တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဟံသာဝတီအသင်း ကွတ်ခိုင်တွင် ပိတ်မိခဲ့
|
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) နယ်စပ်ကုန်သွယ်ရေးဇုန်သို့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များ၏ ၀င်ရောက် ပစ်ခတ် တိုက် ခိုက်မှုများကြောင့် ယူနန်-အာဆီယံ ဖိတ်ခေါ်ပွဲသို့ ယှဉ်ပြိုင်ရန် ကုန်းလမ်း ခရီးဖြင့် ထွက်ခွာသွားခဲ့သော ဟံသာဝတီ ယူနိုက်တက်အသင်းသည် ကွတ်ခိုင်မြို့အ၀င်၌ ပိတ်မိခဲ့ပြီး ခရီးကြန့်ကြာ ခဲ့ရကြောင်း သိရှိရသည်။
ယူနန်-အာဆီယံ ဖိတ်ခေါ်ပွဲသို့ ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေက ရန်ကုန်မြို့မှ တ ဆင့် ထွက်ခွာ သွားခဲ့သော ဟံသာဝတီ ယူနိုက်တက် အသင်းသည် ကွတ်ခိုင်မြို့သို့ အရောက် တွင် ပိတ်မိခဲ့ပြီး လမ်းပေါ်မှာ တစ်ညအိပ်ခဲ့ရကာ ဒေသခံများ၏ လမ်းပြကူညီမှုကြောင့် အန္တရယ်ကင်းစွာဖြင့် တရုတ်နိုင်ငံသို့ ရောက်ရှိသွားခဲ့ပြီးဟု အသင်းမီဒီယာ တာဝန်ခံ ကို မင်းမင်းထွန်းက ပြောကြားသွားခဲ့သည်။
” အသင်းက ကွန်ခိုင်မြို့ အ၀င် ကွတ်ခိုင်-မူဆယ် သွား လမ်းပေါ်မှာ ပိတ်မိ သွားတာပါ။ တိုက်ပွဲတွေ ဖြစ်နေ တာကြောင့် ရှေ့တိုးလည်း မရ ၊ နောက်ဆုတ် လည်းမရ နဲ့မို့ လမ်းခရီးမှာပဲ တစ်ည အိပ်လိုက်ရတယ်။ ဟိုတယ်တွေနဲ့ စားသောက် ဆိုင်တွေလည်း ပိတ်ထားတာမို့လို့ စားသောက်ရေး ကတော့ ကိုယ့်မှာ ပါသွား တာတွေနဲ့ မျှဝေ စားသောက်ခဲ့ ရပါ တယ်။ဒေသ ခံတွေရဲ့ လမ်းပြကူညီမှုကြောင့် အန္တရာယ် ကင်းကင်းနဲ့ နိုဝင်ဘာ၂၁ ရက်နေ့ ကပဲ တရုတ်နိုင်ငံကို ရောက် သွားပါပြီ။ ၂၂ ရက်နေ့မှာ မန်နေဂျာ အစည်း အဝေးထိုင်တယ်” ဟု ကိုမင်းမင်းထွန်းက ပြောကြား သွားသည်။
ဟံသာဝတီ အသင်းသည် ၂၀၁၃ခုနှစ်မှစ၍ အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တတိယ ရရှိခဲ့သည်။ ၂၀၁၄ခုနှစ်တွင်မှု ၀င်ရောက် ယှဉ်ပြိုင် ခဲ့ခြင်းမရှိပဲ ၂၀၁၅ ခုနှစ်တွင် ကွာတားအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နိုဝင်ဘာ ၂၃ရက်တွင် ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဟံသာဝတီ အသင်းသည် ထိုင်း ဒုတိယတန်း ကလပ် Air Force Central Fc နှင့် ရင်ဆိုင်ရ မည်ဖြစ်သည်။
Next : ဆာရာဝပ်ရဲ့ နောက်ကျ သွင်းဂိုးနဲ့ ထိုင်းအသင်း နောက်တဆင့် တက်ရောက်