ဆာရာဝပ်ရဲ့ နောက်ကျ သွင်းဂိုးနဲ့ ထိုင်းအသင်း နောက်တဆင့် တက်ရောက်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
15102299_10154084457507361_1206647011_o

လက်ရှိချန်ပီယံ ထိုင်းအသင်းဟာ စင်ကာပူ အသင်းကို ဆာရာဝပ်ရဲ့ နောက်ကျ သွင်းဂိုးဖြင့် အနိုင်ရရှိသွားပြီး နောက်တဆင့် တက်ရောက်ရန် သေချာသွားခဲ့ပါပြီ။

ထိုင်း တိုက်ဆင်တွေဟာ ပွဲစစချင်းမှာပဲ လျှင်မြန်မှုနဲ့ တိုက်စစ်ဖွင့် ကစားခဲ့ပြီး စင်ကာပူအသင်းရဲ့ ကွင်းတစ်ဝက်ခန့်အထိ ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။

စင်ကာပူ နောက်ခံ ကစားသမား ဖရစ်ဇ် ဟာမစ် ဟာ ပွဲစပြီး ၁၄ မိနစ်မှာ အ၀ါကတ်ပြသခံခဲ့ရပြီး အဲ့ဒီပြစ်ဒဏ်ဘောကို ထိုင်းအသင်းက ကန်သွင်းရာမှာ စင်ကာပူနောက်ခံ ကစားသမားတွေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၂၅ မိနစ်မှာ ကိုင်ရို အမ်ရီ က ထိုင်း ကစားသမား နာဝီဆပ်ကို ဥပဒေ ပြင်ပ ကစားခဲ့တာကြောင့် စင်ကာပူ အသင်း အတွက် အ၀ါကတ် ပြသခံခဲ့ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ထိုင်း ကစားသမား ပွန်ချန်တက် ရဲ့ ကန်ချက်ကို စင်ကာပူ ဂိုးသမား ဆန်နီ ကာကွယ် နိုင်ခဲ့လို့ စင်ကာပူအသင်း အနည်းငယ် သက်သာခဲ့ပါတယ်။ ထိုင်းအသင်းဟာ ပထမပိုင်း တစ်ပိုင်းလုံး စင်ကာပူ အသင်းကို ဖိအားပေး တိုက်စစ်ဆင်နိုင်ခဲ့ပြီး စင်ကာပူအသင်းက တိုက်စစ် ဆင်ခွင့် သိပ်မရခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း ထိုင်းအသင်းဟာ ဂိုးရရှိရေး အတွက် ဖိအားပေး တိုက်စစ် ဆင်ခဲ့ပြီး စင်ကာပူ အသင်းက လည်း တန်ပြန် တိုက်စစ်တွေနဲ့ ပြန်လည် ကစားခဲ့ပါတယ်။ ဒါပေမယ့် စင်ကာပူ အသင်းရဲ့ ခံစစ် တောင့်တင်းမှုဟာ ၈၉ မိနစ်မှာတော့ အရည်ပျော်သွားခဲ့ပါတယ်။ ထိုင်း ကစားသမား ဘန်မာသန်ရဲ့ ဖြတ်တင်ပေးပို့မှုက တဆင့် ဆာရာဝပ်က ကန်သွင်းယူခဲ့သည်။

ထိုင်းအသင်းသည် စင်ကာပူ အသင်းကို အနိုင်ရရှိခဲ့သောကြောင့် အုပ်စု(က) ပထမ ဖြင့် နောက်တစ်ဆင့် ကို တက်ရောက်သွားပြီဖြစ်ပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် အသင်းတို့မှာ အုပ်စု ကျွတ်ရန် နောက်ဆုံး ပွဲအထိ ရုန်းကန်ရဦးမည် ဖြစ်သည်။

comments

error: Content is protected !!