်။

ထိုင်းအသင်းသည် စင်ကာပူ အသင်းကို ဆာရာဝပ်၏ နောက်ကျသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု (က) တွင် ရမှတ် ၆ မှတ်ဖြင့် ဦးဆောင်လျက်ရှိသည်။

“ဒီပွဲဟာ ကျွန်တော်တို့ အတွက် ခက်ခဲမယ်ဆိုတာ ပွဲမစခင်ကတည်းက သိခဲ့ပါတယ်။ စင်ကာပူဟာ ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ ဂျပန်လို အသင်းမျိုး ဆီကနေတောင် တစ်မှတ်ရအောင် ယူနိုင်ခဲ့တဲ့ အသင်းပါ။ ဒီပွဲမှာ ကျွန်တော်တို့ အသင်း စင်ကာပူဆီကနေ ၃မှတ် အပြည့်ရနိုင်မယ် နည်းလမ်းကို ကျွန်တော် သိခဲ့တယ်။ အဲ့နောက် ကျွန်တော် နည်းဗျူဟာ အပြောင်းအလဲ လုပ်ခဲ့ပြီး နောက်တန်း ၄ ယောက် နေရာမှ ၃ ယောက် ပဲ ထားပြီး ကစားစေခဲ့တယ်။ ဒီအပြောင်းအလဲက ကျွန်တော်တို့ အသင်းကို အနိုင်ရစေပါတယ်။ ဒီလို အနိုင်ရလဒ် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကျွန်တော့် ကစားသမားတွေကို ဂုဏ်ယူမိပါတယ်” ဟု ကိုင်တီဆတ် က ပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး ကိုင်တီဆက်က ” ကျွန်တော်တို့ နောက်တဆင့်ကို တက်သွားပေးမယ်လည်း အိမ်ရှင် ဖိလစ်ပိုင်နဲ့ပွဲ ကို ရာနှုန်းပြည့် အားထုတ်ပြီး အနိုင်ရအောင် ကစားသွားမှာပါ။ အာဆီယံ ဒေသတွင်း အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ အရမ်း ကိုခက်ခဲ့ပါတယ်။ လာမယ့် ပွဲ အတွက်လည်း အနိုင်ရဖို့ အတွက်သာ ပြင်ဆင် ကစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

ထိုင်းအသင်းသည် စင်ကာပူ အသင်းကို အနိုင်ရရှိခဲ့သောကြောင့် အုပ်စု(က) ပထမ ဖြင့် နောက်တစ်ဆင့် ကို တက်ရောက်သွားပြီဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အသင်းတို့မှာ အုပ်စု ကျွတ်ရန် နောက်ဆုံး ပွဲအထိ ရုန်းကန်ရဦးမည် ဖြစ်သည်။

comments

error: Content is protected !!